Get Mystery Box with random crypto!

မင်းအောင်လှိုင် စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးဟာ ခပ်တုံးတုံးပါပဲ။ စစ | Mratt's Channel

မင်းအောင်လှိုင် စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးဟာ ခပ်တုံးတုံးပါပဲ။ စစ်တပ်အကြောင်းကို ရိုက်ကူးပြတဲ့နေရာမှာ အစိမ်းပုပ်ရောင် ယူနီဖောင်းနဲ့ မိတ်ကပ်တတောင်လောက် ထပ်ထားတဲ့ မြဝတီဝန်ထမ်းတွေက နှစ်လလောက် ကြိုတင်ပြင်ဆင်ထားတဲ့ စစ်သားတွေကို အင်တာဗျူးပြတာမျိုးပါ။ ပျင်းစရာ အသံအေးစက်စက်တွေနဲ့ မေးမယ်၊ နောက်ခံတီးလုံးကို စစ်သီချင်းတွေ ဖွင့်ထားတယ်။ စစ်သားတွေက အင်မတန်စည်းကမ်းရှိမယ်။ ဒါတွေကိုပဲ လှည့်ပတ်ပြခဲ့တာ ဖြစ်ပါတယ်။

ခုတော့ စစ်တပ်က လက်ရှိ ဆိုရှယ်မီဒီယာပေါ် ရေပန်းစားနေတဲ့ပုံစံနဲ့ ဝါဒဖြန့်ချိဖို့ ပြင်ဆင်လာတာပဲ ဖြစ်ပါတယ်။