Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 134.56K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 11

2023-01-17 15:46:40 ထန်တလန်ကို စစ်တပ်က မီးရှို့ပြီးတဲ့အချိန်မှာ....

'တိုင်းရင်းသားတွေကို စစ်တပ်က ဖိနှိပ်တယ်ဆိုတာ မယုံခဲ့ဘူး၊ ခုမှ ယုံတော့တယ်၊ ခွင့်လွှတ်ကြပါ၊ ခုတော့ သိပါပြီ' ဆိုတဲ့ စကားအသွားအလာမျိုးက အင်တာနက်ပေါ် အင်မတန် ခေတ်စားခဲ့ပါတယ်။ တိုင်းရင်းသားတွေကို ကိုယ်ချင်းစာတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ခုတော့ စစ်တပ်က တိုင်းရင်းသားလည်း ဂရုမစိုက်၊ ဗမာဆိုတာလည်း ဂရုမစိုက်တော့တာ သိခဲ့ကြပြီးပါပြီ။

︎ တစ်ရက် တစ်ကြိမ်နှုန်း
စစ်တမ်းတစ်ခုအရ* စစ်ကိုင်းတစ်နေရာတည်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ လအတွင်း ၃၅ ကြိမ်ရှိခဲ့ပါတယ်။ မနှစ်က အောက်တိုဘာကနေ နှစ်ကုန်ဒီဇင်ဘာထိ စောင့်ကြည့်တွက်ချက်မှု ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဲ့ဒီ ၃ လအတွင်းမှာ ၁၁၃ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။

သဘောက စစ်ကောင်စီဟာ တစ်ရက်မှာ တစ်ကြိမ်နှုန်းလောက်နဲ့ တစ်ရက်မှ မနားဘဲလေကြောင်းကနေ ဗုံးကြဲခဲ့တယ်ဆိုတာပါပဲ။ (ဇယားချပ် - က)
9.5K views12:46
Open / Comment
2023-01-16 13:26:31 အောက်က Link မှာ ဝင်ပြီး သီချင်းနားထောင်ရင်း ကြော်ငြာတွေကို ကလစ်ရင် အဲ့ဒီအဖွဲ့က ပိုက်ဆံရပါတယ်။ ဒီလူတွေက မြေပြင်အထိ ကူညီနေတဲ့ အဖွဲ့ပါ။ ဝင်နားထောင်ပြီးရင် ပြောစရာ တစ်ခုခု ရမှာပါ။ -

11.8K views10:26
Open / Comment
2023-01-16 12:52:32 စစ်တပ်က ရွာတွေကို မီးရှို့နေတာရဲ့ အကြောင်းရင်းတွေထဲမှာ ဒီနေရာဝန်းကျင်အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဝန်ပိစေချင်တာက အဓိကကျတဲ့ အကြောင်းရင်းတွေထဲက တစ်ခု။ မီးရှို့တော့ ရွာထဲကလူတွေ ထွက်ပြေးကြ၊ သက်ကြီးရွယ်အိုတွေဆို ထမ်းခေါ်ရ၊ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေက ပြန်ကူကြရပါတယ်။

ဒါကြောင့် မိတ်ဆွေတို့က ငွေဖြစ်ဖြစ်၊ အဝတ်အထည်ဖြစ်ဖြစ် ထောက်ပံ့လိုက်တယ်ဆိုတာက တော်လှန်ရေးအဖွဲ့တွေကိုတင် ကူညီတာ မဟုတ်ဘဲ စစ်ဘေးရှောင်တွေကိုလည်း တစ်လက်စတည်း ကူညီရာရောက်ပါတယ်။

အလယ်ပိုင်းက စစ်ဘေးရှောင်တွေရဲ့ ဒုက္ခက မသေးပါဘူး။ နိုင်ငံရပ်ခြားက အထောက်အပံ့လည်း ရောက်ဖို့ခက်သလို ငွေထုတ်ရတာ၊ ပစ္စည်းသယ်ရတာကလည်း သာမန် ယာလုပ်သူတွေတို့အဖို့ ဒီနေ့လို အချိန်မှာ ခက်လွန်းပါတယ်။ အဆက်အသွယ်ရှိပါမှ လမ်းကြောင်း သင့်ပါမှ စသဖြင့်။

တချို့နေရာတွေမှာတော့ စစ်ဘေးဒုက္ခသည်က တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်ကူကြရတယ်။ ဆိုတော့ စစ်ဘေးဒုက္ခသည်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဆိုတာ ကိုင်း ကျွန်းမှီ၊ ကျွန်း ကိုင်းမှီပါပဲ။

ခု ဖော်ပြထားတဲ့ Link မှာ စစ်ဘေးရှောင်တွေကိုရော တော်လှန်ရေးတပ်ဖွဲ့ကိုရော ယုံယုံကြည်ကြည် ထောက်ပံ့ကူညီနိုင်ပါတယ်။ - https://www.facebook.com/prf.politburo
13.5K views09:52
Open / Comment
2023-01-10 14:10:26
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ရေးထားတာ တွေ့ရပါတယ်။ ချင်းအမျိုးသားတပ်ဦးရဲ့ စစ်ရေးဌာနချုပ်ရှိရာ ဝိတိုရိယစခန်း (Camp Vitoria) ကို ပြီးခဲ့တဲ့ မိနစ်ပိုုင်းက ဗုံးကြဲသွားတာလို့ ဆိုပါတယ်။

နေပြည်တော်မှာနေတဲ့ သတင်းရင်းမြစ်တွေကတော့ ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း အမြန်လမ်းအနီးကနေ တိုက်လေယာဉ်ဖြတ်ပျံသွားတာ စုစုပေါင်း ၅ ကြိမ်တိတိရှိတယ်လို့ ဆိုပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ ထိခိုက်ဒဏ်ရာရသူ ရှိ မရှိ မသိရေသးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ - ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားတဲ့ တည်နေရာပြပုံ။
11.8K views11:10
Open / Comment
2023-01-09 12:01:39 “ဒီလောက် လူလိမ်တွေများနေတာ ဘယ်သူ့ ယုံရမှန်း မသိတော့ဘူး”

သေနတ်ကိုင်ထားတဲ့ ခပ်ချောချောကောင်မလေးဓာတ်ပုံနဲ့ ‘တောထဲမှာ မျှစ်ချိုးစားရတာလည်း ဘဝပဲ’ ဆိုပြီး တင်ထားရင် ဝိုင်းသနားကြ၊ အားပေးကြနဲ့ ငွေလွှဲလိုက်ကြရော။ ‘ခင်ဗျားက ဘယ်တပ်ရင်းကလဲ’ ဆိုပြီး သွားမေးရအောင်လည်း မအားကြဘူး။ ဓာတ်ပုံလေးကြည့်၊ ရုပ်ခံလေး သနားကမားနဲ့ မလိမ်လောက်ပါဘူးဆိုပြီး ပေးလိုက်ကြတယ်။

တစ်လကနေ ၂ လ၊ ၃ လ၊ ၄ လ လစဉ်ပေးကြတာ။ နောက်တော့မှ အတုမှန်းသိတော့ မတတ်နိုင်တော့ဘူး။ ငွေက ငါးသောင်းကနေ ၁ သိန်း အခါခါ ပို့ထားမိကြသူတွေ။ နောက်ဆို တစ်ယောက်ယောက်က ထောက်ပံ့ကြပါ ဆိုရင် ‘တွန့်’ သွားကြပြီ။ တကယ် အလုပ်လုပ်နေသူတွေကိုပါ ထိခိုက်ကုန်ပါရော။

ပြောရရင်လည်း အမှန်တကယ် ထောက်ပို့လုပ်နေသူတွေက ‘သိန်း ၅၀ ကမ်ပိန်း’ ဆိုပြီး စကားလုံးကြီးနဲ့ ဒီဇိုင်းတွေ အမှန်အကန်နဲ့ချတာတောင် ‘သွေးအေးသွားကြပြီပေါ့’ ဆိုတဲ့စာကြောင်းနဲ့ သေနတ်ကိုင်ထားတဲ့ပုံကလေးတင် အလှူခံတဲ့ လူလိမ်လောက်တောင် မရကြ။

ငွေရှာပေးကြသူတွေ၊ လစဉ်ပုံမှန် တတ်နိုင်သူတွေနဲ့ ထောက်ပို့အတွက် ကူညီပေးကြသူ ဆယ်လီ အခိုင်အမာရှိတဲ့ အဖွဲ့ကြီးတွေအတွက်တော့ သိပ်ပြဿနာမရှိပေမယ့် တချို့ အဖွဲ့ငယ်တွေအတွက် ဘယ်သူ့အကူညီတောင်းရမှန်း မသိဘဲ ဒုက္ခများကြတယ်။

တချို့ကျတော့လည်း ထောက်ပံ့ချင်တယ်၊ ပိုလျှံပြီးရနေကြသူတွေအတွက် မဟုတ်ဘဲ အမှန်တကယ်လိုအပ်နေတဲ့ အဖွဲ့တွေဆီ ရောက်ချင်တယ် ဆိုကြတယ်။ ပြဿနာက ဘယ်အဖွဲ့က လိုပြီး ဘယ်အဖွဲ့က ပိုနေတယ်ဆိုတာ သာမန်ပြည်သူတစ်ယောက်အတွက် သိနိုင်ဖို့ ခက်တာကိုး။ ထောက်ပို့ကို အဖွဲ့ပေါင်းစုံနဲ့ ချိတ်ဆက် လနဲ့ နှစ်နဲ့ချီလုပ်နေသူမှ သိနိုင်တာမျိုး။

ဒါတွေအတွက် ယုံကြည်ရတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ သူတို့က တစ်ဖွဲ့တည်းကို သီးသန့် ထောက်ပို့နေတာ မဟုတ်ဘဲ ကရင်မှာရှိတဲ့ တော်လှန်ရေးအဖွဲ့ အတော်များများကို ခွဲပြီး ထောက်ပို့နေသူပါ။ အောက်မှာ ဖော်ပြထားတဲ့ အဖွဲ့ကို ယုံယုံကြည်ကြည် ထောက်ပံ့ပေးနိုင်ကြပါတယ်။

https://www.facebook.com/FTTEFundraising/
13.8K views09:01
Open / Comment
2023-01-09 05:14:44 စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပြင်ဆင်နေမှုတွေနဲ့ ပတ်သက်လို့ သတင်းပေးပို့ချင်တယ်ဆိုရင် ကျနော့် Telegram - @mrattkthu ကို ပို့နိုင်ပါတယ်။
17.0K views02:14
Open / Comment
2023-01-09 05:11:11 တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီက လူဦးရေစာရင်း စ ကောက်

တိုက်ပွဲတွေ ဆက်တိုက်ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာတော့ စာရင်းကောက်တဲ့အကြောင်း မကြားရသေးပါဘူး။ ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့အချို့မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဒီနေ့ထိ ‘အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ကြ’ ဆိုတဲ့စာသားနဲ့ ဆန္ဒထုတ်ဖော်မှုတွေ ရှိနေပါတယ်။ NUG ကတော့ စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်ကို “ငြင်းဆန်၊ မပူးပေါင်းကြရန်” လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကတည်းက ဆော်သြထားပါတယ်။


အပြည့်အစုံ ဖတ်ရန် - https://bit.ly/3imseXY
16.7K viewsedited  02:11
Open / Comment
2023-01-05 13:29:47 ကြားနာစုံစမ်းရေးအဖွဲ့ထံ FOEIM တည်ထောင်သူက တင်ပြတဲ့ ငွေစာရင်းကို ရုံးအဖွဲ့က စိစစ်ပြီး ပြန်ထောက်ပြတဲ့ ငွေစာရင်းရှင်းတမ်း အပြည့်အစုံ။
15.6K views10:29
Open / Comment
2023-01-05 10:58:55
စာရင်းဇယား မှတ်တမ်း မရှိသည့် ကျပ်သိန်းသောင်းချီမှာ ကျောင်းသားမိဘများ၏ ချွေးနှဲစာများဖြစ်သည်။ NUG ပညာရေးဝန်ကြီးဌာန၏ ကြားနာစစ်ဆေးမှုအောက်နှင့် ‘တော်လှန်ရေးအတွက်’ ဟု အမည်တပ်ထားသည့် ကိုခန့်သူ၏ တစ်ကိုယ်တော် စီမံခန့်ခွဲမှုအောက်တွင် လိပ်ခဲတည်းလည်း ရှုပ်ထွေးမှုကြီး ဖြစ်နေသည်။

အပြည့်အစုံ ဖတ်ရန် - https://bit.ly/3ImfCLb
19.7K views07:58
Open / Comment
2022-12-27 16:32:34
ဓာတ်ပုံထဲမှာ မြင်ရတာက ကရင်နီမှာ ပြီးခဲ့တဲ့နှစ်က စစ်တပ်က လူ ၅၀ နီးပါးကို သတ်ဖြတ်သွားတဲ့နေရာမှာ တစ်နှစ်ပြည့် ပန်းခွေချထားတာဖြစ်ပါတယ်။

မနှစ်က ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ မှာ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ လူပေါင်း ၅၀ နီးပါး အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာပါ။ ဒီသတ်ဖြတ်မှုကို စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ - ၁၀၈ က ကျူးလွန်ခဲ့တယ်ဆိုတာ သက်သေမှတ်တမ်းများ ရှိနေပြီးဖြစ်ပါတယ်။

အဲ့ဒီမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ဦး၊ Save the children ဝန်ထမ်း ၂ ဦး၊ ဒေသခံ အရပ်သားပြည်သူ ၄၅ ဦးနဲ့ ကရင်နီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၄၉ ဦး သတ်ဖြတ် မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။

ခု ဒီနေရာမှာ အခြေစိုက်ပြီး စစ်ကောင်စီကို ခုခံကာကွယ်နေတဲ့ အဖွဲ့က ထောက်ပံ့ငွေ လိုအပ်နေတာပါ။ သူတို့ဆီကို ထောက်ပံ့ချင်သူတွေအနေနဲ့ ဒီ Link (https://bit.ly/3BZgi4T) ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

(ဒီဓာတ်ပုံဟာ ဒီတစ်ပတ်ထဲ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ က ရိုက်ယူထားတာ ဖြစ်ပါတယ်။)
16.8K viewsedited  13:32
Open / Comment