Get Mystery Box with random crypto!

#သူမ #ဂျာနယ်ကျော််မမလေး ' လှ... စိတ်မကောင်းဖြစ်နေသလား ' ' ဖြစ် | Review For You

#သူမ
#ဂျာနယ်ကျော််မမလေး
" လှ... စိတ်မကောင်းဖြစ်နေသလား "
" ဖြစ်မနေနဲ့၊ လောကမှာ လူလုပ်ရင် အကြောင်းအမျိုးမျိုးကြုံရမှာပဲ၊ကြုံလာရင် ကြံရမှာပဲ "
သက်သက်နဲ့ လှကတကယ်ကိုဘဝတူသူငယ်ချင်း‌ေတွ။နှစ်ယောက်လုံးကချမ်းသာကြသလို တစ်ဦးတည်းသောသမီး‌ေတွလည်းဖြစ် ပဲခူးအိမ်မှာ အိမ်ချင်းကပ်ရပ်မို့ပိုခင်ကြတယ်။သက်သက်က ရန်ကုန်အလည်သွားချင်တယ် ပူဆာလို့ သက်သက်နဲ့လှနှစ်‌ေယာက်တည်းရန်ကုန်‌ေရာက်‌ေနခိုက် စစ်တွင်းမို့ပဲခူးအိမ်ကြီးကိုဗုံးထိသွားပြီး မိဘ‌ေတွ‌ေရာ အိမ်တွေပါ အစရှာမရပဲ ပြာပုံကိုပဲ‌ေတွ့ကြရ‌ေတာ့တယ်။ သူတို့လည်းချက်ချင်းဆိုသလိုဆင်းရဲသွားကြပြီး လှကဆရာမလုပ်‌ေပမယ့် ရတာနည်းသလို သက်သက်ကလည်း ငှက်ဖျားဖြစ်လို့နားနေရတာ‌ေပါ့။ ငေွပိုလေးရမလားဆိုပြီး ကားပွဲစားလုပ်တာ့မှပဲ ငွေ ၂၅၀၀/ကို လှက ကားသွားကြည့်စဥ် ကြဲလာသော ဗုံးများကို ရှောင်တိမ်းရင်း ကျပျောက်ခဲ့‌ေသးတယ်။။နဂိုတည်းက ခြိုးခြံ‌ေနရတာမို့ အဲ့ငွေတွေကိုမလျော်နိုင်တဲ့အဆုံး သက်သက်ရဲ့အဖေရှိစဉ်ကဘုရားဌာပနာဖို့ ထားထားတဲ့ ဒေါင်းရုပ်လေးကို လှကျပျောက်တဲ့ ငွေအစား ခေတ္တအပေါင်ထားခဲ့ရတယ်။သက်သက်အခြေအနေသက်သာတာနဲ့ ရန်ကုန်မှာအလုပ်ရှာတော့ ဝန်ကြီးဦးမင်းဟန်အိမ်မှာ အိမ်မှုကိစ္စတွကို စီမံပေးရတဲ့ အိမ်တော်ထိန်း‌ေခါင်းအလုပ်ကို ဝင်‌ေငွကောင်းကောင်းရလို့လုပ်ဖြစ်သွားတယ်။
သက်သက်ရဲ့ အလုပ်လုပ်ပုံ၊နေပုံထိုင်ပုံ၊ အိမ်‌ေထာင်မှုကျွမ်းကျင်ပုံ‌‌နဲ့ ရုပ်ရည်တို့ကို ဦးမင်းဟန်ကမြင်မြင်ချင်းကိုသ‌ေဘာကျန‌ေတာ့တာ။ဒါမယ့် စေ့စပ်ထားတဲ့ ဆယ်ကျော်သက်အရွယ် ရီရီကရှိ‌ေန‌ေသး‌ေတာ့ သူ့ရဲ့ခံစားချက်တွေကို ပူလောင်စွာနဲ့ မြိုသိပ်နေရတယ်။ သက်သက်ကလည်း သဘောကျသလိုရှိ‌ေပမယ့် ရီရီနဲ့‌ေစ့စပ်ထားတဲ့ဦးမင်းဟန်ရှေ့ သူကိုယ်သူသိမ်းဆည်းပြီးတည်ငြိမ်စွာ‌ေနပြတာကို မြင်နေရတဲ့ ဦးမင်းဟန်ကတာ့ ပိုပြီးနာကျင်ခံစားရစေတယ်။
သက်သက်ရဲ့အလုပ်လုပ်တ‌ဲ့နေရာမှ‌ေစ့စပ်‌ေသချာမှု‌ေတွ၊ ဘယ်လိုအခက်အခဲဒုက္ခမျိုးကိုမဆို စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး လုပ်သင့်လုပ်ထိုက်တာ‌ေတွကို ဆုံးဖြတ်လုပ်ကိုင်သွားတာမျိုးတွေ၊ သူ့ရဲ့စိတ်ကိုထိန်းချုပ်ပြီး ကိုယ့်ကိုကိုယ် အကောင်းဆုံးသိမ်းဆည်းသွားတာတွေက တကယ်ကိုအားကျစရာကာင်းပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ လုပ်နိုင်စွမ်း‌ေတွကို ဆရာမကြီးကထင်သာမြင်သာ‌ေတွ့အာင် ရေးပြထားတာမို့ အမျိုးသမီးတေ‌ွ‌အတွက် ဖတ်ကိုဖတ်သင့်တ‌ဲ့‌ စာအုပ်တစ်အုပ်ပါ။ ဘဝမှာ ဒီစာအုပ်‌ေလးမဖတ်လိုက်ရရင် နောင်တရနိုင်တာမို့ ဖတ်ဖို့တိုက်တွန်းလိုက်ပါရစေ။
#reviwed by Khing