Get Mystery Box with random crypto!

#မသိန်းရှင်ဆီပို့ပေးပါ #ဆရာနိုင်ဝင်းဆွေ မီးရထားစီးတဲ့ခရီးသည်‌ | Review For You

#မသိန်းရှင်ဆီပို့ပေးပါ
#ဆရာနိုင်ဝင်းဆွေ
မီးရထားစီးတဲ့ခရီးသည်‌ေတွအတွက်လက်မှတ်တင်တဲ့ ကုန်တွေအတွက်တန်ဆာလုပ်ပေးရတဲ့ တီဘီစီ မီးရထားလက်မှတ်စစ် ကိုရင်မောင်ကို မြိုလှင်ရထားစီးတဲ့ သူတွေသိကြသလို့ ရထားပေါ်ကုန်တင်ကြတဲ့သူတွေလည်း သိကြတယ်။ ရထားမှာလက်မှတ်မဝယ်ဘဲ စီးတဲ့သူတွေ ကုန်ကို တန်ဆာမလုပ်ပဲ တင်တဲ့သူတွေကို ကိုရင်မောင်က အရေးယူလေ့ရှိပေမယ့် တစ်ချို့ကိုသနားလို့အရေးမယူတော့တာလည်းရှိတာပေါ့။ တချို့ကကိုရင်မောင်နဲ့တခြား လက်မှတ်စစ်တွေကို တန်ဆာမလုပ်နိုင် လက်မှတ်မဝယ်နိုင်လို့ လာဘ်ထိုး ကြတယ်။ ထန်းလျက်တင်တဲ့သူတွေကတော့အများဆုံးပေါ့။ တချို့ကို ကိုရင်မောင်တို့ကခွင့်ပြုပေမယ့် ရဲကစစ်တဲ့အခါကြ ထန်းလျက်ပဲမိသလို တစ်ခါတစ်ခါလူပါမိတာမျိုးကြတော့ ကုန်လည်းဆုံး လူလည်း‌ေထာင်ကျတာ။ကုန်လည်းလိုလူလည်း ထောင်မကျချင်တဲ့အခါကြတော့ မိန်းကလေးတွေက သူတို့ရဲ့ဘဝတွေပါပေးဆပ်လိုက်ရတယ်။ အဲ့ဒီခတ်တုန်းက စားဝတ်‌‌ေန‌ေရး အတွက် ရုန်းကန်ကြရတာ‌ေလ။ အဲ့ထဲမှာ ကုန်စိမ်းသည်မ‌ေလးညိုညို လည်းအပါအဝင်‌။ကိုရင်မောင်လည်း ညိုညိုကိုသနားရာက ချစ်မိသွားသလို ညိုညိုကလည်း မယုံရဲပေမယ့် ပြန်ချစ်မိသွားတယ်။ ညိုညိုကအစက ကုန်စိမ်းပဲတင်ပေမယ့် အမေ့ဆေးဖိုးနဲ့မကာမိတော့ ထန်းလျက်ဘက်ကိုကူးလာတဲ့အခါ...
ကိုရင်‌ေမာင်က ညိုညို့ကို ကာကွယ်နိုင်ပါ့မလား။
အခြားထန်းလျက်တင်တ‌ဲ့မိန်းကလေးတွေလိုပဲဖြစ်သွားမလား(သို့) ညိုညို့ဘဝအဆုံးသတ်လှပါ့မလား။
မသိန်းရှင်ဆိုတာဘယ်သူလဲဆိုတာတွေကိုတော့ ဆက်လက်ဖတ်ရှုကြပါအုံးနော်။
မီးရထား‌ေပါ်မှာပါတဲ့ သူတွေရဲ့ ခက်ခက်ခဲခဲရုန်းကန်လှုပ်ရှားရတဲ့ဘဝတွေကို တွေ့မြင်ရသလိုအခုခေတ်အ‌ေခြအနေကို ထင်ဟပ်‌ေစ‌တဲ့ အကြောင်းအရာတွေမို့ ဖတ်ရှုသင့်သောစာအုပ်တစ်အုပ်လို့ ညွှန်းပါရစေ။
#reviewed by Khing