🔥 Burn Fat Fast. Discover How! 💪

NUGက နစကကို ဖြုတ်မချနိုင်ဘူး။ နစက က NUG(PDF)ကို အပြတ်ရှင်းနိုင | Online News Channel

NUGက နစကကို ဖြုတ်မချနိုင်ဘူး။
နစက က NUG(PDF)ကို အပြတ်ရှင်းနိုင်ရက်နဲ့ ဘာကြောင့်အချိန်ကြာအောင် ဆွဲနေရတာလဲ ဆိုတာပဲ မေးခွန်းထုတ်ဖို့ရှိတယ်။

အခုဖြစ်နေတဲ့ပြည်ပဖိအားတွေများလာတာဟာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို မထိန်းနိုင်တဲ့အစိုးရတစ်ရပ်လို့ မြင်လာကြတဲ့အတွက် ပို ဖိလာတာ ဖြစ်ပါတယ်။

နစက အစိုးရရင်ဆိုင်နေရတဲ့ ပြဿနာ အားလုံးရဲ့အဖြေဟာ တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေး အပေါ်မှာ မူတည်နေပါတယ်။

အခု ၉လလောက်ကြာတဲ့အထိ နေ့စဉ်နဲ့အမျှ အပြစ်မဲ့ပြည်သူတွေ ပစ်သတ်ခံနေရတာကို ပြတ်ပြတ်သားသား မရှင်းနိုင်ဘဲ ဆက်မျောသွားနေတာနဲ့အမျှ ပြည်တွင်းပြည်ပ ယုံကြည်လေးစားခံရမှုလျော့ကျလာမှာ ဖြစ်ပါတယ်။

၈၈ နဝတ အာဏာသိမ်းတာက မင်းမဲ့တိုင်းပြည်ဖြစ်နေတာကို တစ်ပတ်အတွင်း တည်ငြိမ်အောင်ထိန်းနိုင်ခဲ့တာ လည်း ဒီတပ်မတော်ပဲ ဖြစ်သလို အခုလက်ရှိ ၉လလောက်ကြာတဲ့အထိ ဥပဒေမဲ့ပစ်သတ်ခံရမှုတွေ ကို မထိန်းနိုင်သေးတာလည်း ဒီတပ်မတော်ပဲဖြစ်တဲ့အတွက် နည်းလမ်းအသစ်ရှာစရာမလိုဘဲ ခေါင်းဆောင်တွေရဲ့ အဆုံးအဖြတ် အပေါ်မှာသာ မူတည်မယ်လို့ ထင်ပါတယ်။

တည်ငြိမ်အေးချမ်းရေးသည်ပထမ၊တည်ငြိမ်အေးချမ်းရေးသည်ဒုတိယ၊တည်ငြိမ်အေးချမ်းရေးသည်တတိယ လုပ်နိုင်မှသာ ပြဿနာအရင်းအမြစ်အားလုံး ကိုရှင်းနိုင်မှာဖြစ်တယ်ဆိုတာ သတိပြု ဖို့ လိုပါတယ်။