Get Mystery Box with random crypto!

သူမင်းကိုဘယ်တော့မှ -ဂျူး (စာအုပ်ထဲကအကြောင်းအရာ review ကိုရ | Review For You

သူမင်းကိုဘယ်တော့မှ -ဂျူး

(စာအုပ်ထဲကအကြောင်းအရာ review ကိုရေးခြင်းမဟုတ်ဘဲ ကျမ့အမြင်ကျမ့ခံစားချက်နဲ့ စာအုပ်reviewရေးခြင်း ဖြစ်တယ်လို့ ကြိုတင်အသိ​​ပေးပါတယ်ရှင့်။)
ဆရာမဂျူး လို့ပြောလိုက်ရင် 'အမှတ်တရ'ကိုအရင်ဆုံး ပြေးမြင်မိကြမှာဘဲ။ ဆရာမရဲ့ပထမဆုံး ဝတ္ထုမို့လဲ 'အမှတ်တရ'က ပိုပြီးလူသိများတာဖြစ်မယ်။ တကယ်ဆို ဆရာမဂျူးရဲ့ ဝတ္ထုတွေထဲက ဘယ်စာအုပ်ကအကောင်းဆုံးလဲမေးရင် ဖြေရခက်ပါတယ်။
ဆရာမရဲ့ဝတ္ထု တစ်ပုဒ်ချင်းစီက အကြောင်းအရာ တစ်ခုစီကို ထောင့်စေ့အောင်ဖော်ပြတတ်ပြီး ဝတ္ထုတိုင်းက အားပါပါတယ်။မိန်းခလေးအတွက်ဆို ပိုကောင်းတဲ့ဘဝလေးတွေကို မြင်စေပြီး ကိုယ့်အားကိုယ်ကိုး ၊ကိုယ့်အစွမ်းအစကိုယ်ဖော်ထုတ်နိုင်စွမ်းတွေ ပိုတိုးဖို့ အားအင်ဖြစ်စေပါတယ်။
'သူ မင်းကိုဘယ်တော့မှ' မဖတ်သေးခင်အထိတော့ 'မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်' ၊'ဆုံးနေရက်နဲ့ လွမ်းလေခြင်း' နဲ့ နံရံရဲ့အခြားတစ်ဖက်'တို့ကို နည်းနည်း ပိုပိုသာသာလေးသဘောကျမိတယ်။ အကြိုက်ဆုံးဆိုပြီးခွဲပစ်နိုင်အောင်အထိ ဆရာမ့ဝတ္ထုတွေရဲ့ ဖမ်းစားနိုင်စွမ်းတွေက အရမ်းကွာနေတာမျိုးမရှိလို့ နည်းနည်းပိုပိုသာသာလို့ပဲပြောနိုင်တာပါ။ အခု'သူမင်းကို ဘယ်တော့မှ ဖတ်ပြီးတဲ့အခါမှာတော့ အစောက သုံးအုပ်ထက် ပိုပြီး ဒီစာအုပ်လေးကို ကျမသဘောကျမိတယ်။
ဒီစာအုပ်မှာ ကျမရှာနေတဲ့အဖြေတွေကို သွားတွေ့တယ် ။ ရွာဖက်တွေက(ကျမလဲ ရွာဘက်ကပါပဲ) မိန်းခလေးတွေရဲ့ အတွေးတွေ လုပ်ရပ်တွေအပေါ် အားမလိုအားမရဖြစ်ဖူးတယ်။ အက်လောက်ထိ လက်ခံရသလ့ ဘာလို့နည်းနည်းလေးမှမာနမရှိနိုင်ရတာလဲဆိုပြီးရော ၊ ဘာလို့ဆင်းရဲတဲ့သူတို့တွေကိုမှ ကံကြမ္မာဆိုးတွေရောက်ရောက်လာရသလဲ(ကျမက ချမ်းသာတဲ့ထဲကတော့မဟုတ်ပေမယ့် အလယ်အလတ်တန်းစားထဲလောက်တော့ရှိတယ်လေ) ၊ သူတို့တွေကို နည်းနည်းလေးဖြစ်ဖြစ် ပိုကောင်းတဲ့ဘဝရောက်အောင် ဘယ်လိုနည်းနဲ့ကူညီလို့ရမလဲပေါ့။ ​စိတ်ထဲမှာလဲ ဆရာမဂျူးကိုများသွားမေးရင် ဆရာမကိုဘယ်လိုဖြေမလဲ တွေးတောဖူးတယ်။ အခုတော့ မေးစရာမလိုတော့ဘူး။ ဒီစာအုပ်ထဲကနေ ညမလိုချင်တဲ့အဖြေအားလုံးကို ကျမမျှော်လင့်ထားတာထက်ပိုပြီး ကျေနပ်စရာကောင်းလောက်တဲ့အဖြေတွေရလိုက်လို့ပါပဲ။ ကျမဒီစာအုပ်ကို pdfနဲ့ ဖတ်တာပါ။ ကြိုက်လွန်းလို့ရော ကျမနဲ့သိတဲ့ ကလေးတွေရော ၊အခြားသူတွေရော ပေးဖတ်ချင်လို့ စာအုပ်ကောသွားဝယ်ထားလိုက်တယ်။ ( စောက်ကြီးစောက်ကျယ်နိုင်တယ်လို့​တော့မတွေးစေချင်ဘူး။ ကျမက ပညာရေးကောလိပ်ကျောင်းသူပါ။ ရွာမှာဆို ခလေးတွေကိုစာသင်ပေးဖြစ်တယ်လေ။ သူတို့တွေအပေါ်လဲသံယောဇဥ်တွယ်မိလို့ အက်လိုတွေတွေးဖြစ်တာက ဖြစ်သင့်တယ်မလား။)
အကြိုက်ဆုံးဆိုတဲ့ကိစ္စမှာတော့ စာဖတ်သူရဲ့အခြေအနေ ၊အက်စာအုပ်ကိုဖတ်လိုက်ရတဲ့အချိန်၊ ဖတ်နေတဲ့နေရာက ပတ်ဝန်းကျင်ရဲ့အခြေအနေ စတာတွေအပေါ်မူတည်ပါလိမ့်မယ်။

#Zaw#