Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 138.45K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 10

2022-12-14 14:04:16 ငွေလိမ်စားတဲ့ စာမျက်နှာ

အတိုချုပ်ရရင် ချက်ဘောက်စ်ကို ခေါ်မယ်။ နာမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်တွေ ထည့်ခိုင်းမယ်။ ပြီးရင် ကိုယ့်ဖုန်းထဲမှာ လုပ်နေတာတွေကို သူ့ဘက်က မြင်ရအောင် အက်ပလီကေးရှင်း တစ်ခု ထည့်ခိုင်းမယ်။

ပြီးရင် ကေပေး၊ ဝေ့ဖ်ပေးထဲက ရှိသမျှကုန်အောင် အကုန် လွှဲပြီး ယူပါလိမ့်မယ်။ အရှည်ကြီး မရှင်းပြတော့ပါ။ လူလိမ်စာမျက်နှာသာ ဖြစ်ကြောင်းပါ။ လူလိမ်များ၏ စာမျက်နှာ - https://www.facebook.com/b2bdataplan
20.2K views11:04
Open / Comment
2022-12-12 12:07:19 အင်တာဗျူး အပြည့်အစုံ ကြည့်ရန် -

1.2K views09:07
Open / Comment
2022-12-07 14:43:56
10.7K views11:43
Open / Comment
2022-12-07 07:32:18 စိတ်ခံစားမှုတွေ မြင့်နေချိန်မှာ
သတင်းမှားတွေ သတိထားကြပါ မိတ်ဆွေများ။

ပရိုဖိုင် အမှန် မတင်ထားတဲ့ အကောင့်တုတွေ၊ တော်လှန်ရေးနာမည် ဖြစ်သလိုပေးထားတဲ့ စာမျက်နှာတွေ၊ သတင်းရင်းမြစ် မပါတဲ့ ၂ ကြောင်း၊ ၃ ကြောင်းပဲ ရေးထားတဲ့ စတေးတပ်စ်တွေ၊ ငိုနေတဲ့ အီမိုဂျီတွေ၊ အရုပ်ကလေးတွေနဲ့ မျက်ရည်ချူတာတွေ၊ သတင်းဌာနမဟုတ်ဘဲ ဘယ်ကမှန်း မသိတဲ့ လူပုဂ္ဂိုလ်က တင်တာတွေ သတိထားကြပါ။

တချို့က ဒီလိုအချိန်မှာ Follower ရှာတယ်၊ သတင်းက မဟုတ်တော့ဘူးဆိုရင် ဖျက်သွားတယ်။ လူတွေကလည်း မေ့လွယ်တော့ ဖြစ်တုန်းခဏပဲ ဝိုင်းဆဲကြ၊ ပြီးတော့ အဲ့ဒီ သတင်းမှား တင်ခဲ့တဲ့အကောင့်က Follower များကုန်ပြီး နောက်တစ်ကြိမ် သတင်းမှား ထပ်ဖြန့်ရင် ထပ်ခံရတယ်။

စိတ်ခံစားမှု မြင့်နေချိန်မှာ
သတင်းမှားတွေ သတိထားကြပါ မိတ်ဆွေများ။
7.5K views04:32
Open / Comment
2022-12-06 16:02:43 'စနစ်တကျ ဖွဲ့စည်းထားတဲ့' ပီဒီအက်ဖ်တွေ၊ တချို့ တော်လှန်ရေးအဖွဲ့တွေက မီဒီယာနဲ့ ဘယ်လိုဆက်ဆံရမလဲ၊ ထုတ်ပြန်ချက်တွေ မီဒီယာဆီ ပေါက်ရောက်အောင် ဘယ်လိုလုပ်သင့်သလဲ၊ လူထုကြားပျံ့နှံ့အောင် ဘာတွေ ဆောင်ရန် ရှောင်ရန်တွေ ရှိမလဲ စသည်ဖြင့် 'လက်စွဲ' သဘောမျိုး ရေးပေးဖို့ အကူညီတောင်းပါတယ်။

ကျနော်တစ်ယောက်တည်း စဉ်းစားတာထက် မီဒီယာကို ကျွမ်းကျင်သူ၊ သတင်းထုတ်ပြန်ရေးကို ရေလည်သူတွေနဲ့အတူ 'ခေါင်းစား' လိုပါတယ်။ ပြီးရင် အဖွဲ့တိုင်းအတွက် သင့်လျော်မဲ့ 'သတင်းထုတ်ပြန်ရေး လက်စွဲ' လိုမျိုး ထုတ်သွားဖို့ စဉ်းစားမိပါတယ်။ ဒီအတွက် 'ဦးနှောက်မုန်တိုင်းဆင်ဖို့' မိတ်ဆွေအချို့ကို ဖိတ်ခေါ်ချင်ပါတယ်။

သတင်းမီဒီယာကို ကျွမ်းကျင်သူ၊ စစ်ပွဲနဲ့ပတ်သက်ပြီး တီးမိခေါက်မိရှိသူ၊ Facebook မှာ Content Creation လုပ်နေသူတွေနဲ့ မီဒီယာသဘောတရား နားလည်သူအချို့ကို ဖိတ်ခေါ်လိုပါတယ်။ လက်တွေ့ အသုံးချနိုင်တဲ့ လက်စွဲတစ်ခု ထွက်လာတဲ့အထိ အချိန်ပေးနိုင်ဖို့ လိုပါမယ်။

အချိန်အားဖြင့် အနည်းဆုံး ရက်သတ္တ နှစ်ပတ်ကျော် ကြာနိုင်ပါမယ်။ လာမဲ့ ဒီဇင်ဘာ ၁၂ မှာ စပါမယ်။ ကျနော့် Friend List ထဲမှာ ရှိနေတဲ့ လူတွေအနေနဲ့ ကျနော့် Facebook Messenger ကနေ ပြောနိုင်သလို ပြင်ပက ပါဝင်ချင်သူတွေအနေနဲ့ ကျနော့် Telegram - @mrattkthu ကို ဆက်သွယ်နိုင်ပါတယ်။

မျက်နှာမပြနိုင်တာ၊ အလုပ်အကိုင်မပြောနိုင်တာ၊ လျှို့ဝှက်ပြီး ပြောချင်တာတွေကိုတော့ လက်ခံမှာ မဟုတ်ပါ။ အတူတူ အလုပ်လုပ်သွားဖို့ အများဆုံး ၅ ဦးထိ စဉ်းစားထားပါတယ်။
11.2K views13:02
Open / Comment
2022-11-25 15:34:49 ဒေါ်သက်သက်ခိုင် အစည်းအဝေးမှာ
‘လုံးဝအုပ်ချုပ်ခွင့် မရစေရ’ ဆန္ဒပြကြတယ်။

တကယ်တော့ ဆန္ဒထုတ်ဖော်သူတွေကို နောက်ကွယ်က သတင်းအချက်အလက် ပံ့ပိုးခဲ့တာ The Fifth Column (tfc) ပဲ ဖြစ်ပါတယ်။ အတိအကျ ပြောရရင်တော့ tfc ကို လာရောက်ပေးပို့ခဲ့တဲ့ သတင်းတပ်သားတွေကြောင့်ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လှုပ်ရှားမှု မှန်သမျှ၊ အဆုံးစွန်ဆုံး Zoom အစည်းအဝေးကိုတောင်မှ tfc ကို ယုံယုံကြည်ကြည် သတင်းပေးပို့ခဲ့ကြတဲ့ သတင်းတပ်သားတွေကို အဖွဲ့သားတွေက ကျေးဇူးအထူးတင်ရှိကြောင်း သတင်းစကား ပါးပါတယ်။

စစ်တပ်လှုပ်ရှားမှု၊ ရွှေ့ပြောင်းမှုအပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်တာ ဘာမဆို သတင်းပေးပို့နိုင်ကြပါတယ်။

နဂိုကတည်းက စဉ်ဆက်မပြတ် သတင်းပေးပို့နေကြသူတွေ သိပြီးသား ဖြစ်ပေမယ့် ဘယ်ကို သတင်းပို့ရမလဲ မသိသေးသူတွေအတွက် Link - https://t.me/mmfifthcolumn
13.7K views12:34
Open / Comment
2022-11-11 04:30:41
FOEIM တည်ထောင်သူနှင့် FOEIM ၏ သင်ကြားရေးနှင့် ရုံးလုပ်ငန်းများကို လည်ပတ်နေသည့် ရုံးအဖွဲ့ကြား သဘောကွဲလွဲမှုများ ရှိနေသည်။ FOEIM တည်ထောင်သူ၏ ‘ငွေကြေးသုံးစွဲမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးပေးပါရန်’ ရုံးအဖွဲ့ဝင် ၄ ဦးက အမျိုးသားညီညွတ်ရေးအစိုးရထံ ယမန်နေ့ နိုဝင်ဘာ ၁၀ က တိုင်ကြားခဲ့သည်။

အပြည့်အစုံ ဖတ်ရန် - http://bit.ly/3UuL6Sk
15.9K views01:30
Open / Comment
2022-11-10 05:30:34 တာရာမင်းဝေ၊ နီကိုရဲနဲ့ အကြည်တော်

မိုးစက်တွေ တစ်ထွေကြီးထဲမှာ ကိုကြည်ရယ်၊ ကိုရဲဝင်းရယ်၊ ကိုကြည်ရဲ့ကားဒရိုင်ဘာရယ်၊ ကျွန်တော်ရယ်၊ ကိုရိုလာ ကားပြာလေးထဲမှာ အသံတိတ် ပူနွေးနေခဲ့ကြတယ်။ ကားကလေးက မြောက်ဒဂုံရဲ့ဟိုးဘက် ၄၅ ရပ်ကွက်ထဲမှာ လူးလူးလွန့်လွန့်...

အပြည့်အစုံဖတ်ရန် - https://bit.ly/3A0S2yF
22.3K views02:30
Open / Comment
2022-11-08 19:01:05 စစ်တွေ အငူမော်ဆိပ်ကမ်းက မောင်ထွန်းရွှေ

အငူမော်ဆိပ်ကမ်းကနေ မောင်တောထိ မွတ်ဆလင်ရွာအားလုံး စစ်တပ်က မီးရှို့ ဘူဒိုဇာနဲ့ထိုးပြီး လက်စဖျောက်လိုက်ပြီးပါပြီ။ ဒီနေရာတစ်ခုလုံးနီးပါးကို ပြန်လည်ဖွံ့ဖြိုးရေးဆိုပြီး လမ်းတွေချဲ့၊ ဆောက်လုပ်ရေးတွေ လုပ်နေတာကို အဓိက ကန်ထရိုက်ရခဲ့တာက အေးရှားဝေါ ကုမ္ပဏီ။ အငူမော်ထိပ်ကနေ တစ်မှတ်တိုင်ပျော့ပျော့လောက် လမ်းလျှောက်လိုက်ရင် အေးရှားဝေါဆိုင်းဘုတ်ကြီး ဟီးလို့။

အပြည့်အစုံ ဖတ်ရန် - https://bit.ly/3WOHzAa
6.8K views16:01
Open / Comment
2022-11-04 14:56:39
ရောက်ရှိနေတဲ့အထဲက အမျိုးအစားတစ်ခု EE-9 Cascavel
14.4K views11:56
Open / Comment