Get Mystery Box with random crypto!

ရန်ကုန်မြို့၌ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအပါအဝင် တပ်မတော်အရာရှိတစ်ဦး၊ ပ | ZYH News

ရန်ကုန်မြို့၌ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌအပါအဝင် တပ်မတော်အရာရှိတစ်ဦး၊ ပြည်သူများကို လုပ်ကြံခဲ့သည့် နန်းထိုက် အောင်စစ်ဆင်ရေးအမည်ဖြင့် အကြမ်းဖက်မှုများ လှုပ်ရှားခဲ့သည့် PDF အဖွဲ့ဝင် ၁၄ ဦးကို ရှင်းလင်းနိုင်ခဲ့
……………………………………

ရန်ကုန်၊ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နန်းထိုက်အောင် စစ်ဆင်ရေးအမည်ဖြင့် အကြမ်းဖက်မှုများ၊ လုပ်ကြံသတ်ဖြတ် မှုများဆောင်ရွက်ခဲ့သည့် PDF အဖွဲ့ဝင် ၁၄ ဦးကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးနိုင်ခဲ့သလို သွားရောက်ဖမ်းဆီး စဉ် အပြန်အလှန်ပစ်ခတ်မှုကြောင့် အဆိုပါ PDF အဖွဲ့ဝင်အချို့ သေဆုံးခဲ့သည်။

အဆိုပါ PDF အဖွဲ့ဝင်များသည် သင်္ကြန်ကာလ၌ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်နှင့် လှိုင်သာယာရှိ မဏ္ဍပ်အချို့ကို ဗုံးခွဲခြင်း၊ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌကို သွားရောက်လုပ်ကြံပစ်ခတ်ခြင်း၊ တပ်မတော်အရာရှိတစ်ဦးကို လုပ်ကြံခြင်း၊ အပါ အဝင် ပြည်သူအချို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။

အဆိုပါ PDF အဖွဲ့ဝင် အသေ/အရှင် ၁၄ ဦးကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းကျေးရွာ၌ ဖမ်းဆီးနိုင်ခဲ့သည်။

အလားတူ အဆိုပါ အဖွဲ့ဝင်များထံ စစ်ဆေးမေးမြန်းချက်အရ ကျန်ရှိသည့် ကွင်းဆက်များကို လုံခြုံရေးအဖွဲ့ များက ဖော်ထုတ်လျက်ရှိသည်။