Get Mystery Box with random crypto!

ဖိတ်ကြားလွှာ ========= ခေတ်အဆက်ဆက်ကတိုင်းပြည်အတွက်အသက် စွန့်ခ | ZYH News

ဖိတ်ကြားလွှာ
=========

ခေတ်အဆက်ဆက်ကတိုင်းပြည်အတွက်အသက်
စွန့်ခဲ့ကြတဲ့ သူရဲကောင်းစစ်သည်တွေကို အမှတ်တရဂုဏ်ပြု အလေးပြုကြတဲ့ပွဲ၊

အမှတ်တရပန်းစည်းတွေ၊ ပန်းခြင်းတွေနဲ့ဂုဏ်ပြု
ကြတဲ့ပွဲ၊

ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူငှက်တွေ လွှတ်​ပေး
ကြတဲ့ပွဲ၊

ကျွန်တော်တို့ ဒီပွဲကို နှစ်စဥ် ဒီဇင်ဘာလရောက်
တိုင်း ရန်ကုန်မြို့က သူရဲကောင်းစစ်သည်ဗိမာန်
မှာ ကျင်းပခဲ့ကြတာ (၇)ကြိမ်တိုင် ပြီးမြောက်အောင်မြင်ခဲ့ပါပြီ။

ယခုနှစ်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှာ
ကျင်းပ ပြုလုပ်မယ့် အဋ္ဌမအကြိမ်မြောက် အခမ်းအနားကိုတော့ နေပြည်တော်က သူရဲကောင်းဗိမာန်မှာ ပြုလုပ်
မှာဖြစ်ပါတယ်။

ဒီအခမ်းအနားကို နေပြည်တော် က သူရဲကောင်း
ဗိမာန်မှာ ပြုလုပ်ဖို့ ယခင်ကတည်းက ကျွန်တော်
တို့ ရည်ရွယ်ခဲ့ကြတာ ယခုနှစ်မှာ ကျွန်တော်တို့
ရည်ရွယ်ချက် အထမြောက်ခဲ့ပါပြီ။

တပ်မတော်ချစ်မြတ်နိုးသူများ လာရောက်ဂါရဝ
ပြုနိုင်ကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်
ခင်ဗျာ။

အခမ်းအနားကျင်းပရေးကော်မတီ