Get Mystery Box with random crypto!

မြန်မာအမျိုးသမီးလှေလှော်အသင်း ကြေးတံဆိပ်ဆုဆွတ်ခူး ဗီယက်နမ်နို | ZYH News

မြန်မာအမျိုးသမီးလှေလှော်အသင်း ကြေးတံဆိပ်ဆုဆွတ်ခူး

ဗီယက်နမ်နိုငိငံ၌ ကျင်းပလျက်ရှိသည့် ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာအမျိုးသမီးလှေလှော်အသင်းမှ မေ ၁၃ ရက်(ယနေ့)တွင် ကြေးတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသမီးလှော်လှော်ပြိုင်ပွဲတွင် မြန်မာအမျိုးသ မီးလှေလှော်အသင်းမှ ၈ မိနစ် ၂၅ စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပြီး ကြေးတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ခြင်းဖြစ် သည်။

အလားတူ အိမ်ရှင်ဗီယက်နမ်အမျိုးသမီးလှေလှော်အသင်းမှ ၈ မိနစ် ၁၁ စက္ကန့်ဖြင့်ပန်းဝင်ခဲ့ကာ ရွှေတံဆိပ်ဆုအားရရှိခဲ့ပြီး အင်ဒိုနီးရှားအမျိုးသ မီးလှေလှော်အသင်းမှ ၈ မိနစ် ၂၁ စက္ကန့်ဖြင့်ပန်းဝင်ခဲ့၍ ငွေတံဆိပ်ဆုများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။