Get Mystery Box with random crypto!

မီးပျက်ရင် မီတာမဆောင်ဖို့ စည်ပင်ဝန်ထမ်းတွေcdmခိုင်း သတ်ခိုင်း | ZYH News

မီးပျက်ရင် မီတာမဆောင်ဖို့
စည်ပင်ဝန်ထမ်းတွေcdmခိုင်း သတ်ခိုင်း
လျှပ်စစ်တာဝါတိုင်းကိုဖောက်ခွဲဖို့
အားပေးခဲ့တာသတိရလိုက်ပါ

ဘဏ်အခက်ခဲရှိခဲ့ရင်
ဘဏ်တွေပိတ်ခိုင်း
ATM စက်ထည်းငွေထည့်ရင်လည်း
ပုံနဲ့တကွအရှက်ခွဲ
ခိုးဖွင့်တဲ့ဘဏ်ကိုလည်းလိုင်းပေါ်တင်
ဘဏ်ဝန်ထမ်းတွေကို
ဒလန်ဆိုပြီးအရှက်ခွဲခဲ့တာသတိရလိုက်ပါ

မိသားစုကျန်းမာရေးကြောင့်
အခက်ခဲတစုံတရာရှိခဲ့သော်
ဆေးရုံတွေပိတ်ခိုင်း ဆရာဝန်တွေ cdm ခိုင်းပြီး
ဆေးကုပေးတဲ့ဆရာဝန်ကို
လောက်ကောင်ဆရာဝန်ပြီး
အရှက်ခွဲခဲ့တဲ့အကုသိုလ်ကိုသတိရပါ

ကလေးပညာရေးတွက် အခက်ခဲတွေရှိခဲ့သော်
ကျောင်းတက်တဲ့ကလေးအစ စာသင်ပေးတဲ့ဆရာမအဆုံး ပြောခဲ့တဲ့အကုသိုလ်ကိုသတိရပါ
ဆရာမတွေကိုသတ်ဖို့ လှုခဲ့တဲ့အကျိုး လှူဖို့ဆော်ဩခဲ့တဲ့အကျိုးတွေ

စီးပွားရေး ကျဆုံးပျက်စီးခဲ့သော်
သင်သည် ကိုယ်သင့်သားသမီးတွေဆီပြန်လာပါလိမ့်မယ်
ကိုယ်ယူဆတာနဲ့မတူတိုင်း သူများစီးပွားရေးကို ပိတ်ပင်တားစီးအားမပေးဖို့
အရှက်ခွဲဘူးခဲ့တာကိုသတိရပါ

အရေးတကြီး သေရေးရှင်ရေး
ဆက်သွယ်လို့မရတဲ့အခါမျိုးဆို
ဖုန်းတာဝါတိုင်တွေ ဗုံးဖောက်ဖျက်စီးဖို့အားပေးခဲ့တဲ့အကုသိုလ်ကိုသတိရပါ

ဘာလုပ်လုပ်အဆင်မပြေဖြစ်ခဲ့ရင်လည်း
မဟုတ်တာစွပ်စွဲခဲ့ သတင်းဖြန့်ဝေခဲ့
ကိုယ်ပြောတဲ့သတင်းမှားတခုဟာ မြင်သမျှလူရဲ့အကုသိုလ် ရှိသရွေ့ ပြန်ခံစားရလိမ့်မယ်
ဘဝဆက်တိုင်း သတင်းမှားတွေနဲ့သာကြုံနေရလိမ့်မယ်

ဘာဖြစ်ပါစေညာဖြစ်ပါစေ
ကျိမ်စာတိုက်ကျိမ်ဆဲကြတယ်မလား
အဲ့ကျိမ်စာကအလကားမဖြစ်သွားပါဘူး
ကျိမ်တဲ့သူဟာ ငါးပါးသီလစင်ကြယ်တဲ့သူဖြစ်ခဲ့ရင်တော့တမျိုးပေါ့ အဲ့လိုမှမဟုတ် ဖြစ်စေချင်စိတ်နဲ့ကျိမ်စာတိုက်ခဲ့ရင်တော့ ကိုယ့်ကျိမ်စာ
ကိုယ်ကျိမ်ခဲ့သလောက်ပြန်ထိပါလိမ့်မယ်

ဘုရားစာဘယ်လောက်ရွတ်ဖက်ဖက် ဘုရားဘယ်လောက်ရှိခိုးရှိခိုး ကုသိုလ်ကကုသိုလ်ဖြစ်ပြီး
အကုသိုလ်က အကုသိုလ်ပါ

သင်စိုက်ပျိုးတဲ့အပင်အတိုင်းသင်ပြန်လည်ရိပ်သိမ်းရလိမ့်မယ်

ငရဲသာပျောက်ရင်ပျောက်မယ် ဝဋ်ကြွေးကတော့ဘဝဆက်တိုင်းဆပ်ဖို့ပြင်ကြပါလေ

ကျေနပ်စရာကောင်းတာတော့ ကိုယ်သည် အပေါ်ကတခုမှဖျက်လိုဖျက်စီးမလုပ်ဘူးခဲ့သလိုအား‌ပေးအား‌‌ပေးအား‌မြောက်မလုပ်ဖူးခဲ့တာပါပဲ