Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 142.28K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 6

2023-03-25 04:46:54 တရက်ကို ၂ မိနစ် အချိန်ပေးရုံနဲ့
သိန်း တထောင် လှူနိုင်ပြီ

⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯❍

အသုံးအနှုန်းက မသိရင် ဖုန်းအသစ် ကြော်ငြာသလိုလို၊ ကံစမ်းမဲပဲ နှိုက်ရတော့မလိုလို။ တကယ်တော့ အင်တာနက်ကို တစ်ရက်မှာ ၂ မိနစ်လောက် သုံးရုံနဲ့ တော်လှန်ရေးအတွက် ထောက်ပံ့ငွေ ထည့်နိုင်တဲ့ အကြောင်းပါ။

ဂျီးဒေါ်ကြီး တစ်ယောက်က မေးသလို “မောင် မရတ်ရဲ့၊ မောင်ရင့်ဟာတွေက ဟုတ်ကော ဟုတ်ရဲ့လား” ဆိုရင် တကယ်ပါ။ တရက်ကို အနည်းဆုံး ၂ မိနစ် အချိန်ပေးရုံနဲ့ စုပေါင်းအားနဲ့ သိန်း တထောင် လှူနိုင်မှာပါ။

မတ် ၂၅ ကနေ ၃၁ ရက်နေ့ထိ သတ်မှတ်ထားတဲ့ အက်ပလီကေးရှင်းကို တပတ်တိတိ နေ့တိုင်း အနည်းဆုံး ၂ မိနစ် ဝင်ပေးဖို့တော့ လိုပါတယ်။ တစ်ပတ်ထက်ပိုပြီး ဆက် သုံးပေးနေရင်တော့ အတိုင်းထက်အလွန်ပါပဲ။

ဘာလုပ်ရမှာလဲဆိုရင် ‘ဂိမ်း အက်ပလီကေးရှင်း’ တစ်ခုကို Download ရယူပြီး ဖွင့်ထားဖို့ပါ။ “ဟယ် တို့က အသက်ကြီးပြီ၊ အဲ့ဒီ ဂိမ်း ဆိုတာတွေ မသိပေါင်” လို့ ပြောလာမယ်ဆိုရင်လည်း မပူပါနဲ့။ မဆော့ဘဲ ဂိမ်းကိုဖွင့်ထားပြီး တက်လာတဲ့ကြော်ငြာတွေကို အနည်းဆုံး ၂ မိနစ် ကြည့်ပေးရင်ကို ရပါပြီ။

“အက်ပလီကေးရှင်းကို Download တာတော့ ဟုတ်ပါပြီ၊ ဆက် မလုပ်တတ်တော့ဘူး” ဆိုသူတွေအတွက်လည်း ပူစရာ မရှိပါ။ Download ရယူ၊ အက်ပလီကေးရှင်းကို ဖွင့်လိုက်ပြီး ဗမာစကားနဲ့ ရှင်းရှင်းလင်းလင်း ပြောပြထားတဲ့အတိုင်း လိုက်လုပ်ရုံပါပဲ။

နေ့စဉ် အက်ပလီကေးရှင်းထဲ ဝင်ပြီး ဂိမ်းဆော့ချင်သူက ဆော့၊ မဆော့တတ်ရင်၊ မဆော့ချင်ရင် ကြော်ငြာထိုင်ကြည့်၊ တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်ဖို့ မဟုတ်ပါ။ အနည်းဆုံး ၂ မိနစ်ပါပဲ။ ဒီကနေ ငွေဘယ်လောက် ရနေသလဲဆိုတာကိုလည်း သိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတာကိုလည်း တရက်ချင်း အသီးအပွင့် မြင်နေရမှာပါ။

ဒီကရတဲ့ ငွေတွေကိုတော့ - စစ်ရှောင်ဒေသက ကလေးတွေကို ကူနေတဲ့ - ‘Clean Yangon’, နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့ - ‘ထောင်ဝင်စာပို့ကြမယ်’ အဖွဲ့၊ CDM ဝန်ထမ်းတွေကို ထောက်ပံ့နေတဲ့ UTYCC အဖွဲ့တွေဆီကို ထောက်ပံ့မှာပဲ ဖြစ်ပါတယ်။

မတ် ၂၅ (ဒီနေ့) ကနေ ၃၁ ရက်နေ့ထိ လူတစ်ဦး တစ်ရက် ၂ မိနစ်ပဲ တစ်ပတ်တိတိ ဝင်ကြည့်ပေးရုံနဲ့ သိန်း တစ်ထောင် ထောက်ပို့လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ ဝင်ကြည့်ရမယ့် အက်ပလီကေးရှင်းကို အောက်က Link မှာ Download ရယူနိုင်ပါတယ်။

https://gzentertainment.org/download
8.0K viewsedited  01:46
Open / Comment
2023-03-13 03:14:28
ပင်လောင်း၊ နမ့်နိန်းကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု


KDF ရဲဘော် 'မူပွား' က သူ့ရဲ့ Facebook ပေါ်မှာ မနေ့က တင်ထားတဲ့ မူရင်း ရုပ်သံဖိုင်ဖြစ်ပါတယ်။ Facebook ပေါ် ပြန်ကူးတင်ရင် ကြည့်ရှုသူတွေအတွက် အဆင်မပြေနိုင်ပါ။ ဒါ့အပြင် အကောင့်ကျတာ၊ စာတွေ ရေးမရတာ တင်မရတာတွေ ဖြစ်တတ်ပါတယ်။
9.9K views00:14
Open / Comment
2023-02-25 18:27:11 တိုက်ဆိုင် စစ်ဆေးပေးခြင်း ပြုလုပ်မည့် အချိန်ဇယား

- ပထမအကြိမ်
ယနေ့ည ၈ နာရီအထိ ပေးပို့ထားသူများ

- ပထမအသုတ်
စစ်ဆေးပေးမည့် ကာလ - ၂၆ မှ ၂၈ ထိ

- ဒုတိယအကြိမ်
ပြန်လည်စတင်မည့်ရက်
၁၊ ဗုဒ္ဓဟူး၊ နံနက် ၉ နာရီ

tfc အဖွဲ့သားများသည် ထောင်နှင့်ချီသော စာများကို ပြန်ဆိုနေရသောကြောင့် ပြည်သူများမှလည်း ပူးပေါင်း ဆောင်ရွက်ပေးရန်လိုကြောင်း မေတ္တာရပ်ခံပါသည်။ သတင်းလုံခြုံရေးနှင့် ပတ်သက်၍ TFC အဖွဲ့သားများက အထူးဂရုပြုကြောင်းနှင့် စိတ်ချရကြောင်းလည်း ထပ်မံအသိပေးပါသည်။
6.7K viewsedited  15:27
Open / Comment
2023-02-25 18:26:07 "တွေ့ကြုံရသည့် အခက်အခဲများကို ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရန် တင်ပြခြင်း"

︎► မသက်ဆိုင်သူများက လာရောက်မေးမြန်းခြင်းကြောင့် အချိန်ယူရခြင်း (ဥပမာ- ကျောင်းသား CDM များ လာရောက်မေးမြန်းခြင်း၊ အခြား အရပ်သားများ က လာရောက်မေးမြန်းခြင်း၊ ကာယကံရှင် က လာရောက်မေးမြန်းခြင်းမဟုတ်ဘဲ မသက်ဆိုင်သူများက နာမည်အများအပြားကို လာရောက်မေးမြန်းခြင်း

︎► လာရောက်မေးမြန်းသူများ၏ အချက်အလက် မပြည့်စုံမှုကြောင့် အချိန်ကြန့်ကြာရခြင်း (ဥပမာ - ကာယကံရှင် အမည်များ၏ စာလုံးပေါင်းများ မမှန်ခြင်း၊ အမည်အပြည့်အစုံမပေးခြင်း၊ အဖအမည်များမှာ စာရင်းထဲရှိ အမည်နှင့် ကွဲလွဲနေခြင်း

︎► ဝန်ကြီးဌာနနာမည်များ အပြည့်အစုံ မပြောနိုင်ခြင်း၊ ဌာနအတိုကောက်နာမည်များသာ လာပြောခြင်း၊ ကာယကံရှင် တာဝန်ထမ်းဆောင်စဉ်က ဝန်ကြီးဌာနနှင့် စစ်ကောင်စီပြောင်းလဲလိုက်သည့် ဝန်ကြီးဌာန အမည် မတူတော့ခြင်း
7.0K views15:26
Open / Comment
2023-02-25 18:25:49 The Fifth Column (tfc) ဆီကို လာမေးကြတာ လူက ၄၀၀၀ ကျော်ရှိပါတယ်။ အတော်များတဲ့ ပမာဏပါ။ ဒါကြောင့် ရက်ခြား၊ အသုတ်ခွဲပြီး စစ်ဆေးဖို့ ဆုံးဖြတ်ကြပြီး စစ်ဆေးလိုတဲ့ CDM တွေကို မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။ အောက်က စာကတော့ (tfc) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက် ဖြစ်ပါတယ်။ မူရင်း စာမျက်နှာမှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။

►►►►►►►►►►►►►

လေဆိပ် CDM စာရင်း တိုက်ဆိုင်စစ်ဆေးမှုနှင့် ပတ်သက်၍ အထူးမေတ္တာရပ်ခံချက်

ဦးဆုံးအနေနှင့် လေဆိပ်စာရင်းတွင် နာမည်ပါခြင်း မပါခြင်းက ချက်ချင်း လက်ငင်း 'အရေးကြီး' သည့် CDM များက ဦးစားပေး မေးမြန်းကြရန်နှင့် လတ်တလော အရေးတကြီး မလိုအပ်သေးသည့် CDM များအနေနှင့် ခေတ္တ စောင့်ဆိုင်းပေးကြရန် မေတ္တာရပ်ခံလိုပါသည်။

The Fifth Column က ရရှိထားသည့် CDM စာရင်းကို ယနေ့ လာရောက်တိုက်ဆိုင်စစ်ဆေးသူပေါင်း ၄၀၀၀ ဝန်းကျင်ရှိခဲ့သည်။ ယင်းအနက် ၁၀၀၀ ကျော်ကို အကြောင်းပြန်ခဲ့ပြီး ၂၀၀ ဝန်းကျင်ကို တိုက်ဆိုင်စစ်ဆေး ပေးနိုင်ခဲ့သည်။

နာရီပိုင်းအတွင်းမှာပင် လာရောက်မေးမြန်းသူ အလွန်များပြားခဲ့သည့်အတွက် The Fifth Column က ပုံမှန်လုပ်ဆောင်နေသည့် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းများ မေးမြန်းရယူ၊ ပေးပို့ခြင်းများ စသည့် ကိစ္စရပ်များနှင့် လုပ်ငန်းစဥ်များကို ခေတ္တ ရပ်ခဲ့ရသည်။

ထို့ကြောင့် လာရောက် 'ပေးပို့ထားပြီးသူ' အားလုံးကို အကြောင်းပြန်ပြီး တိုက်ဆိုင်စစ်ဆေးပေးမှုများပြုလုပ်နိုင်ရန် ၃ ရက် အချိန်ယူမည်ဖြစ်သည်။

အဆိုပါ ၃ ရက်တွင်း ယနေ့ ည ၈ နာရီအထိ ပေးပို့ထားသည့် အယောက် ၄၀၀၀ ကျော်အား တိုက်ဆိုင် စစ်ဆေးကာ အကြောင်းပြန်သွားမည်ဖြစ်သည်။ ယနေ့ည ၈ နာရီနောက်ပိုင်း ရောက်လာသူများအနေနှင့် ခေတ္တ စောင့်ဆိုင်းပေးကြစေလိုပါသည်။
6.7K viewsedited  15:25
Open / Comment
2023-02-25 09:03:06 မေးမြန်းရာတွင် [နာမည်၊ အဖ အမည်နှင့် လုပ်ကိုင်သည့်ဌာန] ကို တပါတည်း ထည့်သွင်း မေးမြန်းပေးရန် လိုအပ်သည်။

[နာမည်၊ အဖ အမည်နဲ့ ဌာန] ကို တိုက်ဆိုင်စိစစ်ပြီး စာရင်းထဲတွင် မေးမြန်းသည့် နာမည် ပါဝင်နေပါက The Fifth Column အဖွဲ့သားများက မေးမြန်းသူ၏ မွေးသက္ကရာဇ် ကို ပြန်လည်ပြသပြီး နာမည်ပါဝင်ကြောင်း အတည်ပြုပေးမည်ဖြစ်သည်။

Telegram မှ မေးမြန်းသူများ ကို အဓိက ဦးစားပေး ဖြေကြားပေးမည် ဖြစ်ပြီး Facebook Messenger မှ မေးမြန်းမှုအတွက် ပြန်ဖြေမည့်အချိန် ကြာမြင့်နိုင်သည်။ မေးမြန်းနိုင်သည့် Telegram Link - https://t.me/mmfifthcolumn
15.3K views06:03
Open / Comment
2023-02-25 09:02:59
လေဆိပ်သို့ ပို့ထားသည့် စီဒီအမ် နှစ်သိန်းကျော်နာမည်စာရင်း The Fifth Column ရရှိထား

နိုင်ငံခြားသို့ ထွက်မည့် စီဒီအမ်များကို ဖမ်းဆီးစစ်‌ဆေးရန် စစ်ကောင်စီက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လူ နှစ်သိန်းကျော်၏ နာမည်စာရင်းပို့ထားသည့် အချက်အလက်အလက်များကို စစ်ကောင်စီ အဆင့်မြင့်အရာရှိ ဖရဲသီး၏ ကူညီမှုဖြင့် The Fifth Column က ရရှိထားသည်။

ရရှိထားသည့်စာရင်းတွင် နာမည်၊ မှတ်ပုံတင်နံပါတ်၊ ရာထူး၊ တာဝန်ထမ်းဆောင်သည့် ဌာန၊ အဖ အမည်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများ အတိအကျ ပါဝင်သည်ကို တွေ့ရပြီး စုစုပေါင်း လူနာမည် နှစ်သိန်းကျော် ဖြစ်သည်။

စာရင်းတွင် စစ်မှုထမ်းနှင့် စစ်သားများ မပါဝင်သော်လည်း ရဲဝန်ထမ်းများမှ စ၍ ကျန် အစိုးရဝန်ထမ်း အားလုံးနီးပါး ပါဝင်သည်ကို တွေ့ရသည်။
ကိုယ့်နာမည် ပါ မပါကို The Fifth Column ၏ Telegram မှတစ်ဆင့် မေးမြန်းနိုင်မည်ဖြစ်သည်။
15.5K views06:02
Open / Comment
2023-02-24 17:38:06 နိုင်ငံခြားကို ထွက်ရင် ဖမ်းဆီးနိုင်ဖို့ စီဒီအမ် လူစာရင်းကို ဒီရက်ပိုင်းမှာ စစ်ကောင်စီက လေဆိပ်ကို ပို့ထားပါတယ်။ ဒီလူစာရင်း အပြည့်အစုံကို ရရှိထားပါတယ်။ ဘယ်လို စာရင်းမျိုးလဲဆိုတာနဲ့ နောက်ခံအကြောင်းအရာ အပြည့်အစုံကို မနက်ဖြန်မှာ The Fifth Column စာမျက်နှာကနေ တင်ပါ့မယ်။

ကိုယ့်နာမည် ပါဝင်သလား၊ မပါဝင်ဘူးလားဆိုတာကိုလည်း မေးမြန်းနိုင်မှာဖြစ်ပြီး The Fifth Column အဖွဲ့သားတွေက နာမည်ကို ရှာဖွေပြီး ပြန်လည်ဖြေကြားပေးမှာလည်း ဖြစ်ပါတယ်။ (သတင်းတင်ပေးမယ့် Link https://www.facebook.com/mmfifthcolumn)
22.4K views14:38
Open / Comment
2023-02-24 12:36:25 တော်လှန်ရေး အဖွဲ့အများစုရဲ့ Facebook စာမျက်နှာတွေက အကြိမ်ကြိမ် ဖျက်ခံရ၊ ပျံ့နှံ့မှု လျှော့ချခံရပြီး Search Box မှာ ရှာရင်တောင် မတွေ့တော့တဲ့ အခြေအနေ ရောက်နေကြတယ်။ ဆိုတော့ သတင်းထုတ်ပြန်ချက်လုပ်ရင်တောင် လူတွေက မတွေ့ကြတော့ဘူး။

ဒါမျိုးတွေကို လူလိမ်တွေက ပုံမှားရိုက်ပြီး ငွေလိမ်အလှူခံတာ၊ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက အခွင့်ကောင်းယူပြီး သတင်းမှားတွေ ဖြန့်တာမျိုးကို စိတ်ကြိုက်လုပ်ကြပါတယ်။ ဒါကြောင့် အစစ်အမှန်အဖွဲ့တွေနဲ့ ထောက်ပို့အဖွဲ့အမှန်အကန်တွေကို သိရှိနိုင်ဖို့ အရေးကြီးပါတယ်။

ဝက်လက်၊ မတ္တရာ တကြောက PDF အဖွဲ့တစ်ဖွဲ့နဲ့ အဲ့ဒီဒေသက PDF တွေကို ကူညီနေတဲ့ ထောက်ပို့ အဖွဲ့တဖွဲ့ရဲ့ Telegram ချန်နယ်တွေကို Subscribe လုပ်ထားနိုင်ပါတယ်။

ယုံကြည်ရတဲ့ ထောက်ပို့အဖွဲ့ - https://t.me/vivalarevountionTeam

Facebook စာမျက်နှာ ခဏခဏ ပျက်ကျ/ဖျက်ချခံရတဲ့ Black Wolf အဖွဲ့ - https://t.me/BLACKWOLF_PEOPLE_DEFENSE_FORCE
23.9K viewsedited  09:36
Open / Comment
2023-02-21 16:55:14 တော်လှန်ရေး စာမျက်နှာတွေ Reach ချခံရတာ၊ Engagement ချခံရတာ အခြေအနေ တော်တော်ကို ဆိုးရွားလာပါတယ်။ ကမ်ပိန်းအတွက် ထောက်ပို့အတွက် အကြီးအကျယ် ထိခိုက်ပါတယ်။ ပီဒီအက်ဖ် စာမျက်နှာအချို့ ကျနော့်ကို လာမေးကြလို့ Facebook ပေါ် ဆောင်ရန် ရှောင်ရန်အချို့ ပြောပြဖြစ်ပါတယ်။

ပြောပြဖြစ်တာတွေကို အချက်အလက်တွေ စုထားပြီး ကျနော် Note ထုတ်ထားပါတယ်။ တော်လှန်ရေး အဖွဲ့တွေရဲ့ စာမျက်နှာတွေ၊ ကမ်ပိန်း Fundraising လုပ်နေတဲ့ စာမျက်နှာတွေအနေနဲ့ အဲ့ဒီ Note လိုအပ်မယ်ဆိုရင် Telegram @mrattkthu ကနေတစ်ဆင့် Word ဖိုင် ပို့ပေးနိုင်ပါတယ်။
17.6K viewsedited  13:55
Open / Comment