Get Mystery Box with random crypto!

'ထီးချိုင့်မြို့တွင် ကျောင်းဆရာမ တစ်ဦး နေအိမ်၌ လုပ်ကြံသတ်ဖြတ် | ZYH News

"ထီးချိုင့်မြို့တွင် ကျောင်းဆရာမ တစ်ဦး နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခံရ"

ဒီဇင်ဘာ ၁၆၊  ၂၀၂၁ (TRN)

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့တွင် အသက် ၂၀ နှစ်အရွယ် ရှိ CDM ကျောင်းဆရာမတစ်ဦးကို ဒီဇင်ဘာ ၁၄ ရက်နေ့က နေအိမ်၌ လုပ်ကြံသတ်ဖြတ် ခံကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်အချိန်ခန့်က ထီးချိုင့်မြို့၊ ရွှေပြည်သာကျေးရွာနေ အသက် ၂၀ နှစ်အရွယ် CDM ကျောင်းဆရာမ ဒေါ်သိင်္ဂီအောင်သည် နေအိမ်ရှ့တွင် ထိုင်နေစဥ်တွင် ဆိုင်ကယ် ၃ စီးဖြင့် အမျိုးသား ၆ ဦး ရောက်ရှိလာပြီး
ဒေါ်သိင်္ဂီအောင်အား ဖမ်းဆီးကာလုပ်ကြံသတ်ဖြတ် ခြင်းကြောင်း သိရသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဒေါ်သိင်္ဂီအောင်မှာ ဝဲလက်ချောင်း နှစ်ချောင်း ပြတ်ထွက်ဒဏ်ရာ၊ ယာတင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ၊ လည်ပင်းပြတ်
ရှဒဏ်ရာ၊ မျက်စိတစ်လုံး ပေါက်ထွက် ဒဏ်ရာ ၊ဦခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

The River News TRN