Get Mystery Box with random crypto!

#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း #ဆရာနန္ဒသိိန်းဇံ သုတစာအုပ်၊သုတရသ | Review For You

#ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
#ဆရာနန္ဒသိိန်းဇံ
သုတစာအုပ်၊သုတရသစာအုပ်တွေကိုreviewလုပ်ပြီးနောက်မှာတော့ ဒီတစ်ခေါက်စိတ်ဓာတ်ခွန်အားနဲ့ပတ်သက်တဲ့စာအုပ်လေးတစ်အုပ်အ‌ေကြာင်းကို reviewလုပ်ပေးမှာပါ။
""ဒုက္ခနဲ့ဆုံဆည်းရပါလို၏။ဒုက္ခနဲ့မကွဲွဲမကွာွာနေရပါလို၏"လို့လဲဘယ်သူမှမြတ်မြတ်နိုးနိုးဆုမတောင်းဘူး။ဆုမတောင်းပေမယ့်ပြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒုက္ခနဲ့ဆုံဆည်းနေရလို့ပဲ၊ဒုက္ခနဲ့ အစဉ်လိုလိုပေါင်းဖော်နေရလို့ပဲ။"
လို့ဆိုတဲ့အတိုင်း လူ့လောကမှာ လူဖြစ်နေသ၍ဒုက္ခတွေကြုံဆုံရမှာပါပဲ။အခက်အခဲဒုက္ခတွေကိုဘယ်လိုမျိုးစိတ်ဓာတ်ကြံ့ခိုင်စွာရင်ဆိုင်သင့်တယ်။
"ဒီတော့ အခက်အခဲတွေ၊ဘေးအန္တရာယ်တွေကိုကြုံလာတဲ့အခါမှန်ကန်တဲ့သဘောထား၊အစွန်းမရောက်တဲ့အမြင်၊ပဓာနအကျဆုံးအကြောင်းတရားကိုသိတဲ့အသိနဲ့ရင်ဆိုင်ဖြေရှင်းတတ်ဖို့လိုမှာပဲ။"ဆိုတဲ့အသိတရားတွေနဲ့ပါရင်ဆိုင်ရမှာပါ။
ဘဝမှာအခက်အခဲတွေကိုရင်ဆိုင်ကြုံတွေ့လာရတဲ့အခါအခြေအနေကိုမှန်မှန်ကန်ကန်ရှုမြင်သုံးသပ်နိုင်ရမည်ဖြစ်ကြောင်းဉာဏ်ပညာအမြှော်အမြင်ဟာဘဝမှာအရေးကြီးကြောင်း ဇာတ်လမ်းများစွာနဲ့ဥပမာပေးပြီးရှင်းပြထားပါတယ်။
အကြောင်းအရာတစ်ခုခုက ကိုယ်မျှော်လင့်ထားသလို မဖြစ်လာရင်တောင်စိတ်ဓာတ်မကျသင့်ဘူးလို့လည်းရေးထားပါတယ်။ဒီစာအုပ်လေးဟာ ဆရာနန္ဒသိန်းဇံရဲ့ အထင်ရှားဆုံးစာအုပ်တစ်အုပ်ဖြစ်ပြီး တစ်ခေါက်ဖတ်ရုံနဲ့အသိပညာအများကြီးရနိုင်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။အတွေးအခေါ်ကောင်းများကိုသာမက ဘဝမှာစိန်ခေါ်မှာတွေကို ရင်ဆိုင်ဖို့ သတ္တိတွေရရှိချင်တဲ့လူတိုင်းအတွက်မလွတ်တမ်းဖတ်ရှုသင့်သောစာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါကြောင်း....
#reviewed by khing