Get Mystery Box with random crypto!

ရွှေဘိုမြို့နယ်တွင် ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်သမားများက ဒ | ZYH News

ရွှေဘိုမြို့နယ်တွင် ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲသတ်ဖြတ်

News Of Myanmar မေလ ၁၁၊ ၂၀၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပေါက်တုံကျေးရွာတွင် မေလ ၇ ရက်နေ့ ည ၁၁ နာရီအချိန်က အဆိုပါကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက်သမားများက ဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရသည်။

ဦးချိုအေး (၆၀) နှစ်၊ ဇနီးဖြစ်သူ ဒေါ်ညိုနွဲ့ (၅၉) နှစ်နှင့် သားဖြစ်သူ ဇော်မင်းထွေး (၁၃) နှစ်တို့ သုံးဦးသည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၁၅ ဦးခန့် ရောက်ရှိလာပြီး  ဦးချိုအေးနှင့် ဒေါ်ညိုတို့နှစ်ဦးအား ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။