Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 142.28K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 9

2023-01-09 05:11:11 တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီက လူဦးရေစာရင်း စ ကောက်

တိုက်ပွဲတွေ ဆက်တိုက်ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာတော့ စာရင်းကောက်တဲ့အကြောင်း မကြားရသေးပါဘူး။ ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့အချို့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဒီနေ့ထိ ‘အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ကြ’ ဆိုတဲ့စာသားနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်။ NUG ကတော့ စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်ကို “ငြင်းဆန်၊ မပူးပေါင်းကြရန်” လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကတည်းက ဆော်သြထားပါတယ်။


အပြည့်အစုံ ဖတ်ရန် - https://bit.ly/3imseXY
16.7K viewsedited  02:11
Open / Comment
2023-01-05 13:29:47 ကြားနာစုံစမ်းရေးအဖွဲ့ထံ FOEIM တည်ထောင်သူက တင်ပြတဲ့ ငွေစာရင်းကို ရုံးအဖွဲ့က စိစစ်ပြီး ပြန်ထောက်ပြတဲ့ ငွေစာရင်းရှင်းတမ်း အပြည့်အစုံ။
15.6K views10:29
Open / Comment
2023-01-05 10:58:55
စာရင်းဇယား မှတ်တမ်း မရှိသည့် ကျပ်သိန်းသောင်းချီမှာ ကျောင်းသားမိဘများ၏ ချွေးနှဲစာများဖြစ်သည်။ NUG ပညာရေးဝန်ကြီးဌာန၏ ကြားနာစစ်ဆေးမှုအောက်နှင့် ‘တော်လှန်ရေးအတွက်’ ဟု အမည်တပ်ထားသည့် ကိုခန့်သူ၏ တစ်ကိုယ်တော် စီမံခန့်ခွဲမှုအောက်တွင် လိပ်ခဲတည်းလည်း ရှုပ်ထွေးမှုကြီး ဖြစ်နေသည်။

အပြည့်အစုံ ဖတ်ရန် - https://bit.ly/3ImfCLb
19.7K views07:58
Open / Comment
2022-12-27 16:32:34
ဓာတ်ပုံထဲမှာ မြင်ရတာက ကရင်နီမှာ ပြီးခဲ့တဲ့နှစ်က စစ်တပ်က လူ ၅၀ နီးပါးကို သတ်ဖြတ်သွားတဲ့နေရာမှာ တစ်နှစ်ပြည့် ပန်းခွေချထားတာဖြစ်ပါတယ်။

မနှစ်က ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ မှာ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ လူပေါင်း ၅၀ နီးပါး အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီသတ်ဖြတ်မှုကို စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ - ၁၀၈ က ကျူးလွန်ခဲ့တယ်ဆိုတာ သက်သေမှတ်တမ်းများ ရှိနေပြီးဖြစ်ပါတယ်။

အဲ့ဒီမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ဦး၊ Save the children ဝန်ထမ်း ၂ ဦး၊ ဒေသခံ အရပ်သားပြည်သူ ၄၅ ဦးနဲ့ ကရင်နီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၄၉ ဦး သတ်ဖြတ် မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

ခု ဒီနေရာမှာ အခြေစိုက်ပြီး စစ်ကောင်စီကို ခုခံကာကွယ်နေတဲ့ အဖွဲ့က ထောက်ပံ့ငွေ လိုအပ်နေတာပါ။ သူတို့ဆီကို ထောက်ပံ့ချင်သူတွေအနေနဲ့ ဒီ Link (https://bit.ly/3BZgi4T) ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

(ဒီဓာတ်ပုံဟာ ဒီတစ်ပတ်ထဲ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ က ရိုက်ယူထားတာ ဖြစ်ပါတယ်။)
16.8K viewsedited  13:32
Open / Comment
2022-12-26 12:28:44 "မောလို့ မြေကြီးပေါ် လှဲနေတုန်း သူ ကျမအပေါ်ကို တက်လာတယ်၊ အဓမ္မကျင့်ဖို့ ထပ်ကြံတယ်"
------------------------------
ရဲတပ်သားတစ်ဦးနှင့်အတူ အချုပ်ခန်းအတွင်းမှ ထွက်ပြေးလာသူ ထောက်ပို့ရဲဘော်အမျိုးသမီးငယ်တစ်ဦး၏ ခရီးကြမ်း
------------------------------

အပြည့်အစုံ ဖတ်ရန် - https://bit.ly/3C25vXS
11.5K views09:28
Open / Comment
2022-12-20 15:34:24 စစ်ကောင်စီက ရွေးကောက်ပွဲ အတွက် မြေပြင်ရော အွန်လိုင်းပေါ်ရော အကြီးအကျယ် ပြင်ဆင်နေပြီ။ မြေပြင်မှာ အရင် အုပ်ကြီးတွေကို ကြံ့ဖွတ်အမာခံတွေနဲ့အစားထိုးတာ၊ ဝင်ပြိုင်မယ့်အမတ်နေရာတွေမှာ လူမိုက်တွေကို စုစည်းနေတာ စသည်ဖြင့်။

အွန်းလိုင်းပေါ်မှာ သူတို့ အမာခံ လော်ဘီတွေရဲ့ စာမျက်နှာတွေကို သတင်းဌာနပုံစံ နာမည်တွေပြောင်းတာ၊ အကောင့်တုတွေ အရင်ကထက်ပိုတိုးလာတာ၊ တယ်လီဂရမ်ဂရုတွေက လှုပ်ရှားမှုတွေ အရင်ကထက် စိပ်လာတာ စသည်ဖြင့်။

မြို့ကြီးတွေမှာ မြေပြင်က ကိစ္စတွေကို ပြန်လှန်ဖို့ အတော် မလွယ်လောက်ဘူး။ လူမိုက်ဂိုဏ်းနဲ့ ရဲနဲ့ စစ်သားနဲ့ ဒလံနဲ့ပေါင်းထားတာ။ အွန်လိုင်းပေါ်မှာတော့ သူတို့ ဝါဒဖြန့်ချိရေးနဲ့ သတင်းမှားကို ပြန်တိုက်လို့ ရပါတယ်။

ရွေးကောက်ပွဲလည်း နီးလာပြီဖြစ်လို့ ကိုယ့်အကောင့်ကို ပြန်စစ်ကြပါ။ Like လုပ်ထား၊ Follow လုပ်ထား၊ ဝင်ထားတဲ့ Group တွေကို ပြန်စစ်ပါ။

ကိုယ့်အကောင့်ထဲမှာ ကိုယ်မသိတဲ့လူတွေ၊ ဟိုလိုလို ဒီလိုလို အရေးအသားတွေနဲ့ 'မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ' ဆိုတဲ့ အကောင့်တွေကို သတိထားပါ။ ရွေးကောက်ပွဲကာလမှာ အဲ့ဒီ 'မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ' တွေက စပြီး မဲပေးပါလိမ့်မယ်။

တခါတလေ 'ငါလည်း Like မလုပ်ထားဘဲ ပေါ်လာတယ်'၊ ဒါဆိုရင် Follow လုပ်ထားတာ ဖြစ်တတ်ပါတယ်၊ 'Follow မလုပ်ထားဘဲ ပေါ်လာတယ်' ဆိုရင် Like ထားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကိုယ့်အကောင့်ထဲက စစ်ကောင်စီကို 'ဒိုင်ရှိုအားပေးနေသူတွေ' ရဲ့ Like မှု Follow မှုတွေကြောင့်လည်း ကိုယ့်ဆီမှာ လာပေါ်တတ်ပါတယ်။

ငပေါ စာမျက်နှာ ဆယ်လီပေါက်ကရ စာမျက်နှာတွေက ရွေးကောက်ပွဲမှာ ဇာတိပြပါလိမ့်မယ်။ ဒါကြောင့် ငပေါနဲ့ ဆယ်လီပေါက်ကရ စာမျက်နှာတွေကို Like ထားမိရင် Follow ထားမိရင် ပြန်စစ်ကြပါ။

လူတွေက ဒီနေ့ဖြစ်ပြီး နောက်နေ့ မေ့ပျောက်သွားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကာလမှာ သတင်းမှားတွေကို ရှောင်လွှဲနိုင်ဖို့ ကိုယ့် ဆိုရှယ်မီဒီယာကို ရှင်းလင်းထားကြပါ။

Telegram မှာ သတင်းအတွက်ဆိုပြီး Subscribe ထားတဲ့ Channel တွေကို ပြန်စစ်ပါ။ သတင်းဌာန အစစ်အမှန်တွေချည်းပဲ Like, Follow လုပ်ထားရင် ကျန်တဲ့ ပေါက်ကရတွေ တက်မလာပါဘူး။
11.8K views12:34
Open / Comment
2022-12-19 13:14:15 https://bit.ly/3jfzhSd
7.4K views10:14
Open / Comment
2022-12-17 04:11:25 ❝မနေ့က အိမ်မီးရှို့ခံရတယ်၊ ဒီနေ့မှာ မဲလက်မှတ် လာဝယ်သွားတယ်။ ကုန်ထမ်းတဲ့အစ်ကိုကြီး၊ နွားကျောင်းတဲ့ ကောင်လေး၊ စစ်ရှောင်နေရတဲ့ အရီး၊ ကုန်စုံဆိုင်လေး ဖွင့်ထားတဲ့ အမေကြီး။ ဒီလူတွေက သူတို့ ခြစ်ကုတ်စုဆောင်းထားတဲ့ ပိုက်ဆံနဲ့ မဲလက်မှတ်ကို ဝယ်ယူအားပေးကြရှာတယ်။❞

အပေါ်က စာပိုဒ်က '96 Soldiers - PDF အညာဒေသ တပ်ခွဲ' က ရေးထားတာပါ။ ဒီတပ်ခွဲထဲမှာ လုပ်နေသူတွေက ဘော်ဒါတွေ။ ကိုယ့်လူတွေ မဲလက်မှတ်ရောင်းရရေး ရုန်း နေကြရတာ။ အတူ လက်ဖက်ရည်ထိုင်သောက်၊ ဘီယာထိုင်သောက်ခဲ့ကြတဲ့ ကောင်တွေ။ ခု ဒီကောင်တွေ အညာက ကွင်းခေါင်ခေါင်ထဲ တချိန်လုံး သေနတ်ထမ်း၊ ချမ်းစီးစီးထဲ လက်ပြတ်အင်္ကျီတွေနဲ့။

ဒီဘဲတွေ မနက်မိုးလင်းကတည်းက ညအိပ်ယာဝင်တဲ့အထိ 'ဒီစိတ်' နဲ့ နေကြတာ။ သူတို့ Facebook ပေါ်ကြည့်လိုက်ရင် တချိန်လုံး ဒီအကြောင်းအရာပဲ။

ရွာတွေ မီးရှို့ခံရတာ၊ တိုက်ပွဲဖြစ်တာ၊ သတ်ဖြတ်ခံရတာ၊ တိုက်ပွဲတွေနိုင်တာ၊ ကိုယ့်လူတွေကျဆုံးတာ။ တစ်ရက်မှ ပြတ်သွားတယ်ရယ် မရှိ။ တစ်ခါတစ်လေ အိမ်လွမ်းကြောင်း ကဗျာတွေ တင်ကြရဲ့။ ကမ္ဘာ့ဖလားပွဲချိန် ဒီဘဲတွေ အင်္ကျီလက်ပြတ်နဲ့ ကင်းစောင့်နေကြရမယ်။ ဒီဘဲတွေ။

ဒီဘဲတွေ ခုတော့ မဲလက်မှတ် ရောင်းနေကြရဲ့။ ယုံကြည်ရတဲ့အဖွဲ့တစ်ဖွဲ့ကို ထောက်ပံ့ချင်ပါတယ်ဆိုတဲ့ မိတ်ဆွေများ အောက်က Link မှာ ယုံယုံကြည်ကြည် မဲလက်မှတ် ဝယ်ယူထောက်ပံ့နိုင်ကြပါတယ်။

https://www.facebook.com/profile.php?id=100070177003007
21.0K views01:11
Open / Comment
2022-12-17 00:09:44 ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီ (Credentials Committee) က အမည်စာရင်း တင်သွင်းလိုက်တာကို ကုလသမဂ္ဂ အထွေထွေညီလာခံ (General Assembly) က ဒီနေ့ပဲ လက်ခံလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဦးကျော်မိုးထွန်းကို NUG က တင်သွင်းတာ မဟုတ်ပါဘူး။ နဂိုကတည်းက ရှိနေတဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက် လက်ခံထားရှိဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဆိုလိုတာက ယခင်နှစ်တွေက ဆုံးဖြတ်ချက်အတိုင်း ဒီနှစ်မှာ ဆက်လက် အတည်ပြုတာမျိုး ဖြစ်ပါတယ်။

ဒီ ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီမှာ နိုင်ငံတစ်ခုခုအတွက် ကိုယ်စားပြု တက်ရောက်ခွင့်က ငြင်းဆိုမှုတွေရှိခဲ့ရင် ဒါတွေ မဖြေရှင်းနိုင်သေးတဲ့အထိ နဂိုရှိနေပြီးသားလူကို ဆက်ထားရတာ ဖြစ်ပါတယ်။ ဒါကြောင့်​ဦးကျော်မိုးထွန်းက မတင်မကျ ဆက်ရှိနေခဲ့တာပါ။

ဒါပေမယ့် ခုတော့ မြန်မာနိုင်ငံကိုယ်စားပြုအတွက် ကိုယ်စားပြုစိစစ်ရေးကော်မတီ တင်သွင်းတာကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်စားပြုစိစစ်ရေးကော်မတီ (Credentials Committee) ထဲမှာ ၉ နိုင်ငံပါဝင်ပြီး အားလုံးက အငြင်းပွားမှု၊ ကန့်ကွက်မှု မရှိဘဲ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

ဒီနိုင်ငံတွေကတော့ အမြဲတမ်းကော်မတီဝင်တွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ချီလီ၊ ဆီယာလီယွန်၊ နမီးဘီးယား၊ ဘူတန်၊ ဘဟားမားနဲ့ ဆွီဒင်နိုင်ငံတို့ပါ။

သဘောကတော့ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ (General Assembly) က လက်ခံတယ်၊ ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပေမယ့် စစ်ကောင်စီကို ကိုယ်စားမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရအတွက် အလုပ်လုပ်သူ ဖြစ်ပါတယ်။
23.0K viewsedited  21:09
Open / Comment
2022-12-14 14:04:16 ငွေလိမ်စားတဲ့ စာမျက်နှာ

အတိုချုပ်ရရင် ချက်ဘောက်စ်ကို ခေါ်မယ်။ နာမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်တွေ ထည့်ခိုင်းမယ်။ ပြီးရင် ကိုယ့်ဖုန်းထဲမှာ လုပ်နေတာတွေကို သူ့ဘက်က မြင်ရအောင် အက်ပလီကေးရှင်း တစ်ခု ထည့်ခိုင်းမယ်။

ပြီးရင် ကေပေး၊ ဝေ့ဖ်ပေးထဲက ရှိသမျှကုန်အောင် အကုန် လွှဲပြီး ယူပါလိမ့်မယ်။ အရှည်ကြီး မရှင်းပြတော့ပါ။ လူလိမ်စာမျက်နှာသာ ဖြစ်ကြောင်းပါ။ လူလိမ်များ၏ စာမျက်နှာ - https://www.facebook.com/b2bdataplan
20.2K views11:04
Open / Comment