Get Mystery Box with random crypto!

Mratt's Channel

Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 139.27K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 4

2023-05-14 13:53:34 စစ်တွေ၊ မိုခါ မုန်တိုင်း
(ညနေ ၅ နာရီ ၁၅ မိနစ်)

MPT လိုင်းတွေ ပြတ်သွားပြီး အော်ရီဒူးတော့ ရသေးတယ်လို့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။ လေပြင်းပြင်းထန်ထန် တိုက်နေဆဲ ဖြစ်သလို မြို့ထဲကို ဒီရေ အလုံးလိုက် ဝင်လာနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန် မြို့ထဲက အိမ်တွေမှာ ၅ ပေကျော်လောက်ထိ ရေတက်နေပြီလို့ ဆိုပါတယ်။ ဒါဟာ မြို့ထဲဧရိယာဖြစ်ပြီး ကမ်းနားက အခြေအနေကတော့ ဒီထက် အများကြီး ပိုဆိုးနိုင်ပါတယ်။

“လေကတော့ အရေးမကြီးတော့ဘူး အဲလောက်ထိ။ ခုက ရေကိုကြောက်နေတာ” လို့ စစ်တွေမြို့ထဲမှာ ရှိနေဆဲ ဒေသခံက ပြောပြပါတယ်။
28.0K viewsedited  10:53
Open / Comment
2023-05-14 11:31:41 ညနေ ၃ နာရီ - မိုခါ မုန်တိုင်း

စစ်တွေက ကျနော့် သတင်းရင်းမြစ် နှစ်ဦးနဲ့တော့ အဆက်အသွယ်ပြတ်သွားပါပြီ။ မနက်ပိုင်းကတည်းက ဝိုင်ဖိုင်တွေ မရတော့ဘဲ ဖုန်းဒေတာနဲ့ ဆက်သွယ်နေတာဆိုတော့ ခု ဖုန်းဒေတာ လုံးလုံးပြတ်သွားတယ်ပဲ ယုံကြည်ရပါတယ်။

စစ်တွေ ဒေသတွင်း ဖေ့စ်ဘုတ် ဂရုတွေမှာတော့ ဘယ်အိမ်ကိုကယ်ပေးပါ၊ ဘယ်မှာတော့ လူပိတ်မိနေလို့ပါ စသည်ဖြင့် အကူညီတောင်းထားကြတာတွေ ဒုနဲ့ဒေးပါ။ နဂိုက အဆောက်အဦးကြီးတယ်လို့ ယူဆပြီး ရှောင်တိမ်းနေကြတဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်တချို့လည်း အန္တရယ်ရှိလာနေတယ်လို့ ဆိုပါတယ်။

ဒီ မုန်တိုင်းက ရခိုင်ပြီးရင် ချင်းနဲ့ စစ်ကိုင်းဆီ ရွေ့မှာဖြစ်ပါတယ်။ မိုးလေဝသပညာရှင်တွေရဲ့အဆိုအရ ကုန်းတွင်းပိုင်းကို ဝင်ရင် အားပျော့သွားမယ်လို့ ဆိုပါတယ်။ စစ်ကိုင်းရောက်ရင် အားပျော့သွားမယ်လို့ မျှော်လင့်ရပါတယ်။

တနေ့ကတော့ မြိုင် ဘက်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် မိုးထဲလေထဲ ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ မုန်တိုင်းလာရင်တော့ ဘယ်လိုနေကြမယ် မပြောတတ်ပါ။
31.2K viewsedited  08:31
Open / Comment
2023-05-14 10:39:21 စစ်တွေမြို့ဟာ မွတ်ဆလင်ဒုက္ခသည်အများဆုံး ရှိတဲ့နေရာ တွေထဲက တစ်ခုဖြစ်ပြီး သွားလာရေးကန့်သတ်ထားတာကြောင့် ဒီနေရာက မွတ်ဆလင်ဒုက္ခသည်တွေ မုန်တိုင်းကို ဘယ်လိုရှောင်နေကြသလဲတော့ မသိရပါ။ ဒါ့အပြင် ဒုက္ခသည်စခန်းဟာ အများစုဟာ ပင်လယ်အနီးမှာရှိကြပြီး တဲအိမ်သာသာ ဆောက်လုပ်ထားတာဖြစ်တာကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများနိုင်ပါသေးတယ်။
28.7K views07:39
Open / Comment
2023-05-14 10:26:45 မိုခါမုန်တိုင်း
(နေ့လယ် ၁ နာရီ ၅၀ မိနစ်)


စစ်တွေမြို့ထဲက တိုက်အိမ်မှာနေသူတစ်ဦးကတော့ တိုက်တခုလုံး 'တုန်ခါ' လာလို့အပေါ်ထပ်မှာ မနေနိုင်တော့ဘဲ မြေညီထပ်ကို ဆင်းနေရတယ်လို့ ဆိုပါတယ်။ အပြင်ကို ချောင်းကြည့်နိုင်ဖို့ ပြူတင်းပေါက်နားကိုတောင် မကပ်ရဲတော့ဘူးလို့ ဆိုပါတယ်။

"ကျနော့်တို့ တိုက် အတော်မာတယ်ပြောရမယ်။ ဒီလို တိုက်မျိုးတောင် တုန်ခါနေတာဆိုတော့ ပင်လယ်စပ်က အိမ်တွေဆိုရင် ခုချိန် ကျန်တော့မှာ မဟုတ်ဘူး" လို့ ပြောပြပါတယ်။

စစ်တွေမြို့တွင်းထဲမှာ အပင်ကြီးတွေ လဲပြိုနေတာလည်း တွေ့ရပြီး မီးတိုင်တွေ၊ ဆက်သွယ်ရေးကြိုးတွေ မကြာခင် ပြတ်တောက်နိုင်ပါတယ်။​

စစ်တွေထောင်

တချိန်တည်းမှာ ပြောင်းရွှေ့နိုင်သူတွေ တခြားနေရာကို ရွှေ့ပြောင်းသွားကြပေမဲ့ အကျဉ်းထောင်ထဲ ရှိကြသူတွေကတော့ မပြောင်းရွှေ့နိုင်ကြတဲ့အတွက် စိုးရိမ်နေကြတယ်လို့ အကျဉ်းထောင်ထဲနဲ့ ဖုန်းအဆက်အသွယ်ရသူတဦးက လှမ်းပြောပါတယ်။
28.5K views07:26
Open / Comment
2023-05-14 03:43:56 မုန်တိုင်း တိုက်ချိန်မှာ ဟိုးအရင်က ဖြစ်ခဲ့ပြီးသား မုန်တိုင်းတွေကို Recorded Live လို့ခေါ်တဲ့ အရင် အဟောင်းကို Live ပုံစံပြန်လွှင့်ပြီး လက်ရှိ ဖြစ်နေသယောင် သတင်းမှားတွေ ပျံ့နှံ့တာမျိုး ဖြစ်လေ့ရှိပါတယ်။

မုန်တိုင်းသတင်းတွေကို ဖတ်ရင် ဓာတ်ပုံ၊ ဗွီဒီယိုစတာတွေကို ရုတ်တရက် အလွယ်မယုံကြဘဲ ရက်စွဲ၊ တည်နေရာက အစ သေချာ စိစစ်ကြပြီး တင်တဲ့လူက ဘယ်သူလဲ၊ ကိုယ်တိုင်ရော သိသလား စသဖြင့် ဂရုစိုက်ဖတ်ရှုကြပါ စာဖတ်သူများ ခင်ဗျာ။
28.1K views00:43
Open / Comment
2023-05-14 03:20:07
မိုခါ မုန်တိုင်း (မနက် ၆ နာရီ ၄၅ မိနစ်ထိ)

မိုခါ မုန်တိုင်း ဖြတ်မဲ့ 'အလယ်' လို့ပြောနိုင်တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ ဒီနေ့မနက် ၆ နာရီကျော်က မြင်ကွင်းဖြစ်ပါတယ်။ ရုပ်သံထဲမှာ မိနစ်ပိုင်းလောက်ပဲ ခြားပြီး လေတိုက်နှုန်းပြောင်းသွားတာ သတိထားမိကြပါလိမ့်မယ်။ ခု စာရေးနေစဉ်မှာလည်း မိုးပြင်းထန်လာပြီး ရုပ်သံထဲကထက် အနည်းငယ် လေတိုက်နှုန်း မြင့်လာနေတယ်လို့ ရိုက်ကူးပေးပို့သူက ဆိုပါတယ်။

မုန်းတိုင်းဟာ လက်ရှိအချိန်မှာ ကုန်းတွင်းပိုင်းကို မဝင်သေးဘဲ နေ့လယ် ၁၂ နာရီခန့်မှာ ကုန်းတွင်းကို ဝင်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပြီး ဒေသခံတွေကတော့ ၁၀ နာရီကျော်လာရင် ပိုဆိုးလာနိုင်မယ်လို့ တွက်ဆနေကြပါတယ်။
28.0K views00:20
Open / Comment
2023-05-13 19:41:28
နောက်ဆုံးရတဲ့ အခြေအနေအရ လက်ရှိအချိန်မှာ အားအလွန့်အလွန်ကောင်းတဲ့ ESCS စူပါဆိုင်ကလုန်းမုန်တိုင်း MOCHA က စစ်တွေမြို့အနောက်တောင်ဘက် ၂၃၃ မိုင်ခန့် မှာ ရောက်နေပြီး ဒီနေ့နေ့လည် ၂ နာရီလောက်ကတည်းက CAT-4 စူပါဆိုင်ကလုန်းမုန်တိုင်းအဆင့် လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နဲ့ တိုက်နေတာပါ။
မုန်တိုင်းက အရှေ့မြောက်ဘက်ကို တစ်နာရီ ၁၃.၈ မိုင်နှုန်းနဲ့ အရင်ကရွှေ့လျားနှုန်းထက်ပိုပြီး လျှင်လျှင်မြန်မြန်ရွေ့နေပါတယ်။ ကမ်းခြေကိုဝင်ကာနီးအချိန်မှာ CAT-2 လေတိုက်နှုန်း တစ်နာရီ ၁၁၂ မိုင်နှုန်းနဲ့ စစ်တွေမြို့အနီးက ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ သိထားပါတယ်။
26.2K views16:41
Open / Comment
2023-05-13 17:48:32 မသိသေးသူများအတွက်ပါ။

မုန်တိုင်းသတင်း တွေကို ဦးဝင်းနိုင်က အချိန်နဲ့ တပြေးညီ တင်ပေးနေတာ တွေ့ပါတယ်။ Facebook မှာတော့ ပို့စ်တွေက အပေါ်အောက် လွဲပြီး ပေါ်တာ၊ အချိန်နဲ့အညီ မဖြစ်နိုင်တာတွေ ရှိပါတယ်။ ခု ဦးဝင်းနိုင်က တယ်လီဂရမ်ကနေ တင်ပေးနေတာ တွေ့ပါတယ်။ တယ်လီဂရမ်မှာက စာဖတ်သူတွေ ဖတ်ရတာ ပိုအဆင်ပြေပါလိမ့်မယ်။ ဦးဝင်းနိုင်ရဲ့ တယ်လီဂရမ် Link - https://t.me/mmweather
31.5K viewsedited  14:48
Open / Comment
2023-04-29 15:32:02 လေယာဉ်လမ်းကြောင်းတွေ ကျနော့်ဆီအများကြီး ပို့ကြပါတယ်။ တဆင့်ခံ ဖြစ်နေတော့ ကျနော်ကနေ နောက်တခုဆီ ထပ်ပို့ရတာပါ။ အချိန်ကွာတာကြောင့် တချို့ သတင်းပေးပို့မှုတွေကို အချိန်မီ အကြောင်းမပြန်နိုင်တာ အားနာရပါတယ်။ လေယာဉ်သတင်းတွေ အချိန်ပြည့် ပေးပို့နိုင်တဲ့ တယ်လီဂရမ် လင့်ကို ထည့်ပေးလိုက်ပါတယ်။ @tfcflight ကို တိုက်ရိုက် ပေးပို့နိုင်ပါတယ်ခင်ဗျာ။
19.2K views12:32
Open / Comment
2023-04-25 11:50:30
ရာသီဥတုဒဏ်၊ နေ့စဉ်စားဝတ်နေရေး အခက်အခဲကြား စစ်အာဏာရှင်၏ အုပ်ချုပ်မှုကို ဆန့်ကျင်လိုကြသည့် ပြည်သူများမှာ တောင်ပြေး မြောက်လိုက် ဆိုသလို ဦးတည်ရာပန်းတိုင် လမ်းလွဲမသွားစေရေး ကြိုးစားနေရပြန်သည်။

ထိုအချိန်မျိုးတွင် ဦးဆောင်မှု တောင့်တနေသည့် ပြည်သူလူထုက ဘယ်သူ့စကားသံ နားထောင်ရမှန်းမသိ ဖြစ်လာတော့သည်။

ဒီ​ကြောင်းအရာများနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဒုအတွင်းဝန် ကိုမိုက်ကယ်၊ လူငယ်သပိတ်ခေါင်းဆောင် ကိုနန်းလင်း၊ အမျိုးသမီး မဟာမိတ်အင်အားစုက မအေးမြင့်အောင်အောင်၊ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့က ဦးဆောင်သူ မခရစ္စတင်းတို့နှင့် မြတ်ကျော်သူက မေးမြန်းတင်ဆက်သွားမည်ဖြစ်သည်။

︎

LIVE ကြည့်ရှုနိုင်သည့် စာမျက်နှာများ -

Burma VJ
CJ Platform
Delta News Agency
D-Day News
D-Day Channel
General Strike Coordination Body - GSCB
Mizzima - News in Burmese
Myanmar Pressphoto Agency
Myanmar Labour News
Red News Agency
The Voice Of Spring
13.2K views08:50
Open / Comment