Get Mystery Box with random crypto!

Mratt's Channel

Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 138.45K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 7

2023-02-21 16:55:14 တော်လှန်ရေး စာမျက်နှာတွေ Reach ချခံရတာ၊ Engagement ချခံရတာ အခြေအနေ တော်တော်ကို ဆိုးရွားလာပါတယ်။ ကမ်ပိန်းအတွက် ထောက်ပို့အတွက် အကြီးအကျယ် ထိခိုက်ပါတယ်။ ပီဒီအက်ဖ် စာမျက်နှာအချို့ ကျနော့်ကို လာမေးကြလို့ Facebook ပေါ် ဆောင်ရန် ရှောင်ရန်အချို့ ပြောပြဖြစ်ပါတယ်။

ပြောပြဖြစ်တာတွေကို အချက်အလက်တွေ စုထားပြီး ကျနော် Note ထုတ်ထားပါတယ်။ တော်လှန်ရေး အဖွဲ့တွေရဲ့ စာမျက်နှာတွေ၊ ကမ်ပိန်း Fundraising လုပ်နေတဲ့ စာမျက်နှာတွေအနေနဲ့ အဲ့ဒီ Note လိုအပ်မယ်ဆိုရင် Telegram @mrattkthu ကနေတစ်ဆင့် Word ဖိုင် ပို့ပေးနိုင်ပါတယ်။
17.6K viewsedited  13:55
Open / Comment
2023-02-18 09:16:13 မင်းအောင်လှိုင်သား အောင်ပြည့်စုံ၊ မြန်မာ့လေကြောင်းနဲ့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ကို မနေ့က ထွက်သွားတယ်လို့ မျက်မြင်တွေ့ရှိလိုက်သူက သတင်းလှမ်းပို့တယ်။ ဟိုတစ်ခေါက်က ဒေါ်ကြူကြူလှတို့ မိသားစု စင်္ကာပူသွားတုန်းကလည်း မျက်မြင်တွေ့ရှိလိုက်သူက လှမ်း သတင်းပေးခဲ့တာပါ။
.
ခု ဒေလီခရီးစဉ်ကို အောင်ပြည့်စုံနဲ့အတူ ဒေါက်တာ တိုးစည်သူဝင်း ဆိုသူလည်း ပါတယ်။ သူကတော့ မွေးရာပါ နှလုံးရောဂါ အထူးကုသမားတော်ကြီး။ သွားရတဲ့ အကြောင်းရင်းကိုတော့ မသိရပါ။
9.3K viewsedited  06:16
Open / Comment
2023-02-15 18:17:27 ကေအင်န်ယူ တပ်မဟာ (၄) ဘက်က ကိစ္စတွေနဲ့ ပတ်သက်လို့ အတော်မေးမြန်းကြပါတယ်။ လတ်တလောဖြစ်နေတာတွေနဲ့ ပတ်သက်လို့ သတင်းမှားတွေလည်း အများကြီး တက်နေတာ တွေ့ရတယ်။

တစွန်းတစ သိရတာတွေ၊ လူပုဂ္ဂိုလ်တွေက သွေးထိုးလှုံ့ဆော်တာတွေ သတိထားကြစေလိုပါတယ်။ ဒေသကို ကျွမ်းကျင်ပြီး မြေပြင်နဲ့လည်း ထိစပ်တဲ့ သတင်းဌာနတွေက ရေးသားတာတွေကို ဖတ်ရှုကြဖို့ စာဖတ်သူတွေကို တိုက်တွန်းလိုပါတယ်။

တပ်မဟာ (၄) ကိစ္စနဲ့ပတ်သက်လို့ အဲ့ဒီဒေသအခြေစိုက် သတင်းဌာနတစ်ခုက ထုတ်လုပ်ထားတဲ့ ရုပ်သံသတင်းတစ်ပုဒ် ရှိပါတယ်။

နားထောင်ကြည့်ရင် လတ်တလော ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ နောက်ခံအကြောင်းအရာနဲ့ ဖြစ်စဉ်တချို့ကို တီးခေါက်မိနိုင်ပါတယ်။ ဒီ Link မှာ ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/DaweiWatch/videos/1234854270785678/
8.3K views15:17
Open / Comment
2023-02-13 05:20:59 စစ်ကောင်စီ ဆိုက်ဝါးလား၊ ငွေလိမ်ဖို့အတွက်ပဲလား

သတင်းမှားနဲ့ ဆိုက်ဝါး ထည့်မယ့်အဖွဲ့တွေက Page တွေကို လူအများကြီးဆီ ပျံ့နှံ့အောင်လုပ်၊ Engagement များလာတော့မှ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်တာမျိုး လုပ်မှာပါ။ အဲ့ဒီလိုလုပ်နေတဲ့ စာမျက်နှာတွေ ရှိပါတယ်။ ဒါပေမယ့် ခုအုပ်စုတွေကတော့ ငွေလိမ်စားတဲ့ လူတွေလို့ပဲ ကောက်ချက်ချပါတယ်။

အပြည့်အစုံဖတ်ရန် - http://bit.ly/3YGCnyR
6.9K viewsedited  02:20
Open / Comment
2023-02-07 17:29:47 ဖြစ်တဲ့နေ့ကစပြီး ပုဂ္ဂလိက အကောင့်ပေါင်းစုံက ဟုမ္မလင်းမှာ ပစ်ချခံရတယ်ဆိုပြီး ရဟတ်ယာဉ်ပုံတွေ အများကြီး တင်ခဲ့ကြပါတယ်။ အားလုံး ပုံဟောင်းတွေသာ ဖြစ်ပါတယ်။ တချို့ပုံတွေက အတည်အတံ့ရေးသလိုလို၊ အပြောင်အပျက်ရေးသလိုလို လုပ်ပေမယ့် တစ်ပုံမှ အစစ်အမှန်ပုံ မတွေ့ရပါ။

အပြည့်အစုံဖတ်ရန် - http://bit.ly/3x3Varn
9.1K viewsedited  14:29
Open / Comment
2023-02-06 17:12:39 ကရင်နီမှာ ဒရုန်းနဲ့ ဝေဟင်ကနေ ကြဲချတဲ့ ရုပ်သံဖိုင်တချို့ မီဒီယာတွေမှာ ဖော်ပြတာ ကြည့်ဖူးကြမှာပါ။ ဒါတွေကို လုပ်တာက လွိုင်ကော် ပီဒီအက်ဖ်နဲ့ Falcon Wings တို့ ပေါင်းလုပ်ကြတာ။ ဝေဟင်က ကြဲချတာတွေမှာ မြင်ကွင်းနဲ့ ဖြစ်စဉ်ကိုလည်း သေချာ ရှင်းရှင်းလင်းလင်း ရိုက်ပြနိုင်တာ တွေ့ရတယ်။

ပြဿနာက ဒီလို ရိုက်ပြတဲ့ ဗီဒီယိုတွေ Facebook ပေါ်တင်ရင် သူတို့ စည်းမျဉ်းတွေနဲ့ ငြိပြီး အားလုံး ဖြုတ်ချခံရတယ်။ တင်ပြီး သိပ်မကြာဘူး၊ တစ်ရက်အတွင်း ဖြုတ်ခံရတာပဲ။ မတင်လို့ကလည်း မရ၊ ဒါတွေကို ပြနိုင်မှ သူတို့ အလုပ်လုပ်နေတယ်ဆိုတာကို ကူညီထောက်ပံ့သူတွေကို တနည်းအားဖြင့် သက်သေပြလို့ရမှာကိုး။

လွိုင်ကော် ပီဒီအက်ဖ်နဲ့ Falcon Wings တို့ရဲ့ ဝေဟင်ကလုပ်တဲ့ မစ်ရှင်တွေကိုကြည့်ချင််ရင် သူတို့ Telegram Channel ရှိပါတယ်။ [https://t.me/lkwpdf] ဒီမှာ Subscribe လုပ်ထားပြီး ကြည့်နိုင်ပါတယ်။

ကျနော်အကြံပြုလိုတာက တခြား PDF အဖွဲ့တွေလည်း ဒီနည်းကို သုံးပြီး Telegram ကနေ ကိုယ့် မစ်ရှင်တွေ၊ တိုက်ပွဲတွေ ဓာတ်ပုံ၊ ရုပ်သံထုတ်ပြန်တာတွေကို လုပ်သင့်တယ်ဆိုတာပါ။
14.5K viewsedited  14:12
Open / Comment
2023-02-04 19:35:32 အစောပိုင်းကာလမှာ Facebook က ခွင့်ပြုခဲ့ပေမယ့် ခုချိန် မရတော့ပါဘူး။ ‘ကမ္ဘာအနှံ့က လူအချင်းချင်း ချိတ်ဆက်ဖို့အတွက်’ လို့ဆိုထားတဲ့ Facebook က အပျော်အပါး၊ အတင်းအဖျင်းနဲ့ အညှီအဟောက်တွေကိုသာ ပုံမှန်အားဖြင့် လက်ခံပါတယ်။ လက်ရှိ ကျနော်တို့ နေ့စဉ် ရင်ဆိုင်နေရတဲ့ အနိဌာရုံတွေဟာ သူ့ ပလက်ဖောင်းအတွက် အဆင်ပြေမနေပါဘူး။
.
ပြီးခဲ့တဲ့ ၃ လလောက်က စပြီး တော်လှန်ရေးစာမျက်နှာတွေနဲ့ PDF စာမျက်နှာတွေက တင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ဆက်တိုက် ဖြုတ်ချခံနေရပါတယ်။ တချို့စာမျက်နှာတွေကတော့ အနီရောင်ထိပြီး စာမျက်နှာကို ပိတ်ပစ်မယ်ဆိုတဲ့အထိ သတိပေးခံရပါတယ်။
.
မြန်မာလူထုနဲ့ စာဖတ်ပရိသတ်ဟာ သတင်းနဲ့ ဆက်သွယ်ရေး အတွက် Facebook ကိုပဲ အဓိက အားထားလေတော့ Facebook ရဲ့ ကန့်သတ်မှုတွေကြောင့် တော်လှန်ရေးစာမျက်နှာတွေက သူတို့ပြောချင်တာကို မပြောရတာ၊ မပြရတာက အတော်ကို ‘ထိ’ ပါတယ်။
.
နေ့စဉ် သတ်ဖြတ်မီးရှို့ခံနေရတာကို မပြောရင် တခြား ပြောစရာအကြောင်းလည်း မရှိပါဘူး။ ဒါပေမယ့် Facebook ဟာ ရီစရာ ဟာသ၊ အပျော်အပါးနဲ့ အညှီအဟောက်ကိုပဲ ခွင့်ပြုလေတော့ ဘယ်လိုမှ မတတ်နိုင်ကြ။
.
တချို့ စာမျက်နှာတွေဟာ Follower ၅ သောင်းကျော်၊ တချို့ ၁ သိန်းရှိကြတော့ ပိတ်ပစ်ခံရရင် ဒါမျိုး ထပ်ရအောင်လုပ်ဖို့ မလွယ်ပါ။ ပြဿနာက လက်ရှိအတိုင်းလည်း 'ပျံ့နှံ့မှု' တွေ လျှော့ချခံနေရတော့ ထောက်ပံ့ငွေ ကောက်ခံရေး၊ ကိုယ့်အဖွဲ့ရဲ့ သတင်းစကား ပျံ့နှံ့ရေး ထိခိုက်လာပါတယ်။
.
တော်လှန်ရေး စာမျက်နှာတွေအတွက် ကျနော် စဉ်းစားမိတာ တစ်ခုရှိပါတယ်။ ကိုယ့်မှာရှိနေပြီးသား Facebook စာမျက်နှာကို ‘စာနဲ့ ရေးထားတဲ့ ထုတ်ပြန်ချက်တွေ တင်ဖို့အတွက်’ ပဲ အဓိက အသုံးပြုကြဖို့ပါ။
.
သွေးသံရဲရဲ ဓာတ်ပုံတွေ၊ သတ်ဖြတ်မှုတွေ၊ လက်နက်တွေ၊ အမြောက်တွေ၊ ကျည်ဆန်တွေ Facebook မှာ တောက်လျှောက်တင်နေရင် အကြီးအကျယ် ပြဿနာတက်ပါလိမ့်မယ်။ နောက်ဆုံး စာမျက်နှာ ပိတ်ပစ်ခံရပါလိမ့်မယ်။ အချိန်ယူပြီး လုပ်ထားတာတွေ အားလုံး သဲထဲရေသွန် ဖြစ်ပါလိမ့်မယ်။
.
ကိုယ့် မစ်ရှင်၊ တိုက်ပွဲ၊ စစ်ကောင်စီဘက်က သေဆုံးအလောင်း၊ ကိုယ့်ဘက်က ကျဆုံးမှု၊ ဓာတ်ပုံ၊ ဗီဒီယို စသည်ဖြင့် ထုတ်ပြန်ဖို့အတွက် Telegram Channel တစ်ခု ထောင်ပါ။ Facebook မှာ စာရေးပြီး Comment မှာ ကိုယ့် Telegram ကို ညွှန်းပေးပါ။ အဲ့ဒီမှာ ဓာတ်ပုံ၊ ဗီဒီယိုတွေကို တင်ပါ။ စာရေးသားရာမှာလည်း ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကို ပြီးပြီးရော မရေးကြဘဲ စကားလုံး အသုံးအနှုန်းတွေကို အထူးသတိထားဖို့ လိုပါကြောင်းခင်ဗျာ။
.
အဆင်ပြေပါစေ ရဲဘော်တို့...။
5.2K viewsedited  16:35
Open / Comment
2023-01-23 04:37:48 ❝သူ့ မိဘတွေကတော့ သူ အသက်ရှိနေမယ် ထင်တုန်းပေါ့❞

(ဆောင်းပါးရှည်)

မန္တလေး နန်းတွင်း စစ်ကြောရေးတွင်ရှိနေခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့များက မအေးနန္ဒာစိုးကို အဓမ္မကျင့်ခဲ့ပြီး သတ်ပစ်လိုက်ပြီဟူ၍လည်း သမဂ္ဂအဖွဲ့ဝင်များက သတင်းကြားခဲ့ရပြန်သည်။ မိဘများမှာတော့ စစ်ဘေးရှောင်နေရင်းပင် သမီးဖြစ်သူ၏ သတင်းကို နေ့စဉ် နားစွင့်နေကြရသည်။

အပြည့်အစုံ ဖတ်ရန် - http://bit.ly/3iSMiBI
42.3K views01:37
Open / Comment
2023-01-20 13:38:21 ယနေ့ မြောက်ဒဂုံတွင် သတ်ခံရသူ လက်/ညွှန်ဟောင်းမှာ ဒလံမဟုတ်ကြောင်း မိသားစုက ဆို

ဒဂုံမြို့သစ် မြောက်ပိုင်း၊ တပင်ရွှေထီးလမ်း၊ ၄၀ ဈေးတွင် ယနေ့နံနက်က သတ်ဖြတ်ခံရသူ ဦးရွှေဝင်းမှာ ဒလံမဟုတ်ကြောင်းနှင့် စစ်ကောင်စီလက်အောက်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူလည်း မဟုတ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့ပြင် မီဒီယာအချို့တွင် ဖော်ပြထားသကဲ့သို့ ဦးရွှေဝင်းမှာ ဗိုလ်မှူးဟောင်း မဟုတ်သလို သားဖြစ်သူမှာ စစ်တပ်တွင် တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီးတစ်ဦးဟု ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း မိသားစုဝင်က ဆိုသည်။

“အိမ်ထောင်စုစာရင်း လိုက်ကောက်ရာတွင်လဲ မပါဝင်ပါ၊ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ မည်သည့်ရုံးတွင်မှ လက်ရှိတာဝန်ထမ်းဆောင်နေခြင်း မရှိပါ။ လမ်းထဲရှိ အိမ်နီးနားချင်းများ၊ ၄၀ ဈေးတစ်ခုလုံးတွင်ရှိသော ဈေးသူဈေးသားများ အကုန်သိပါတယ်” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

ဦးရွှေဝင်းတွင် သမီးမိန်းကလေးနှစ်ဦးနှင့် သားအငယ်တစ်ဦး စုစုပေါင်း သားသမီး ၃ ဦးရှိသည်။ ၂၅ နှစ်အရွယ်သားငယ်မှာ ဒဂုံတက္ကသိုလ်တွင် ရုက္ခဗေဒဘာသာရပ်ဖြင့် တက်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် အလုပ်လက်မဲ့ တစ်ဦးဖြစ်သည်ဟု သိရသည်။

အွန်လိုင်းပေါ်နှင့် မီဒီယာအချို့တွင် ဖော်ပြထားသည့် ဗိုလ်ကြီးတစ်ဦးဖြစ်သည် ဆိုသည်မှာ လုံးဝ မဟုတ်မှန်ကြောင်း မိသားစုဝင်က ဆိုသည်။

အသက် ၆၅ နှစ်အရွယ်ဦးရွှေဝင်းသည် ၁၉၇၈ ခုနှစ်က ရန်ကုန် ပဲခူးကလပ်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းရုံးတွင် အလုပ်ဝင်ခဲ့ပြီး စစ်သားမဟုတ်ဘဲ ရိုးရိုးအရပ်သားဝန်ထမ်း စာရင်းစစ်တစ်ဦးသာ ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ်ကတည်းက သက်ပြည့်ပင်စင်ယူခဲ့သည်ဟု သိရသည်။

“အဖေ အငြိမ်းစာယူတဲ့အချိန်မှာ ရာထူး လက်ထောက်ညွန်ကြားရေးမှူးနဲ့ ယူရပါတယ်။ အမေက ကင်ဆာဆေးကုထားရတဲ့သူမို့ အဖေကပဲ ပင်စင်ယူပြီးနောက်ပိုင်း အခုထိဈေးသွား ဟင်းချက်လုပ်ပါတယ်။ ကျွန်မတို့မိသားစုအတွက် အားကိုးအားထားရာ ဖခင် ခုလိုအဖြစ်ဆိုးမျိုးနဲ့ သေဆုံးရတဲ့အတွက် ရင်ကွဲမတတ် ခံစားရနေရပါတယ်” ဟု ဆိုသည်။

“အဖိတ်အစင်ဖြစ်ရတယ်ဆိုလည်း ကျမ တို့နားလည်ပြီးပဲလက်ခံပေးရတော့မှာပါ။ ဖြစ်ပြီးသွားတဲ့အတွက်ကြောင့်၊ ဒါပေမဲ့ ဒီလို မသေချာ မမှန်တဲ့အကြောင်းတွေပျံ့ပြီး၊ ရှင်းလင်းတယ်ဆိုတဲ့အဖွဲ့ကို နောက်မမှားစေချင်လို့ပါ” ဟု မိသားစုဝင်က ဆိုသည်။
1.7K viewsedited  10:38
Open / Comment
2023-01-17 15:48:43 အတည်ပြုနိုင်ခြင်းမရှိတဲ့ ဟေးလားဝါးလား ရာခိုင်နှုန်းတွေ၊ တွေ့ကရာ ခန့်မှန်းပြောစကားတွေဟာ လူထုကို ဝေဝါးစေပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေကတော့ လိမ်လို့မရနိုင်ပါဘူး။ ဒါကြောင့် ကိန်းဂဏန်းအချက်အလက်တွေကို ကြည့်ပြီးမှ စေ့ငုကြစေဖို့ ဖြစ်ပါတယ်။

၃ လအတွင်း အရပ်သား ၅၄၀ ကို သတ်ဖြတ်ခံရတယ်ဆိုတာ တစ်ရက်မှာ လူ ၆ ယောက်နှုန်း စစ်ကောင်စီက နေ့စဉ် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ ဒီလူတွေဟာ တိုက်ပွဲအတွင်း ဝင်တိုက်နေတဲ့လူတွေ မဟုတ်ပါဘူး၊ သာမန် အရပ်သူ အရပ်သားတွေ ဖြစ်ပါတယ်။ ဒါကို မြင်အောင်ကြည့်ဖို့ လိုပါတယ်ခင်ဗျာ။
●
*ကိုးကားတဲ့ စစ်တမ်း - Burma Affairs and Conflict Study (BACS) - စာရေးသူ၊ ဆောင်းပါးရေးသူတွေအနေနဲ့ ဒီ ၃ လစာ၊ အစီရင်ခံစာ အပြည့်အစုံကို လိုချင်ရင် ကျနော့် Telegram - @mrattkthu မှာ တောင်းယူနိုင်ပါတယ်။
11.3K views12:48
Open / Comment