Channel address:
Categories:
Telegram
Language: English
Subscribers:
136.52K
Description from channel
Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.
Ratings & Reviews
Reviews can be left only by registered users. All reviews are moderated by admins.
5 stars
0
4 stars
1
3 stars
1
2 stars
0
1 stars
1
The latest Messages
2024-04-29 18:58:09
ဒီဖြစ်စဉ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရအောက်က ပလဖ နဲ့ ပအဖတို့အကြား ဖြစ်ပွားခဲ့တာ ဖြစ်ပြီးတော့ ဒီဖြစ်ရပ်ကြောင့် ဆရာမတဦး ကိုယ်ဝန်ပျက်ကျတာအပြင် ဒဏ်ရာရခဲ့သူတွေ ရှိတယ်လို့ ဒေသခံ ပြည့်သူ့အုပ်ချုပ်ရေး ပအဖ က ပြောပါတယ်။
အပြည့်အစုံ နားဆင်ရန် -
13.3K views15:58
2024-04-26 18:46:23
ပြီးခဲ့တဲ့နှစ် နိုင်ဝင်ဘာတုန်းက အမေရိကန် ဆန်ဖရန်စစ္စကိုမြို့မှာ သမ္မတရှီကျင့်ဖျင်နဲ့ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံပြီးနောက်ပိုင်း ခုတကြိမ်တွေ့ဆုံမှု ဟာ နိုင်ငံတော်အဆင့် ထပ်မံတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ သူတို့ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ...?
အပြည့်အစုံ -
13.2K views15:46
2024-04-05 10:29:37
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ မေးမြန်းမှု အပြည့်အစုံကို ဒီ Link မှာ နားဆင်နိုင်ပါတယ် -
13.2K views07:29
2024-03-25 10:48:02
လေဆိပ်မှာရှိတဲ့
CDM Blacklist စာရင်းကို The Fifth Column က ပြန်စစ်ပေးနေပါပြီ။ ဒီ Link မှာ သေသေချာချာ ဖတ်ရှုပေးကြပါ မိတ်ဆွေများ။ https://www.facebook.com/mmfifthcolumn/posts/pfbid02yTmrt9AqGxKssGX7QAfZGsa7DVckxmwJFTYyeG3yWxVXPSeMYZTajRiM7Yf4psBql
13.4K views07:48
2024-03-09 09:13:39
မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်ထဲမှာ ‘မြန်မာ့အရေးဆွေးနွေးပွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်းနိုင်ငံရေးသမားတွေ၊ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ မြန်မာနိုင်ငံရေးသမားတွေ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးပွဲပုံစံမျိုး အရင်က မရှိခဲ့ဖူးဘဲ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးလို့ ခေါင်းစဉ်တပ်ပြီး မြန်မာ့နိုင်ငံရေးကို မြန်မာတွေနဲ့ ပထမဆုံး လက်ခံကျင်းပပေးတဲ့ပွဲပါ။
.
ထိုင်းနိုင်ငံလွှတ်တော်အနေနဲ့ ဒီလိုပွဲမျိုးလုပ်ဖြစ်အောင် ဘာတွေက စေ့ဆော်တွန်းအားပေးသလဲ၊ နောက်ခံ အကြောင်းတရားတွေက ဘာတွေလဲ၊ ဒါ့အပြင် ထိုင်းနိုင်ငံအရေးကို နားလည်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ စတာတွေကို ထိုင်းနိုင်ငံရေးအကြောင်း တောက်လျှောက် လေ့လာရေးသားနေတဲ့ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘတ်ဖလိုးမြို့မှာနေတဲ့ ကိုစတီဗင်စန်းယုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်းချက် အပြည့်အစုံ -
13.5K views06:13
2024-03-05 19:43:11
အားလုံး ပြန်ရပါပြီ။
15.3K views16:43
2024-03-05 19:06:09
Meta (ယခင် Facebook) အောက်က ပလက်ဖောင်းတွေ Instagram, Threads တို့လည်း တကမ္ဘာလုံးမှာ ဝင်မရတော့တာပါ။ လောလောဆယ် WhatsApp ကိုတော့ သုံးလို့ရပါတယ်။
24.7K views16:06
2024-03-05 18:50:49
လောလောဆယ် သိရသလောက်တော့ တကမ္ဘာလုံး ဖြစ်တာလို့ ယူဆပါတယ်။ ထိုင်း၊ မလေး၊ အမေရိကန်တို့မှာလည်း ဝင်မရဘဲ Log Out ဖြစ်သွားတယ်လို့ ဆိုပါတယ်။
29.6K views15:50
2024-03-05 18:47:51
ကျနော့် Telegram @mrattkthu ကို မက်ဆေ့ ပို့လို့ရပါတယ်။
29.0K views15:47
2024-03-05 18:43:50
Facebook ဝင်မရတာ ဖြစ်ကြတယ်ပြောပါတယ်။ မြန်မာတင်ပဲ မဟုတ်လောက်ဘူး။ ကျနော်ကိုယ်တိုင်လည်း ဝင်မရပါ။ တခြားနိုင်ငံတွေရော ဖြစ်ကြသေးလား မသိဘူး။
33.3K views15:43