🔥 Burn Fat Fast. Discover How! 💪

“တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်းအရာများ” ဆွ | MONREC_NUG

“တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်းအရာများ” ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောငိး ထပ်မံအသိပေးဖိတ်ကြားခြင်း
==============

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လစဥ်ဆွေးနွေးပွဲ (၄) ကို “တော်လှန်ပြည်သူတို့ သိသင့်တဲ့ ဓာတ်သတ္တုကဏ္ဍအကြောင်းအရာများ” ခေါင်းစဥ်ဖြင့် ယနေ့ (၂၁-၈-၂၀၂၂) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ကျင်းပသွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲအကြောင်းအရာများကို -

CDM ဗိုလ်ကြီး ညီသုတ

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်တို့မှ ဆွေးနွေးသွားမည်ဖြစ်ပြီး

Moderator အဖြစ် ဒါရိုက်တာသည်ခေတ်နေမှ ပါဝင်အားဖြည့်သွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Ministry of Natural Resources and Environmental Conservation - NUG၊ Public Voice Television၊ Radio NUG၊ ဗိုလ်ကြီးညီသုတ NyiThuta's Diary တို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#MONREC_Dialogue #NUG