Get Mystery Box with random crypto!

နစကအစိုးရရဲ့​ပျော့​ပျောင်းစွာဆက်​ဆံမှုကို​ပျော့ညံ့မှုလို့မြင်​ | Online News Channel

နစကအစိုးရရဲ့​ပျော့​ပျောင်းစွာဆက်​ဆံမှုကို​ပျော့ညံ့မှုလို့မြင်​ပြီး​ပျော့ကွက်​အဖြစ်​ဖိအား​ပေးလာမှုကိုတန်​ပြန်​တုံ့ ပြန်​ရမယ့်​အချိန်​ရောက်​လာပြီဖြစ်​ပါတယ်​။​

အေစီယံအထူးကိုယ်​စားလှယ်​ထိုင်းနိုင်​ငံမှာ NUGနဲ့​တွေ့ဆုံခဲ့​ကြောင်းသတင်း ကိုမှန်​မမှန်​အတည်​ပြုပြီး သံတမန်​ကျင့်​ဝတ်​နဲ့မညီရင်​ပြတ်​ပြတ်​သားသားပြန်​နှိပ်​ကွပ်​ဖို့်လိုပါတယ်​။

ပြည်​တွင်း​ရေးကိုဝင်​မစွက်​ဖက်​ရ ဆိုတဲ့​အေစီယံမူကို​အေစီယံက​ဖောက်​ဖျက်​ရင်​အေစီယံက ထွက်​တဲ့အထိ တန်​ပြန်​တုံ့ပြန်​ဖို့သင့်​ပါတယ်​။

အချုပ်​အခြာအာဏာပိုင်​နိုင်​ငံတစ်​ခုကို​အေစီယံ လက်​အောက်​ခံနိုင်​ငံတစ်​ခုလို ဝင်​ချယ်​လှယ်​လာရင်​ခေါင်းငုံ့ခံ​နေမလား​အေစီယံက ထွက်​မလားဆိုတာ ပြတ်​ပြတ်​သားသား ဆုံးဖြတ်​ရဲဖို့လိုပါတယ်​။​

အေစီယံဘုံသ​ဘောတူညီချက်​ငါးရပ်​မှာ​ဒေါ်​အောင်​ဆန်းစုကြည်​နဲ့​တွေ့ဆုံ​ရေးမပါပါဘူး။​ဒေါ်​အောင်​ဆန်းစုကြည်​နဲ့​တွေ့ခွင့်​မပြုတဲ့အတွက်​အေစီယံဘုံသ​ဘောတူညီချက်​ကို​ဖောက်​ဖျက်​တယ်​ဆိုတဲ့ ဝါဒဖြန့်​မှု​တွေကို ထိထိမိမိပြန်​ရှင်းဖို့ လိုပါတယ်​။

အထူးသဖြင့်​အမှန်​တရားထက်​တစ်​ဖက်သတ်​လိုရာဝါဒဖြန့်​အသာစီးယူ​နေ​တဲ့ မီဒီယာတိုက်​ပွဲကို ယှဉ်​နိုင်​အောင်​ကြိုးစားအားထုတ်​ဖို့လိုအပ်​နေပါတယ်​။

#SittNyein