🔥 Burn Fat Fast. Discover How! 💪

Online News Channel

Logo of telegram channel mtn812 — Online News Channel O
Logo of telegram channel mtn812 — Online News Channel
Channel address: @mtn812
Categories: News
Language: English
Subscribers: 3.20K
Description from channel

up to date news channel

Ratings & Reviews

3.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

0

2 stars

1

1 stars

0


The latest Messages 2

2021-11-17 05:13:31 NLD မဲမသမာမှုလုပ်မလုပ်ဆိုတာထက်
မဲမသမာမှု စွပ်စွဲချက်ကိုNLDက ဖြေရှင်းမသွားဘူး။ ပြည်သူလူထုသိအောင် သက်သေပြမသွားဘူး။
သက်သေပြချင်ပြလို့ရရဲ့သားနဲ့ ပြမသွားဘူး။

အဲ့တာက
ကျတော်တို့ကြိုက်သည်ဖြစ်မကြိုက်သည်ဖြစ်စေ
သမိုင်းထဲမှာတော့ မဲစာရင်းပြသနာကို
မရှင်းခဲ့ဘူးဆိုတာကို ရှင်းခဲ့ပါတယ်လို့
လိမ်ညာပြီးရေးလို့မရပါဘူး။

နိုင်ငံအခုလိုဖြစ်လိမ့်မယ်နော် ကိုယ့်ဘက်ကမှန်နေရင်
စုစုပေါင်းမဲပေးခွင့်ရှိသူများစာရင်း၊ ကြိုတင်မဲပေးသူများစာရင်းနဲ့ ရွေးကောက်ပွဲနေ့မဲပေးသူများစာရင်းဆိုတဲ့ မဲစာရင်း၃ခုကို ပြည်သူသိအောင်ချရှင်းလိုက်ပါလို့
စိုးရိမ်သူတွေက ဝိုင်းပြီးတောင်းပန်နေတဲ့ကြားက
NLDဟာ နောက်ဆုံးအချိန်ထိ ချပြမသွားခဲ့ဘူး။

စစ်တပ်ကတောင်းဆိုတာတွေ ညှိုနှိုင်းတာတွေ
အဆင်မပြေတာတွေက သူတို့ချင်းကိစ္စ။
ပြည်သူလူထုနဲ့ရောနိုင်ငံတော်နဲ့ရောမဆိုင်ဘူး။
အခုဟာက နိုင်ငံအခုလိုဖြစ်မှာကို စိုးရိမ်တဲ့
ပြည်သူတွေကတောင်းဆိုတဲ့ အမှန်တရားကို
ပြည်သူသိအောင်ချပြလို့ရရဲ့သားနဲ့ ချမပြခဲ့ဘူး။
အဲ့မဲစာရင်းအမှန်တရားကို ပြည်သူသိအောင်
ချမပြရဘူးလို့လည်း အခြေခံဥပဒေထဲမှာ
ကန့်သတ်မထားခဲ့ပဲနဲ့ ချမပြခဲ့ဘူး။

နောက်ဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ
သူနဲ့အတူ နိုင်ငံတော်ကိုချောက်ထဲဆွဲခေါ်သွားတယ်။
ဖြေရှင်းလိုက်ရင်ကျသွားမယ့် သူ့နိုင်ရေးသိက္ခာနဲ့
နိုင်ငံတော်ကို အလဲအထပ်လုပ်သွားခဲ့တယ်။

အဲ့တော့ အားမနာတမ်းပြောရရင် မဲစာရင်းရဲ့
အမှန်တရား မရရှိရာကနေတက်တဲ့ပြသနာဖြစ်တယ်။
အမှန်တရားမရှိလို့တက်ပါတယ်ဆိုမှ ငါတို့ဘက်မှာ
အမှန်တရားရှိတယ်ဆိုတော့ မခက်ပေဘူးလား။
တကယ်လို့ NLDကသာ အမှန်တရားကို ချပြခဲ့ရင်
ဒီပြသနာတက်မလား။ အဲ့တော့ မေးခွန်းက
အခုအရေးတော်ပုံဟာ အမှန်တရားကိုချပြလို့
ဖြစ်ပေါ်တာလား အမှန်တရားကိုဖုန်းကွယ်လို့
ဖြစ်ပေါ်လာတာလား ဆိုတာပဲ။

လူပြိန်းတွေက မေးလိမ့်မယ်။
ကြံ့ခိုင်ရေးက NLDကို နိုင်စရာလားဆိုတဲ့မေးခွန်း။
အဖြေက ရှင်းတယ် နောက် ဆယ်နှစ်အထိ NlDကို
ကြံ့ခိုင်ရေးက နိုင်စရာအကြောင်းမရှိဘူး။ ဒါဆိုဘာလို့
NLDက မဲခိုး မဲလိမ်ဖို့ လိုအပ်မှာလဲ။ ဒဲ့ပြောရရင်
အခုနိုင်တာထက် ၁၂ရာခိုင်နှုံးလျှော့ပြီးနိုင်မှာကို
ကြောက်လို့ မဲလိမ်မဲခိုးလုပ်ရတာပဲ။

၁၂ရာခိုင်နှုံးလျှော့ပြီး နိုင်ရင် ဘာဖြစ်မလဲ။
ကိုယ်တိုင်စိတ်ကြိုက်အစိုးရမဖွဲ့နိုင်တော့ဘူး။
တိုင်းရင်းသားတွေနဲ့ညှိပြီး ညွှန့်ပေါင်းဖွဲ့ရတော့မယ်။

ဒါဆို တိုင်းရင်းသားတွေနဲ့ NLD အဆင်ပြေလား။
မပြေပါဘူး။အဆင်မပြေရုံမက ပြသနာပါတက်နေတာ။
အဆိုးဆုံးက ရခိုင်တွေနဲ့ပြသနာတက်တယ်။ရခိုင်မှာ
မဲအများဆုံးရရှိတဲ့ရခိုင်အမျိုးသားပါတီကိုအနိုင်ကျင့်ပြီး
ရခိုင်ဝန်ကြီးချုပ်ရာထူးကို NLDပါတီဝင်ကိုခန့်လိုက်တယ်။ရခိုင်ခေါင်းဆောင်ဒေါက်တာအေးမောင်ကို
ထောင်နှစ်ကြီးချတယ်။AAကိုအပြုတ်တိုက်လို့ပြောတယ်။လွှတ်တော်ထဲမှာရခိုင်အမတ်တွေတင်သမျ အဆိုတွေမေးခွန်းတွေကို ပယ်ချတယ်။ကိုဖီအာနန်ကော်မရှင်အပါအဝင် ရခိုင်နဲ့ပတ်သက်တဲ့ကော်မရှင်ကော်မတီအားလုံးရခိုင်အမတ်တွေကို အသိမပေးပဲဖွဲ့တယ်။
NLDဘယ်တုန်းကမှမနိုင်ခဲ့တဲ့ရခိုင်ပြည်နယ်ကမဲဆန္ဒနယ် ၂၀ကို ရွေးကောက်ပွဲ လုပ်မပေးဘူး။

ရခိုင်နဲ့အဆင်မပြေတော့ ရှမ်းနဲ့ရောပြေလားဆိုတော့
ရှမ်းအင်အားကြီးပါတီ SNLDကို မဟာမိတ်လုပ်စရာ
အကြောင်းမရှိဘူးလို့ ပေါ်တင်ပြောလွှတ်လိုက်တယ်။
ဒါတင်ပဲလားဆိုတော့ ချောင်းဆုံတံတားကိုအကြောင်းပြုပြီးမွန်တွေနဲ့ရန်ဖြစ်တယ်။ အဆိုးဆုံးက ကိုယ့်ပြည်နယ်ဝန်ကြီးချုပ်တွေကို ကိုယ့်ဖာသာခန့်လို့ရမယ့် ပုဒ်မ၂၆၁ပြင်ဆင်ရေးကို NLDက ပယ်ချလိုက်တယ်။

အဲ့လောက်အနိုင်ကျင့်ထားမှတော့ တိုင်းရင်းသားတွေနဲ့ ညွှန်းပေါင်းဖွဲ့ဖို့ NLD အနေနဲ့ ယုံကြည်မှုရှိပါဦးမလား။
သူအနိုင်ကျင့်ထားတဲ့ တိုင်းရင်းသားသုံးမျိုးကလည်း
မြန်မာနိုင်ငံမှာအဖက်ဖက်ကအင်အားကြီးတဲ့လူမျိုးတွေ။

ပိုဆိုးတာက အစိုးရသက်တမ်း ၅နှစ်အတွင်းမှာ
အချက်အလက်အရဆိုရင် စီးပွားရေးရော ငြိမ်းချမ်းရေးရော မတိုးတက်တဲ့အပြင် ဆုတ်ယုတ်နေခဲ့တယ်။
ဒီကြားထဲno vote လှိုင်းက တဆေခြောက်တယ်။
ဒါပေမယ့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကြောင့် NLDဟာ
မဲအများဆုံးရတဲ့ပါတီဖြစ်မှာသေချာပေမယ့်
၂၀၁၅တုန်းကလို တကိုယ်တော်အစိုးရဖွဲ့နိုင်ဖို့ကတော့
သေချာတဲ့ အနေအထားမှာ မရှိဘူး။

အံ့သြဖို့ကောင်းလွန်းတာက ၂၀၁၅ထက်တောင်ပိုပြီး
NLD ဟာ ၂၀၂၀မှာ ပိုပြီး မဲနိုင်သွားတယ်။အဲ့မှာ
အံ့သြဘ ကမ္ဘောဇတွေဖြစ်ကုန်တော့တာပါပဲ။
ပထမအကြိမ်အနိုင်ရလဒ်ထက် ဒုတိယအကြိမ်
အနိုင်ရလဒ်က ပိုသာတာ ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ
NLD ဟာ ကမ္ဘာ့ပထမဆုံးပါတီဖြစ်နေလို့ပါ။
ဂျော့ဘုရှ်ရော အိုဘားမားရော လင်ကွန်းရော
သူတို့ရဲ့ဒုတိယသက်တမ်းအတွက်အနိုင်ရတဲ့
မဲရလဒ်က ပထမအကြိမ်အနိုင်ရတဲ့ မဲရလဒ်ကို
မမီခဲ့ကြပါဘူး။NLDကတော့ စီးပွားရေးဆုတ်ယုတ်နေတဲ့အပြင် တိုင်းရင်းသားတွေနဲ့ရန်ဖြစ်နေတဲ့ကြားက
ဒုတိယအကြိမ်မှာ ပိုပြီး နိုင်သွားခဲ့ပါတယ်။
944 viewsMinn Thet Naing, 02:13
Open / Comment
2021-11-16 12:45:22
942 viewsMinn Thet Naing, 09:45
Open / Comment
2021-11-16 12:45:20
937 viewsMinn Thet Naing, 09:45
Open / Comment
2021-11-16 12:25:47
ကလေးမြို့ကနေ ချင်းပြည်ဘက်
အထွက် ၉ မိုင် အတွင်းထဲက
ချင်းCDF စခန်းကျသွားပြီ
အလောင်း လက်နက် မိုင်းတွေ
အများအပြားရရှိတယ်
အရှင်မိတွေလည်း ပါတယ် ။

@Sai Pan Hpa
16.11.2021
930 viewsMinn Thet Naing, 09:25
Open / Comment
2021-11-16 10:47:30
PDF တွေအသုံးပြုတဲ့ သံပိုက်က သေးလို့နေမယ်၊ ၆လက်မ သံပိုက်တွေသုံးမှ
အဆင်ပြေမှာပေါ့ ။
238 viewsMinn Thet Naing, 07:47
Open / Comment
2021-11-15 17:56:42
ကျိုက်မရောမြိုနယ်၊ တောင်ကလေးကျေးရွာအနီးတွင် လက်နက်/ခဲယမ်းများ နှင့်အတူ pdf အကြမ်းဖက် ၂ ဦးဖမ်းဆီးရမိခဲ့သည် ၊၊ ၎င်းတို့ ၂ ဦးသည် NUG ၏ စေခိုင်းမှုအရ KNU တပ်မဟာ(၆)တွင် ဖောက်ခွဲရေးသင်တန်းတက်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် လာစဥ် ယခုလို လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရှိရသည်၊၊
719 viewsMinn Thet Naing, 14:56
Open / Comment
2021-11-15 13:50:41 G3.. MA Series တွေ ထုတ်နိုင်ဖို့ တပ်က ပညာရှင်များ ပြည်ပကို အကြိမ်ကြိမ် သွားရတယ် ပြည်ပကလဲ အကြိမ်ကြိမ်လာကြရတယ် သေနတ်တစ်လက် အလွယ်တကူထုတ်လို့ ရနိုင်မယ်ထင်ရင် ငပေါပဲ ဒါလဲ သတင်းအမှားပေးပြီး ဂျင်းထည့်နည်းပဲ မျက်နှာပြောင်ပြောင်နဲ့ကို ပေါ်ထင် လုပိစားနေကြပြီ ယုံတဲ့လူလဲ ယုံကြတော့ သေတွင်း ပိုနက်ထာပေါ့။
849 viewsMinn Thet Naing, edited  10:50
Open / Comment
2021-11-15 07:15:22 စစ်တပ်က ဝင်ရှင်းလို့ ထွက်ပြေးလာတဲ့
PDF ကလေးတွေကို လမ်းမှာတွေ့လို့
ထမင်းငတ်လာတယ်ဆိုတာနဲ့
အစာပြေဝယ်စားလို့ရအောင်ပိုက်ဆံ လေးပေးပြီး
သိချင်တာလေးတွေမေးလိုက်တယ်...

"မင်းတို့ဘာလို့ထွက်ပြေးလာတာလဲ.ညီလေးတို့ရာ..
ပြည်သူက ဒီလောက်အလှုငွေထောက်ပံ့ပေးနေတာ
လက်နက်ကောင်းတွေနဲ့အစားကောင်းကောင်းစားပြီး
စကစတပ်တွေကိုတိုက်နေကြတာ
အောင်မြင်ကာနီးပြီမဟုတ်ဘူးလား.."

"စောက်တစ်လွဲတွေပါအကိုရာ..
လက်နက်ကောင်းတွေရ/မရတော့မသိဘူး..
တစ်တောင့်တောင်ထွက်အောင်မနည်းပစ်နေရတဲ့
တူမီးနဲ့ ပြန်ပစ်လို့လည်းမရ..
စားရတော့ နီးစပ်ရာရွာတွေက တောင်းစားရတယ်..
ကြာတော့ရွာတွေက ငြိုငြင်လာကြပြီ..
ကြောက်လို့သာပါးစပ်က မပြောရဲပေမယ့်
သူတို့မျက်နှာတွေက
အမြင်မကြည်တော့ဘူး..
စစ်တပ်ကိုနိုင်ဘို့နေနေသာသာ
စစ်တပ်သတင်းကိုအမြဲစောင့်နားထောင်နေရတာ
ကောင်းကောင်းလည်းမအိပ်ရဘူး..
ဘယ်အချိန်ဝင်လာတိုက်မလဲလို့ စိုးရိမ်နေရတာက
အချိန်တိုင်းပဲ..
စစ်တပ်လာပြီးဆိုတာနဲ့ လက်နက်တွေ အကုန်ပစ်ပြီး
ထွက်ပြေးလာရတာ အကိုမြင်တဲ့အတိုင်းဘဲ.."

"အမ်..နို့.အကိုတို့အင်တာနက်မှာ ဖတ်နေရတာက
တနေ့ကို စစ်ခွေးတွေ ရာနဲ့ချီသေနေကြတာမဟုတ်လား..
PDF တွေက အသေအပျောက်မရှိဘဲ
စစ်ခွေးတွေသေတာမှနည်းလား...
ဒီနှုန်းအတိုင်းဆိုရင် ၃/၄ လလောက်ဆို
နိုင်ပြီဆို.."

"အမလေး...အကိုရာ မပိန်းတော့နဲ့ ကြားလား..
ကျနော်တို့လည်း အဲလို ပိန်းခဲ့လို့
PDF ထဲရောက်ခဲ့တာ..
အင်တာနက်မှာ တင်နေတာတွေအကုန်လုံး
မြေပြင်မှာဖြစ်ပျက်နေတာနဲ့
အကုန်တခြားစီဘဲ..စောက်တစ်လွဲတွေ..
မင်းသမီးမင်းသားတွေက
တောထဲမှာကောင်းကောင်းနေရတယ်..
သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြလိုက်..
သူတို့ဘဲ စကစ ကိုဝင်တိုက်နေသလိုလို..
ပြီးတော့ အလှုခံရတဲ့ငွေတွေနဲ့ကောင်းကောင်းစားပြီး
ကျနော်တို့လူငယ်တွေကို ဝါဒမှိုင်းတိုက်နေတာ
အဲဒါတွေကြည့်ပြီး တကယ်မှတ်လို့ PDF ထဲဝင်တာ
ခုတော့ အကိုမြင်တဲ့အတိုင်းဘဲ..
မနည်းအသက်လုပြေးနေရတာ..
သွားပြီအကိုရေ..
ထမင်းတစ်နပ်အတွက်ကျေးဇူးပါဗျာ.."

"နေ..နေ.ပါဦး ညေးတို့ရာ..ဒါဆို..
GP တွေ Page တွေကတင်နေတဲ့
အကိုတို့ဖတ်နေရတဲ့
အင်တာနက်သတင်းတွေထဲကလို
စစ်ခွေးတွေသေတာ
တကယ်မဟုတ်ဘူးပေါ့..အောင်ပြီဆို..နိုင်ပြီဆို.."

"အဲဒီလိုအခြေအမြစ်မရှိတဲ့သတင်းတွေဖတ်ပြီး
ယုံခဲ့လို့ကျနော်တို့ ဘဝပျက်နေရတာ..
နိုင်မှတော့ အခုလိုပြေးနေမလားဗျ..
ဘာမှမနိုင်ဘူး..
စောက်တစ်လွဲတွေစိတ်ထင်တာရေးနေကြတာ..
ဆိုက်ကားသမား ဘိန်းစားလောက်က
စစ်ခွေးသေပြီလို့ ထရေးလဲ
စောက်ပေါတွေက ဝိုင်းယုံကြတာဘဲ..အကိုရေ..
အခုအိမ်ကိုပြန်မှာ အမေ့အိမ်ကိုပြန်တော့မှာ..။
1.0K viewsMinn Thet Naing, 04:15
Open / Comment
2021-11-14 16:05:23
တပ်က PSF စခန်းတွေကို တောက်လျှောက် ​ချေမှုန်းနေတာဆိုတော့ PDF တွေအတွက် မသာ ဘယ်စျေးလဲ မေးစရာမလိုတော့ဘူး။
1.1K viewsMinn Thet Naing, 13:05
Open / Comment
2021-11-12 14:55:01 ရန်ကုန်လူမိုက်ခေါင်းဆောင် မဗြားကြီးတပည့် လူမိုက်ခင်စိန်ကို PDF အဖွဲ့က ပစ်သတ်ခြင်း။

လှိုင်သာယာ၊ဗိုလ်အောင်ကျော်လမ်း၊ရွှေရင် အေးဈေးထိပ်၊ အမှတ် ၁၂ ကျောင်းရှေ့တွင် မဗြားကြီးအဖွဲ့က လူမိုက်ခင်စိန် မောင်းလာသောကားအား ရန်ကုန် PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ လူမိုက်ခင်စိန် ပွဲချင်းပြီးသေဆုံးဟု ကြားသိရ။
985 viewsMinn Thet Naing, 11:55
Open / Comment