Get Mystery Box with random crypto!

#မီ #ဆရာမကြည်အေး လူငယ်တစ်ယောက်ရဲ့ အရူးအမူးအချစ်မျိုးနဲ့ မီ့ကို | Review For You

#မီ
#ဆရာမကြည်အေး
လူငယ်တစ်ယောက်ရဲ့ အရူးအမူးအချစ်မျိုးနဲ့ မီ့ကိုချစ်မိတဲ့ မောင်ကိုလေး
"မီဟာ ကျွန်တော်မခံနိုင်ဆုံးစကားကိုသိပ်ပြောတတ်တယ်။'မုန်းလိုက် ..မုန်းလိုက်'တဲ့ရောဂါကြီးနဲ့ မိန်းကလေးတစ်ယောက်နေရတဲ့ မီ့ကိုဘယ်သူမုန်းနိုင်ပါမလဲ။ မီဟာသနားစရာသက်သက်ပါ'လို့ဆိုပြီး
နောက်ဆုံးမီ့စိတ်နဲ့ပင် စစ်ထဲဝင်၍သေလေသောမောင်ကိုလေးပင်။
မောင်ကိုလေးရဲ့အ‌ေပြာကတစ်ဆင့်မိတ်ဆက်ပေးမှုဖြင့် မောင်ကိုလေးကိုသေစေခဲ့သောကြောင့်မ‌ီ့ကိုမုန်းကာတဖြည်းဖြည်းမသိစိတ်က မီ့ကိုစွဲလန်းသွားသော သော်ဆွေ
"မီ့ကိုမုန်းသည်ဟုကျွန်တော်ပြောခဲ့ဘူးပေသည်။သိုသော်ကျွန်တော့်၏အမုန်းသည် မီကျွန်တော်တစ်ယောက်နားသာကပ်နေစေလိုသည့်အမုန်းမှန်း ခုသိရပါပြီ" "မီ..မီ..မီဟာ..မီမဟုတ်ဘူး။မီးပဲ..မီးပဲ၊ငါ့ကိုရှို့‌ေနတဲ့မီးပဲ..မီလေးရယ်"မီရဲ့ထူးခြားဆန်းြကယ်တဲ့အပြုအမှုနဲ့အတူ မီ့ကိုမြတ်မြတ်နိုးနိုးချစ်မိသွားကာ မီလုပ်သမျှပြဿနာတို့ကိုမီ့အနား‌ေနကာလိုက်ဖြေရှင်းတော့သည်။
"မီဟာ ကျားနာပဲ၊မီမြင်ရာလူကို ဒုက္ခပေးချင်တယ်၊သူတို့ကိုသနားစရာလား။မီ့ကိုမ‌ေကာင်းကြံနေတာတွေ သူတို့ဂျောက်ထဲကျရင် မီကတော့ဝမ်းသာလိုက်တာ"ဆိုတဲ့မီ။
မီတစ်ယောက်ကိုသော်ဆွေနဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်လာမလဲ။ကိုသော်ဆွေကကောမီ့ကိုပြောင်းလဲနိုင်ပါ့မလား။
ဆရာမကြီးကြည်အေးရဲ့ လက်ရာကောင်းဖြစ်တဲ့မီ၊မနဲ့စပြီး မြန်မာစာပေလောကမှာထင်ရှားတဲ့စာအုပ်၅အုပ်ထဲက တစ်အုပ်အပါအဝင်ဖြစ်ပါတယ်။ဒီ၀တ္ထု‌ေလးကိုဖတ်ရင်းနဲ့ မီ့ကိုတော့သနားမိတယ်။မီကိုအဆုံးထိဖတ်ပြီးသည့်တိုင် မီဘာကြောင့်ဒီလိုထူးဆန်းတာတွေလုပ်ခဲ့သလဲဆိုတာစဉ်းစားမရအောင် ထူးဆန်းနေတယ်။မီ့ဘဝမှာ စိတ်ဒဏ်ရာတစ်ခုကြီးကြီးမားမားရှိခဲ့လိုသာ မီလုပ်ခဲ့တာလို့တွေးမိလေရဲ့။
#reviewed by khing