🔥 Burn Fat Fast. Discover How! 💪

Myanmar Ebooks

Logo of telegram channel myanmarebooks — Myanmar Ebooks M
Logo of telegram channel myanmarebooks — Myanmar Ebooks
Channel address: @myanmarebooks
Categories: Telegram
Language: English
Subscribers: 1.30K

Ratings & Reviews

2.50

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

0

2 stars

0

1 stars

1


The latest Messages

2023-04-01 17:47:24 The owner of this channel has been inactive for the last 2 months. If they remain inactive for the next 8 days, they may lose their account and admin rights in this channel. The channel will remain accessible for all users.
14:47
Open / Comment
2022-07-25 13:10:28 သေဒဏ်စီရင်သူ၏ တာဝန်များနှင့် အလောင်းထုတ်ယူခွင့်ပြုခြင်း/ မပြုခြင်း ကိစ္စ
============================

~ကြိုးမပေးမီ ဖော်ပြထားသူ ဟုတ် မဟုတ် စစ်ဆေးခြင်း (အပိုဒ် - ၆၈၅)
တရားခံအား တိုက်မှ ကြိုးစင်ပေါ်သို့ ခေါ်ဆောင်သွားခြင်း မပြုမီ အကျဉ်းသားအား ဝရမ်းတွင် အမည်ပါရှိသူ ဟုတ် မဟုတ်ကို အကျဉ်းထောင် တာဝန်ခံနှင့် ထောင်မှူးကြီးတို့မှ ကြည့်ရှုရမည်။ ထို့နောက် သေဒဏ်ကျခံသူအား ခြေမျက်စိအထိရှည်သော ခြေဝတ်စုံကို ဝတ်ဆင်ပေးပြီး ယင်း၏ လက်များအား ယင်း၏ နောက်ကျော်သို့ လုံခြုံစွာ စွဲမြဲထားလျက်ရှိရမည်။

~သေဒဏ်စီရင်သူ၏ တာဝန်များ (အပိုဒ် - ၆၅၉)
ကြိုးစင်ပေါ်သို့ ရောက်ရှိသည့်အခါ သေဒဏ်စီရင်ရသူ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(၁) အကျဉ်းသားအား ကြိုးတပ်ဆင်ထားရှိသည့် ရက်မတန်းအောက် တည့်တည့် ထားရှိရမည်။
(၂) အကျဉ်းသား၏ ခြေတောက်များကို တင်းကျပ်စွာ ပူး၍ ချည်နှောင်ထားရမည်။
(၃) မျက်နှာအားဖုံးအုပ်သော အစပိုပါသည့် ချည်ကတ်ဦးထုတ် (ခေါင်းစွပ်) ဝတ်ပေးရမည်။
(၄) ကြိုးအား လည်ပင်းတွင် တင်းတင်းရင်းရင်းစွပ်၍ ထားပြီး ကြိုးဖြတ်၍ တုံ့ခနဲ့အကျတွင် နားရွက်၏ နောက်မှ ပြေးတက်စေရန် ကြိုးထုံး (သို့) သတ္တုနဖားသည် မေးရိုးအောက်ဘက်ရှေ့တည့်တည့်တွင် ရှိစေရမည်။ သတ္တုနဖားရှိသည့်ဘက်သည် လည်ချောင်းရှေ့တည့်တည့်မှ ဖြတ်သန်းသွားစေရန် ကြိုးကို သေချာစွာ ညှိနှိုင်းချိန်ဆပြီး ဆောင်ရွက်ရန် ဂရုပြုရမည်။
(၅) ဒေါက်မောင်းတံထံသို့ မြန်မြန်သွားပြီး ဒေါက်တံခါးကိုဖွင့်ချရမည်။
.
~ခန္ဓာကိုယ်အား စစ်ဆေးခြင်းနှင့် စွန့်လွှတ်ပေးအပ်ခြင်း (အပိုဒ် - ၆၆၀)
ခန္ဓာကိုယ်အား နာရီဝက် တွဲလောင်းရှိနေစေပြီးနောက် ဆရာဝန်ဖြင့် စစ်ဆေးကြည့်ရှုစေရမည်။ ဆရာဝန်မှ အသက်မရှိတော့ကြောင်းကို ကြေညာသည်အထိ ခန္ဓာကိုယ်အား ဖြုတ်ယူခြင်းမပြုရ။ သေဒဏ်ကြိုးပေးခံရသော ရာဇဝတ်သား၏ ခန္ဓာကိုယ်အား ၎င်း၏ ဆွေမျိုးသားချင်းများ (သို့) မိတ်ဆွေများမှ တောင်းဆိုခြင်း မပြုမှသာ မြုပ်နှံပစ်ရမည်။ ခန္ဓာကိုယ်အား ဆွေမျိုးများ မိတ်ဆွေများမှ တောင်းဆိုလာလျှင် ငြင်းဆိုရန် အထူးအကြောင်းကိစ္စ မရှိလျှင် (အပိုဒ် ၁၀၁-၉-ကြည့်) တံခါးကြီး၏ ပြင်ပသို့သယ်ဆောင်သွားပြီးနောက် ထိုနေရာအား ၎င်းတို့အား ပေးအပ်လိုက်ရမည်။

~သေဆုံးသူ ရုပ်ကလာပ်အား မိတ်ဆွေ (သို့) ဆွေမျိုးများကို ပေးအပ်ခြင်း (အပိုဒ် - ၁၀၁၉)
အကျဉ်းထောင်တွင် သေဆုံးသွားသော (သို့) သေဒဏ် အပေးခံရသော အကျဉ်းသား၏ ရုပ်ကလာပ်ကို ထိုအကျဉ်းသား၏ မိတ်ဆွေများမှ တောင်းဆိုလာလျှင် ပေးအပ်နိုင်သည်။ အထူးဆန့်ကျင်ဘက်အကြောင်း တစ်စုံတစ်ရာနှင့်အကျိုးယုတ်နိုင်သော အကြောင်းများရှိလျှင် မပေးအပ်ရ။
ဥပမာ ။ ။ အကျဉ်းသားသည် ကူးစက်ရောဂါကြောင့် သေဆုံးခြင်း (သို့) အကျဉ်းထောင်တွင်း သေဒဏ်ပေး၍ သေဆုံးသော အကျဉ်းသားဖြစ်လျှင်၊
၎င်း၏ ရုပ်အလောင်းကို သင်္ဂြိုလ်သည့်အခါ ဆန္ဒပြမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု မှတ်ယူနိုင်ရန် အကြောင်းရှိသည်ဟု ထင်မြင်လျှင် မပေးအပ်ရ။

(အကျဉ်းထောင်စွဲ မှ ကောက်နုတ်တင်ပြပါသည်။)
98 views10:10
Open / Comment
2022-07-25 08:52:11
ဗီဒီယိုကိုအတိုချုံးပြီး ဖိုင်ဆိုက်လျှော့ပေးထားတယ်။
192 views05:52
Open / Comment
2022-07-25 06:37:53
15 views03:37
Open / Comment
2022-07-23 09:28:52 ICJ မှာ တရားစွဲခဲ့တဲ့ ဒီဖြစ်ရပ်က တပ်မတော်အပေါ်သီးသန့်ဆွဲချက်တင်တာမျိုးမဟုတ်ဘူး။ မြန်မာဆိုတဲ့ နိုင်ငံအပေါ်မှာ စွဲချက်တင်ခြင်းမျိုး ဖြစ်တယ်ဆိုတာကို မြန်မာ အများစု၊ Khit Thit မီဒီယာအပါအဝင် လူအများစုက သဘောမပေါက်ကြဘူး။ ဒါကြောင့်လည်း Khit Thit က မနေ့က သတင်းဖော်ပြချက်မှာ စစ်ကောင်စီရဲ့ ကန့်ကွက်ချက်လို့ သုံးနှုန်းသွားတာ ဖြစ်တယ်။ မြန်မာဆိုတဲ့ နိုင်ငံအပေါ်ကို တရားစွဲဆိုတာ ဖြစ်လို့ ဒီအမှုစတင်ဖြစ်ပွားခဲ့ချိန် တာဝန်ယူထားတဲ့ တည်ဆဲအစိုးရ ဖြစ်တဲ့ NLD က ဦးဆောင် ဖြေရှင်းခဲ့တာ ဖြစ်သလို လက်ရှိအစိုးရအပြောင်းအလဲကာလမှာ ဒီအမှုကိုပဲ နစက က တာဝန်ယူ ဖြေရှင်းနေရခြင်း ဖြစ်တယ်။ ဆိုလိုတာက အစိုးရအပြောင်းအလဲနဲ့ မဆိုင်ဘူး။ နစက နဲ့ တပ်မတော်ကို သီးသန့် တရားစွဲနေတာမဟုတ်ဘူး။ နိုင်ငံ‌ တော်ကို တရားစွဲ‌နေခြင်း ဖြစ်တယ်ဆိုတာ သိဖို့လိုတယ်။

လက်ရှိအမိန့်ချမှတ်မှုအရ ဒီအမှုကို ICJ က လက်ခံအတည်ပြုပြီးသလို ဖြစ်သွားလို့ တရားရေးအရ အရေးယူနိုင်ဖို့ အမှုကိစ္စတွေ တည်ဆောက်စရာ ရှိတာ တည်ဆောက်သွားမှာဖြစ်တယ်လို့ အကြမ်းဖျဉ်း နားလည်လို့ရတယ်။ ဒါပေမယ့် စိုးရိမ်စရာ လိုလားလို့မေးရင် ၁၉၈၆ ခုနှစ်မှာ ICJ မှာဘဲ Nicaragua နိုင်ငံက အမေရိကန်နိုင်ငံကို တရားရေးမှာ အနိုင်ရဖူးတယ်။ Nicaragua နိုင်ငံကို လျော်ကြေးပေးဖို့ အမိန့်ချမှတ်ခဲ့ပေမယ့် အမေရိကန်က ဂရုမစိုက်ခဲ့ဘူး။ ယူကရိန်း- ရုရှားစစ်ပွဲနဲ့ ပတ်သက်ပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရုရှားက လုပ်နေပါတယ်ဆိုပြီး စစ်ပွဲတွေ ရပ်တန့်ပေးဖို့ အမိန့်ချမှတ်ဖူးတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကိုလည်း ပူတင်လည်း ဂရုမစိုက်ခဲ့ဘူး။

ပြောချင်တာက ဒီအမှုရဲ့ အဆုံးသတ် ဆုံးဖြတ်ချက်က ဘာဖြစ်ပါစေ မြန်မာနိုင်ငံအနေနဲ့ စိုးရိမ်စရာ မရှိဘူး။ သို့သော် ... မြန်မာနိုင်ငံရဲ့ အနောက်ဘက် ဒေသမှာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းအမဲစက်ကြီးအဖြစ်နဲ့ ပုံရိပ်ဆိုးဖြစ်အောင်လို့ မရရအောင် ပုံဖော်သွားမှာဖြစ်တယ်။ ခုလည်း ကိုယ့်တိုင်းရင်းသား‌တွေဟာ မြေပြင်မှာ အသတ်ခံရတဲ့အပြင် ICJ မှာပါ နိုင်ငံက တရားစွဲခံရတဲ့အဖြစ်ဟာ မြန်မာနိုင်ငံအတွက်တော့ မိအေး ၂ ခါနာရတဲ့အဖြစ်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကုလား-ရခိုင်အရေးအခင်းဟာ ခုမှ ဖြစ်လာခဲ့တာမဟုတ်ဘူး။ လွတ်လပ်ရေးနဲ့အတူ တချိန်တုန်းကလည်း ရခိုင်ရွာပေါင်း ၃၀၀ ကျော်လောက် မြေပုံပေါ်က ပျောက်ခဲ့ဖူးတယ်။ ဒါတောင် တချို့သော နီပေါ တွေက ICJ မှာ မြန်မာ ရှုံးပါစေလို့တောင် Comment တွေပေးနေကြတာကို အံ့အားသင့်ဖွယ် မြင်တွေ့ရသေးတယ်။

Phoe Si
130 views06:28
Open / Comment
2022-07-22 11:51:12
186 views08:51
Open / Comment
2022-07-22 09:32:42
ဒေါ်လာစျေးတက်လို့ ပြိုလဲသွားတဲ့တိုင်းပြည် မရှိသေးဘူး
တိုင်းပြည်ရဲ့ Macroeconomic ကို
ထိခိုက်မယ် တိုင်းပြည်ရဲ့ GDP တွေကျမယ်

လက်ထဲက ငွေတစ်သောင်းက ၃ ထောင်ပဲ
တန်တော့တယ်ဆိုတာတွေက ဂျင်းပါ
Exchange rate အရတော့ ပြောင်းလဲနေမှာပဲ
ငွေဖောင်းပွမှုနှုန်း Inflation ကိုသိချင်ချင်
ရင်တော့ CPI Consumer Price Index ကိုတိုင်းတာမှ ရပါလိမ့်မယ်

နိုင်ငံအတော်များများမှာ
ဘဏ်စုနှုန်း Saving rate က အနည်းဆုံး
၈၀% လောက်ရှိတဲ့ချိန်မှာ မြန်မာပြည်မှာ
၅% လောက်ပဲ ရှိပါတယ်
Saving များမှ Investment လုပ်နိုင်မှာ

မြန်မာပြည်ကလူတွေ ဘဏ်မှာ ငွေထားလေ့မရှိဘူး ရွှေပဲဝယ်စု​ကြတာ
လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအရ
ဘာမှထူးထူးခြားခြား မပြောင်းလဲနိုင်ဘူး

ကျန်းမာရေးကဏ္ဍ မှာတော့
ဆေးတွေ ပြတ်လပ်နေတာကတော့
အရမ်းဆိုးရွားတယ်

သိရိလင်္ကါလို ဖြစ်တော့မယ်တို့
ဟိုဟာပြိုတော့မယ် ဒီဟာပြိုတော့မယ်နဲ့

လက် ၃ ချောင်း ၃ လထောင်ရင်
အစိုးရပြုတ်ပီဆိုတဲ့ ဂျင်းတွေကြောင့်
သေသွားတဲ့ ဘဝတွေကိုကြည့်ပြီး

ဂျင်းထည့်ပြီးရင်းထည့်နေတဲ့သူတွေကြည့်ပြီး စိတ်ပျက်မိတယ်

အရာအားလုံးက အချိန်ကာလက
စကားပြောသွားမှာပါ

Htin Lin Oo
205 viewsedited  06:32
Open / Comment
2022-07-18 06:55:52 နှစ် လ နာရီ အခါရာသီရွေ့ပေမဲ့
....... ........

မနက်ဖြန်ဆို အာဇာနည်နေ့ ရောက်ပြီ။

အာဇာနည်နေ့ရောက်တိုင်း ကိုယ်သတိရမိတာက
ဖြိုးမင်းသိန်းကြီးနဲ့ သူ့အကြည့်တွေကိုပဲ။

ပထမဆုံးပုံက သူ တပ်ချုပ်ကို ညွှန်ချုပ်အဆင့်လို့စော်ကားပြီးမှ စာပို့ပြီးတောင်းပန်ထားစ အာဇာနည်နေ့မှာ
တက်ရောက်ဂါရဝပြုတဲ့ တပ်ချုပ်ကို တောင်းပန်တိုးလျှိုးတဲ့အကြည့်နဲ့ ကြည့်နေတာ။

ဒုတိယပုံက တောင်းပန်ပြီးနောက်နှစ်ပဲ။ NLD က အရေးမယူတော့ဘူးဆိုတာ သိ၊ တပ်ချုပ်ကလည်း ဘာမှဆက်မလုပ်တော့တာသိပြီးတော့ ''မင်းဘာတတ်နိုင်သေးလဲ'' ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတာ။

တတိယပုံကတော့ ဒေါ်စုကို ရွှေခုနစ်ပိဿာနဲ့ ဒေါ်လာခြောက်သိန်းလာဘ်ထိုးပြီး အိပ်ထဲထည့်ထားနိုင်ပြီဆိုပြီး ဘယ်သူတိုင်တိုင်မမှုတော့ဘဲ အနာဂတ်ရဲ့ NLD သမ္မတလောင်း ဒေါ်စုနေရာဆက်ခံမဲ့သူ We Love ကွီးဖြိုး Group တွေထောင်ပြီး ပွဲခံနေတဲ့အချိန်တုန်းက။

အခုတော့ အနာဂတ်သမ္မတလောင်းကြီး NLD မှာ ဒေါ်စုနေရာကို ဆက်ခံမယ်ဆိုတဲ့သူကြီးဟာ ဒေါ်စုကို သူ လာဘ်ပေးရကြောင်း နစကကို ဒူးထောက် ဖော်ကောင်လုပ်ပြီး နိုင်ငံရေးသေသွားပြီ။ လာဘ်ပေးတတ်တဲ့ စရိုက်ရှိတဲ့ လာဘ်ယူမှုတွေနဲ့ တိုင်ခံရတဲ့ ဝန်ချုပ်ပြုတ်ဟောင်းဖော်ကောင်အဖြစ်နဲ့ တပ်ချုပ်ကို ဒူးထောက်ခယနေပြီ။

အခုအချိန်မှာ သူ တပ်ချုပ်ကို ဘယ်လိုရင်ဆိုင်နေလဲ မသိပေမဲ့ ပထမပုံကလို မျက်လုံးမျိုးလေးထက်တော့ အရည်လဲ့နေမှာ သေချာတယ်။

Phyo Wei
47 viewsedited  03:55
Open / Comment
2022-07-17 09:13:05
ခရီးစဉ်မှာ မြင်တွေ့သလောက်တော့ ရုရှားမှာလည်း နျူစွမ်းအင်နဲ့ E- bus တွေ ဆွဲနေတာ တွေ့ခဲ့တယ်။ အဓိက ကတော့ စွမ်းအင်ပါပဲ။ နျူစွမ်းအင်လည်း ရှိသလို ရေနံထွက်အားလည်း ကောင်းတဲ့နိုင်ငံအတွက် လျှပ်စစ်က Transport တိုင်းမှာ နေရာယူတာ ဆန်းတော့မဆန်းဘူး။

အိမ်နီးချင်း ဘင်းမှာလည်း နျူဆောက်နေတာရှိလို့ ကိုယ်နိုင်ငံလည်း နောက်ကျမကျန်စေချင်ဘူးဆိုရင် မှီရာကားနဲ့ လိုက်ရမှာပါပဲ။ နျူဆိုတဲ့နေရာမှာလည်း လက်နက်အတွက် သာ လက်မှတ်ထိုးထားတယ်ဆိုတဲ့အချက်ကို သတိပြုရမှာ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုရင် လျှပ်စစ်က အခြေခံ အကျဆုံးပါပဲ။ ဒီနေရာမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတခုအတွက် ရွေးချယ်စရာ များများစားစား မရှိပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေတောင် ကျောက်မီးသွေးစနစ် ကို လည်ပတ်နေရသေးရင် တချို့ဝေဖန်မှုတွေကို မျက်ကွယ်ပြူထားဖို့ လိုပါတယ်။ ပြောချင်တာက လျှပ်စစ်ကို ရေအားကပဲ ရရ၊ ကျောက်မီးသွေးကပဲ ရရ ဒီနိုင်ငံမှာ လျှပ်စစ်မီးအခြေခံရှိမှ ကျန်တာ ဆက်လုပ်လို့ရမှာ ဖြစ်လို့ မဖြစ်မနေ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။

ခုတခေါက် ပြည်ပခရီးစဉ်မှာ ဒီလုပ်ငန်းစဉ်လေးတွေ ပါလာခဲ့ရင်တော့ တိုင်းပြည်အတွက် ‌အကျိုးရှိ‌ စေမှာ အမှန်ပါပဲ။

ဖိုးစီ
150 viewsedited  06:13
Open / Comment
2022-07-17 07:38:50 လက်ရှိတိုင်းပြည်အခြေအနေမှာ
လွှတ်တော်ထဲမှာ တပ်မတော် ၂၅ ရာခိုင်နှုန်းရှိလို့ပြည်သူတွေ ထိခိုက်နစ်နာသွားရတဲ့ ၊တိုင်းပြည်ဒုက္ခတွေ့ခဲ့ရတဲ့ ကိစ္စ လက်ရှိအချိန်ထိ မရှိသေးဘူး....

မျိုးစောင့်ဥပဒေကို ဖျက်ခဲ့တာ ဟာ
တပ်မတော်မဟုတ်ဘူး
ဧည့်စာရင်းဥပဒေကို ဖျက်ခဲ့တာဟာ
တပ်မတော် မဟုတ်ဘူး...
မဘသ မလိုဘူးလို့ ပြောခဲ့တာ
တပ်မတော် မဟုတ်ဘူး
ကလေးသူငယ်မွေးစားခြင်းဆိုင်ရာဥပဒေကိုပြဌာန်းခဲ့တာ တပ်မတော်မဟုတ်ဘူး....
ဘင်္ဂလီကို ဘင်္ဂလီ လို့မခေါ်ရဲတာ
တပ်မတော် မဟုတ်ဘူး
ဝါးတလုံး ၂၅၀၀နဲ့ ပလပ်စတစ်ထိုင်ခုံ တလုံးကို ၇သောင်း စျေးနှုန်းစာရင်းပြခဲ့တာ တပ်မတော် မဟုတ်ဘူး
လွှတ်တော်ဆေးသုတ်ခက လွှတ်တော်စဆောက်စဉ်က ကျသင့်တန်ဖိုးထက် ပိုပြီးစာရင်းတင်တောင်းခဲ့တာ
တပ်မတော် မဟုတ်ဘူး
လေယာဉ်ကွင်းကို သိန်း၈ထောင်ပေးပြီး
ခြုံးရှင်းခိုင်းခဲ့တာ တပ်မတော်မဟုတ်ဘူးကယားပြည်နယ်က ပြည်နယ်ပိုင်ကွင်းကို နှစ်ရှည်စာချုပ်ချုပ်ပြီး ကိုယ်ကျိုးသုံးခဲ့တာ
တပ်မတော် မဟုတ်ဘူး....
နေပြည်တော်က မြေကွက်တွေကို
အစိုးရစျေးနဲ့ရဖို့ လုပ်ခဲ့တာဟာ တပ်မတော် မဟုတ်ဘူး
လူစုလူဝေးမလုပ်ရဆိုတဲ့ စည်းကမ်းချက်တွေကိုဖောက်ဖျက်နေတဲ့ သူက တပ်မတော်မဟုတ်ဘူး...
ကိုဗစ်ဖြစ်လို့ ကူးစက်နှုန်းနဲ့သေဆုံးနှုန်းများနေတဲ့အချိန်မှာ
ရွေးကောက်ပွဲက ပထမ ၊
ရွေးကောက်ပွဲ က ဒုတိယဆိုပြီး ကြွေးကြော်နေတာ
တပ်မတော်မဟုတ်ဘူး.....

၂၀၀၈ ဖွဲ့စည်းပုံအရ
လွှတ်တော်ထဲမှာ ရှိနေတဲ့ တပ်မတော်ကြောင့်တိုင်းပြည်နစ်နာသွားရတဲ့ ကိစ္စဆိုတာဒီလွှတ်တော်နှစ်ဆက်စလုံးမှာ မရှိခဲ့ဘူး။ပြည်သူအကျိုးထိခိုက်စေတဲ့ ဥပဒေမျိုးကိုတပ်မတော်ကြောင့် မပြဌာန်းလိုက်ရပါဘူးဆိုတဲ့
ဖြစ်ရပ်မျိုးဒီလွှတ်တော်နှစ်ဆက်စလုံးမှာ မရှိခဲ့ဘူး။

ဘတ်ဂျက်အဖြတ်ခံရချိန်မှာတောင်
ပြည်သူတွေအတွက် တပ်မတော်ရဲ့ တနေ့လုပ်အားခတွေလှူခဲ့တယ်...
ကိုဗစ်ဖြစ်နေချိန်မှာတောင်
တန်ဖိုးသင့်ထမင်းဟင်းတွေရောင်းပေးခဲ့တယ်နေရာစုံအလွှာအသီးသီးကပြည်သူတွေကို ဆန်၊ဆီ၊စားတွေ ဝေခဲ့တယ်။
ဆရာဝန်တွေ မရှိတော့လို့ ကုသဖို့အခက်အခဲဖြစ်နေတဲ့ တာချီလိတ်က ပြည်သူ့ဆေးရုံကို စစ်ဘက်ဆရာဝန်တွေ စေလွှတ်ခဲ့တယ်။၈ လတာ ကျော်လွန်ခဲ့တဲ့ ကိုဗစ်ဖြစ်တဲ့ကာလမှာတပ်မတော်ကြောင့် ပြည်သူတွေ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့တာတွေမရှိဘူး...နောင်လည်း ရှိလာဦးမှာ မဟုတ်ဘူး...

ဖိုးစီ
38 viewsedited  04:38
Open / Comment