Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 134.56K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 8

2023-04-18 18:08:47
နေပြည်တော် အေလာ လေဆိပ်ကို မနေ့က ရှော့တိုက်ဒုံးနဲ့ ပစ်လို့ ဆီလှောင်ကန်တွေ မီးလောင်သွားတယ်လို့ သတင်းဌာန တချို့က ရေးကြပါတယ်။ ဟုတ် မဟုတ် အများစုက ဇဝေဇဝါဖြစ်ပြီး လာမေးကြလို့ စစ်ကြည့်ပြီး ကျနော် စာပြန်ရေးပါတယ်။ - https://bit.ly/43GktyZ
26.3K views15:08
Open / Comment
2023-04-17 20:48:04
ပဇီကြီးဖြစ်ရပ်ဟာ ‘လူမျိုးတုန်း သတ်ဖြတ်မှု’ ဖြစ်ကြောင်း နိုင်ငံတကာက ရှုံ့ချလိုက်ပြီ ဆိုပြီး လုံးသုတ် ရမ်းတုတ်နေသင့်တဲ့ အချိန် မဟုတ်ပါဘူး။ ‘နဂါး ၂ ကောင်ပူးနေတာပါ၊ ယုံယုံကြည်ကြည် ဆုတောင်းလိုက်ပါ’ ဆိုတာတွေကို ပြန်ရှဲတဲ့လူတွေလောက်ပဲ ဒါမျိုးတွေကို ယုံကြပါလိမ့်မယ်။ (ဆောင်းပါးရှည်) - https://bit.ly/43wuX3M
16.7K views17:48
Open / Comment
2023-04-12 16:30:56 ကျနော့် Facebook နဲ့ Telegram ကနေတစ်ဆင့် QR Code တွေ့ပြီး ကန့်ဘလူ အခြေစိုက်အဖွဲ့တွေအတွက် NUG-Pay နဲ့ ထောက်ပို့ပေးကြသူမိတ်ဆွေများ ခင်ဗျာ…

မိတ်ဆွေတို့ ပေးပို့လိုက်တဲ့ငွေဟာ ကန့်ဘလူ မြေပြင်ကို တိုက်ရိုက်ရောက်ကြောင်း အာမခံနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်က ငွေမကိုင်ပါ၊ ငွေလက်မခံပါ။ တချို့ဆို ၁၀ သိန်းကနေ ၁၅ သိန်းထိ ထောက်ပို့ပေးကြတာ တွေ့ရပါတယ်။ ရဲဘော်များအတွက် အမှန်တကယ် အထောက်အကူ ဖြစ်စေမှာပါ။

အများစုက ဆာတီဖီကိတ် မတောင်းကြပေမယ့် တောင်းထားကြသူ မိတ်ဆွေတွေအနေနဲ့ ခဏစောင့်ပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျနော်ကနေတစ်ဆင့် ထောက်ပို့ပေးသူတွေကို ကျနော် ဆာတီဖီကိတ်တောင်းပြီး ပြန်ပို့ပေးပါမယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

KBZ Pay, WAVE Pay ကတော့ မရသေးဘူးထင်ပါတယ်။ ရရင်ပြောပါ့မယ်။ လောလောဆယ်တော့ NUG-Pay ပဲ ရပါသေးတယ်။

ငွေကြေးကူချင်ပေမယ့် အဆင်မပြေဘူးဆိုသူတွေအတွက် ကလစ်ပေးလို့ ရပါတယ်။ ဘယ်လို ကလစ်ရသလဲဆိုတာ မသိရင် ဒီ လင့်မှာ [https://www.facebook.com/mrattkthu/posts/2004072713276226 ] ဖတ်နိုင်ပါတယ်။
18.2K viewsedited  13:30
Open / Comment
2023-04-11 15:50:11
ကန့်ဘလူကို ထောက်ပံ့ချင်ရင် ဒီမှာ ယုံယုံကြည်ကြည် ပေးပို့နိုင်ပါတယ်။
25.2K views12:50
Open / Comment
2023-04-11 11:50:28 ဒီနေ့ညနေ ၅ နာရီခွဲထိ အတည်ပြုလို့ရသမျှ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကလေးသူငယ်တွေ၊ အရပ်သားအမျိုးသမီးတွေ အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၈၀ ကျော် သေဆုံးနိုင်တယ်လို့ သိရပါတယ်။ သေဆုံးသူဦးရေ ဒီထက်လည်း ပိုများလာနိုင်ပြီး ဆက်လက်အတည်ပြုနေဆဲဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - https://bit.ly/3ZSYFNz
32.7K viewsedited  08:50
Open / Comment
2023-04-11 11:50:25
မြေပုံထဲမှာ လေးထောင့်ကွက်နဲ့ပြထားတာက ဒီနေ့မနက်က စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့ ပစီကြီး ရွာဖြစ်ပါတယ်။ နယ်မြေသတ်မှတ်ချက်အရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူထဲပါပေမဲ့ မန္တလေးတိုင်းနဲ့ နယ်စပ်၊ ဧရာဝတီမြစ်ဘေးမှာ ရှိပြီး 'အင်မတန် ခေါင်' တဲ့ဒေသဖြစ်ပါတယ်။
31.4K viewsedited  08:50
Open / Comment
2023-03-25 04:46:54 တရက်ကို ၂ မိနစ် အချိန်ပေးရုံနဲ့
သိန်း တထောင် လှူနိုင်ပြီ

⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯❍

အသုံးအနှုန်းက မသိရင် ဖုန်းအသစ် ကြော်ငြာသလိုလို၊ ကံစမ်းမဲပဲ နှိုက်ရတော့မလိုလို။ တကယ်တော့ အင်တာနက်ကို တစ်ရက်မှာ ၂ မိနစ်လောက် သုံးရုံနဲ့ တော်လှန်ရေးအတွက် ထောက်ပံ့ငွေ ထည့်နိုင်တဲ့ အကြောင်းပါ။

ဂျီးဒေါ်ကြီး တစ်ယောက်က မေးသလို “မောင် မရတ်ရဲ့၊ မောင်ရင့်ဟာတွေက ဟုတ်ကော ဟုတ်ရဲ့လား” ဆိုရင် တကယ်ပါ။ တရက်ကို အနည်းဆုံး ၂ မိနစ် အချိန်ပေးရုံနဲ့ စုပေါင်းအားနဲ့ သိန်း တထောင် လှူနိုင်မှာပါ။

မတ် ၂၅ ကနေ ၃၁ ရက်နေ့ထိ သတ်မှတ်ထားတဲ့ အက်ပလီကေးရှင်းကို တပတ်တိတိ နေ့တိုင်း အနည်းဆုံး ၂ မိနစ် ဝင်ပေးဖို့တော့ လိုပါတယ်။ တစ်ပတ်ထက်ပိုပြီး ဆက် သုံးပေးနေရင်တော့ အတိုင်းထက်အလွန်ပါပဲ။

ဘာလုပ်ရမှာလဲဆိုရင် ‘ဂိမ်း အက်ပလီကေးရှင်း’ တစ်ခုကို Download ရယူပြီး ဖွင့်ထားဖို့ပါ။ “ဟယ် တို့က အသက်ကြီးပြီ၊ အဲ့ဒီ ဂိမ်း ဆိုတာတွေ မသိပေါင်” လို့ ပြောလာမယ်ဆိုရင်လည်း မပူပါနဲ့။ မဆော့ဘဲ ဂိမ်းကိုဖွင့်ထားပြီး တက်လာတဲ့ကြော်ငြာတွေကို အနည်းဆုံး ၂ မိနစ် ကြည့်ပေးရင်ကို ရပါပြီ။

“အက်ပလီကေးရှင်းကို Download တာတော့ ဟုတ်ပါပြီ၊ ဆက် မလုပ်တတ်တော့ဘူး” ဆိုသူတွေအတွက်လည်း ပူစရာ မရှိပါ။ Download ရယူ၊ အက်ပလီကေးရှင်းကို ဖွင့်လိုက်ပြီး ဗမာစကားနဲ့ ရှင်းရှင်းလင်းလင်း ပြောပြထားတဲ့အတိုင်း လိုက်လုပ်ရုံပါပဲ။

နေ့စဉ် အက်ပလီကေးရှင်းထဲ ဝင်ပြီး ဂိမ်းဆော့ချင်သူက ဆော့၊ မဆော့တတ်ရင်၊ မဆော့ချင်ရင် ကြော်ငြာထိုင်ကြည့်၊ တနေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်ဖို့ မဟုတ်ပါ။ အနည်းဆုံး ၂ မိနစ်ပါပဲ။ ဒီကနေ ငွေဘယ်လောက် ရနေသလဲဆိုတာကိုလည်း သိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတာကိုလည်း တရက်ချင်း အသီးအပွင့် မြင်နေရမှာပါ။

ဒီကရတဲ့ ငွေတွေကိုတော့ - စစ်ရှောင်ဒေသက ကလေးတွေကို ကူနေတဲ့ - ‘Clean Yangon’, နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့ - ‘ထောင်ဝင်စာပို့ကြမယ်’ အဖွဲ့၊ CDM ဝန်ထမ်းတွေကို ထောက်ပံ့နေတဲ့ UTYCC အဖွဲ့တွေဆီကို ထောက်ပံ့မှာပဲ ဖြစ်ပါတယ်။

မတ် ၂၅ (ဒီနေ့) ကနေ ၃၁ ရက်နေ့ထိ လူတစ်ဦး တစ်ရက် ၂ မိနစ်ပဲ တစ်ပတ်တိတိ ဝင်ကြည့်ပေးရုံနဲ့ သိန်း တစ်ထောင် ထောက်ပို့လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ ဝင်ကြည့်ရမယ့် အက်ပလီကေးရှင်းကို အောက်က Link မှာ Download ရယူနိုင်ပါတယ်။

https://gzentertainment.org/download
8.0K viewsedited  01:46
Open / Comment
2023-03-13 03:14:28
ပင်လောင်း၊ နမ့်နိန်းကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု


KDF ရဲဘော် 'မူပွား' က သူ့ရဲ့ Facebook ပေါ်မှာ မနေ့က တင်ထားတဲ့ မူရင်း ရုပ်သံဖိုင်ဖြစ်ပါတယ်။ Facebook ပေါ် ပြန်ကူးတင်ရင် ကြည့်ရှုသူတွေအတွက် အဆင်မပြေနိုင်ပါ။ ဒါ့အပြင် အကောင့်ကျတာ၊ စာတွေ ရေးမရတာ တင်မရတာတွေ ဖြစ်တတ်ပါတယ်။
9.9K views00:14
Open / Comment
2023-02-25 18:27:11 တိုက်ဆိုင် စစ်ဆေးပေးခြင်း ပြုလုပ်မည့် အချိန်ဇယား

- ပထမအကြိမ်
ယနေ့ည ၈ နာရီအထိ ပေးပို့ထားသူများ

- ပထမအသုတ်
စစ်ဆေးပေးမည့် ကာလ - ၂၆ မှ ၂၈ ထိ

- ဒုတိယအကြိမ်
ပြန်လည်စတင်မည့်ရက်
၁၊ ဗုဒ္ဓဟူး၊ နံနက် ၉ နာရီ

tfc အဖွဲ့သားများသည် ထောင်နှင့်ချီသော စာများကို ပြန်ဆိုနေရသောကြောင့် ပြည်သူများမှလည်း ပူးပေါင်း ဆောင်ရွက်ပေးရန်လိုကြောင်း မေတ္တာရပ်ခံပါသည်။ သတင်းလုံခြုံရေးနှင့် ပတ်သက်၍ TFC အဖွဲ့သားများက အထူးဂရုပြုကြောင်းနှင့် စိတ်ချရကြောင်းလည်း ထပ်မံအသိပေးပါသည်။
6.7K viewsedited  15:27
Open / Comment
2023-02-25 18:26:07 "တွေ့ကြုံရသည့် အခက်အခဲများကို ပြည်သူများ ပူးပေါင်းပါဝင်နိုင်ရန် တင်ပြခြင်း"

︎► မသက်ဆိုင်သူများက လာရောက်မေးမြန်းခြင်းကြောင့် အချိန်ယူရခြင်း (ဥပမာ- ကျောင်းသား CDM များ လာရောက်မေးမြန်းခြင်း၊ အခြား အရပ်သားများ က လာရောက်မေးမြန်းခြင်း၊ ကာယကံရှင် က လာရောက်မေးမြန်းခြင်းမဟုတ်ဘဲ မသက်ဆိုင်သူများက နာမည်အများအပြားကို လာရောက်မေးမြန်းခြင်း

︎► လာရောက်မေးမြန်းသူများ၏ အချက်အလက် မပြည့်စုံမှုကြောင့် အချိန်ကြန့်ကြာရခြင်း (ဥပမာ - ကာယကံရှင် အမည်များ၏ စာလုံးပေါင်းများ မမှန်ခြင်း၊ အမည်အပြည့်အစုံမပေးခြင်း၊ အဖအမည်များမှာ စာရင်းထဲရှိ အမည်နှင့် ကွဲလွဲနေခြင်း

︎► ဝန်ကြီးဌာနနာမည်များ အပြည့်အစုံ မပြောနိုင်ခြင်း၊ ဌာနအတိုကောက်နာမည်များသာ လာပြောခြင်း၊ ကာယကံရှင် တာဝန်ထမ်းဆောင်စဉ်က ဝန်ကြီးဌာနနှင့် စစ်ကောင်စီပြောင်းလဲလိုက်သည့် ဝန်ကြီးဌာန အမည် မတူတော့ခြင်း
7.0K views15:26
Open / Comment