Get Mystery Box with random crypto!

#ဂျီဟောသူ #ဆရာမမစန္ဒာ 'တို့လေးယောက်မ‌ေတွ့ရတာကြာပြီ။တစ်‌ေနရာမှာ | Review For You

#ဂျီဟောသူ
#ဆရာမမစန္ဒာ
"တို့လေးယောက်မ‌ေတွ့ရတာကြာပြီ။တစ်‌ေနရာမှာစံုကြရ‌ေအာင်နော်။" လို့ သဉ္ဇာက‌ေပြာ‌ေတာ့"အင်း ကောင်းတာပေါ့ သဉ္ဇာ"လို့ပြန်ပြောဖြစ်တယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ သဉ္ဇာပြောတဲ့အချိန်မှာ ကိုယ်က ဆရာမစန္ဒာရဲ့ ဂျီ‌ေဟာသူစာအုပ်ကို ဖတ်နေတဲ့အချိန်ပဲ။ ဒါနဲ့ပဲဒီ reviewလေးရေးဖြစ်သွားတယ်။
ဒီစာအုပ်လေးထဲမှာ စက်မှုတက္ကသိုလ်က A,B,C,Dကနေ Gအထိအဆောင်တွေရှိတဲ့ထဲက Gအဆောင်မှာရှိကြတဲ့ ကျောင်းသူတွေကို ဂျီဟောသူလို့ခေါ်ကြတာပါပဲ။ ဂျီဟောဆောင်ထဲက ခင်ချို၊မမခင်၊ဝေဝေ၊မော်မော်၊ မဝါ၊ညို‌ေထွး၊ထွေး‌ေ‌ထွး တို့ သူငယ်ချင်းတစ်စုအကြောင်းဆိုပါတော့။ တစ်နေ့တော့မဝါတစ်ယောက် ဂျီဟောသူတွေကိုမလှဘူးဆိုတော့ သူဒေါကန်ပြီး ဂျီဟောသူတွေ စုကြတဲ့အဲ့နေ့ကလက်ဖက်ဝိုင်းလေးမှာ သူတို့ကိုမလှဘူးပြောတဲ့ ယောင်္ကျားလေးတွေအကြောင်း ပြောဖြစ်ကြတယ်။အဲ့ဝိုင်းလေးမှာ မဝါက"ဒါပေမယ့် ယောင်္ကျားမိန်းမ ပြိုင်ပြောကြစတမ်းဆိုရင် မိန်းကလေးကပဲ ရှုံးရမှာပေါ့"လို့အားငယ်ငယ်နဲ့ပြောတယ်။ ဒါမယ့် ညိုထွေးကတော့"ဘာလို့ရှုံးရမှာလဲ၊ မှတ်ထား မဝါရဲ့။ ယောင်္ကျား ဆိုတာဘာနဲ့ထုထားတာမို့လဲ၊ ယောင်္ကျားတိုင်း ယောင်္ကျားတိုင်းက မိန်းကလေးတိုင်းအတွက် ကစားစရာအရုပ်လေးတွေပဲ"လို့ ခပ်တင်းတင်းပြောတယ်။ဒါနဲ့ ဝေဝေ၊မော်မော်၊ မိဝါ၊ မဝါကတစ်ဖက် ညိုထွေးကတစ်ဖက်နဲ့ လက်ဖက်ဝိုင်းလေး အချေအတင် ဖြစ်လာပြီး အလောင်းအစားတွေပါပါလာကုန်တော့ နားထောင်သမားသက်သက် လုပ်နေတဲ့ဒိုင်လူကြီးခင်ချိုတောင် ရင်တုန်လာလို့ ဆေးသကြားဖျော်သောက်လိုက်ရသတဲ့။ ပစ်မှတ်က ကိုရင်မောင့်အသည်း၊ ပစ်မည့်မြားကား မညိုထွေး ပွဲကြည့်ပရိသတ်‌ေတွကား ဝေဝေ၊မော်‌ေမာ်၊မိနဲ့မဝါ ၊ တရားသူကြီးကတော့ ခင်ချိုပင်။အလောင်းအစသည်ကား‌ေကျာင်းပြီး အလုပ်လုပ်ကြတဲ့အခါ လခတစ်လခစာသတ်မှတ်ကြသည်။ရှုံးသည့်ဘက်မှ နိုင်သည့်ဘက်ကို လခတစ်လခစာပေးရမည့်သဘောပင်။ ဒီဝိုင်း‌ေလးမှာ မမခင်နဲ့ ထွေးထွေးတို့မပါခဲ့ပေ။ ခင်ချိုတို့သည်လက်ဖက်စားပြီး သစ္စာပြုခဲ့ကြရ‌ေသာ‌ေကြာင့်လက်ဖက်သစ္စာစူးမည်စိုးကြ၍ မည်သူ့ကုိမှ ပြန်မပြောဖြစ်ကြပေ။
ဒီပွဲမှာဘယ်သူတွေနိုင်သွားမလဲ။ ညိုထွေးနိုင်မလား၊ ဝေဝေတို့နိုင်မလား၊တရားသူကြီးခင်ချိုက‌ေကာဘယ်လိုဆံုးဖြတ်‌ေပးမလဲဆိုတာ စိတ်လှုပ်ရှား ပျော်ရွှင်ဝမ်းနည်းစွာ စောင့်ကြည့်ရမှာပါ။
ဒီဝတ္ထုလေးထဲမှာတော့ တက္ကသိုလ်ကျောင်းသား/သူဘဝကိုတွေ့ရမှာပါ။သူငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတဲ့ကျောင်းသား/သူဘဝလေးတွေကို ဖတ်ရှုခံစားရမှာပါ။ကိုယ်ကိုယ်တိုင် ကျောင်းသားဘဝပြန်ရောက်သွားသလို ခံစားရသွားရမယ့်အပြင် ဗဟုသုတတွေပါ ရရှိမှာပါ။ဒါနဲ့ဂျီ‌ေဟာသူရုပ်ရှင်ဇာတ်လမ်းတွဲ‌ေလးလည်း‌ေကာင်းတယ်လို့ကြားမိတယ်။ကိုယ်‌ေတာ့မကြည့်ရ‌ေသးလို့ ။ကျောင်းသား/သူဘဝကို ပြန်ခံစားချင်တဲ့သူတိုင်းအတွက် မလွတ်စတမ်းဖတ်ရှုသင့်ပါကြောင်း....
#Review by khing