Get Mystery Box with random crypto!

Mratt's Channel

Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 134.56K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 23

2022-02-25 19:44:10 ရွှေဘိုမြို့နယ်တွင် ဒေသခံပူးပေါင်းအဖွဲ့တစ်ခုက ဒလံဟုဆိုကာ လူမှားသတ်ဖြတ်ခဲ့ ဟုဆို

ယမ်းဘီလူး ဟု အမည်ပေးထားသည့် ရွှေဘိုဒေသခံ ပူးပေါင်းအဖွဲ့တစ်ခုက သာမန် ပြည်သူတစ်ဦးကို ဂွေးကုန်း ကျေးရွာအုပ်ချုပ်ရေးမှူးဟုဆိုကာ ဖေဖော်ဝါရီ ၂၄ က မှားယွင်းသတ်ဖြတ်သွားကြောင်း မိသားစုဝင်က ပြောသည်။ ⎯ https://bit.ly/3pj6WLg
95.4K views16:44
Open / Comment
2022-02-24 17:17:35 မိုးဗြဲ နှင့် ဒီမောဆိုကြားရှိ အရေးပါသည့် နန်းမယ်ခုံမြို့ ကျဆုံး

နန်းမယ်ခုံမြို့မှာ မိုးဗြဲမြို့၊ ဒီမောဆိုမြို့နှင့် လွိုင်ကော်မြို့များ၏ အလယ်တွင်ရှိသည့် သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျသည့်မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်များက သိမ်းပိုက်နိုင်ရန် ကြိုးစားနေခဲ့သည်။ ⎯ https://bit.ly/3t2WDfe
100.5K views14:17
Open / Comment
2022-02-19 18:24:05 ❝သတင်းအရှိန်မြှင့်မယ်❞

လက်ရှိတော်လှန်ရေး လုပ်နေကြတဲ့အဖွဲ့တွေ အဓိက လိုအပ်နေတာ သတင်းအချက်အလက်ပါ။ ဒါပဲ ပြောနေတာပဲလို့ ထင်ကြမယ်။ ဒါပဲ ထပ်ခါတလဲလဲ ပြောရမှာပါပဲ။ ဒီတစ်ခါကတော့ သတင်းကို ‘အရှိန်မြှင့်ကြဖို့’ တော်လှန်ရေးအဖွဲ့တွေက သတင်းစကားပါးပါတယ်။

The Fifth Column ကပြောခဲ့ဖူးတဲ့ သတင်းအချက်အလက်ကြောင့် လူတွေအများကြီးကို ကြိုတင်ကာကွယ်ပေးလိုက်နိုင်တာတွေ အများကြီးရှိခဲ့ပါတယ်။ အဲ့ဒီလိုပဲ ပြီးခဲ့တဲ့ရက်ပိုင်းနဲ့ ဒီရက်ပိုင်းမှာ အရေးကြီးတဲ့ မစ်ရှင်တစ်ချို့ကို The Fifth Column ရဲ့ ကူညီမှုနဲ့ အောင်မြင်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ဒါတွေက ရေတိုကိစ္စတွေပါပဲ။ The Fifth Column ရဲ့ အဓိက ရည်ရွယ်ချက်က ရေရှည်စီမံကိန်းဖြစ်ပါတယ်။

(၁)
The Fifth Column က လုပ်နေတဲ့အလုပ်တွေကို အကြမ်းဖျဉ်းခွဲကြည့်ရင် မြေပုံချတာ (တပ်ရင်း၊ တပ်မ၊ လေတပ်)၊ စစ်ကောင်စီတပ် အလှုပ်အရွေ့တွေကို Live အနေနဲ့ လိုက်ကြည့်တာ အစုံပါပဲ။ မစ်ရှင်လုပ်ကြတဲ့ အဖွဲ့တွေက သူတို့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို တောင်းယူရင် The Fifth Column က ရှိနှင့်ပြီးသား အချက်အလက်တွေကို ‘အသင့်အသုံးချရုံပြင်ဆင်ပြီးသား’ ကူညီတာပါ။

ဒါပေမယ့် လောလောဆယ်မှာ အင်တာနက်ပြတ်တာ၊ ဖုန်းဒေတာခတွေ ဈေးကြီးလာတာကြောင့် အရင်ရှိနှင့်ပြီးသား သတင်းပေးသူ သုံးပုံတစ်ပုံလောက် လျော့ကျသွားပါတယ်။ ဒါပေမယ့် ပုံမှန် ပေးပို့နေကြသူတွေကတော့ အားမလျှော့တမ်း ဆက်လက်ပြီး ရသမျှ ပေးပို့နေတုန်းပါပဲ။ ဒီလို သတင်းတပ်သားတွေကြောင့် ရရှိခဲ့တဲ့ တန်ဖိုးကြီး သတင်းအချက်အလက်တွေ အများကြီးရှိနေဆဲပါ။

တစ်ဆက်တည်းမှာပဲ နဂိုက ပေးနေပေမယ့် အကြောင်းအမျိုးမျိုးကြောင့်၊ ကိုယ်ပိုင်အလုပ်တွေကြောင့် The Fifth Column ဆီ လာမပေးပို့နိုင်ကြသူတွေလည်းရှိလာပါတယ်။ ဒီသတင်းတပ်သားတွေကို ထပ်ပြီး အကူညီတောင်းခံချင်တာက အရင်လိုပဲ သတင်းတွေ ဆက်ပြီး ပေးပို့ကြဖို့ပါ။ အထူးသဖြင့် ‘သတင်းရှိန်မြှင့်မယ့် ဒီကာလ’ ကို ပိုပြီး ဂရုစိုက်ကြဖို့အတွက် The Fifth Column အဖွဲ့သားတွေက သတင်းစကားပါးပါတယ်။

(၂)
တော်လှန်ရေးသမားတွေနဲ့ စကားပြောတော့ သူတို့ ငြီးငြူတဲ့ကိစ္စတစ်ခု တွေ့ရပြန်ပါတယ်။ ဒါကတော့ တိုက်ပွဲဖြစ်ရင်၊ ဖောက်ခွဲမှု/ပေါက်ကွဲမှုတွေဖြစ်ရင်၊ ကိုယ့် Facebook ပေါ် အလျင်စလို တင်ကြတဲ့ပြဿနာပါ။ ဒီနေ့ချိန်ထိ ဒီလိုကိစ္စတွေကြောင့် မလုပ်လိုက်ရတဲ့ မစ်ရှင်တွေ၊ နောက်ဆုတ်လိုက်ရတဲ့ ကိစ္စတွေ မနည်းဘူးလို့ ဆိုပါတယ်။

ဒါကြောင့် တိုက်ပွဲဖြစ်ရင်၊ ဖောက်ခွဲမှု/ပေါက်ကွဲမှုတွေဖြစ်ရင်၊ ကိုယ့် Facebook ပေါ် အလျင်စလို မတင်ကြဘဲ ယုံကြည်ရသူ၊ ယုံကြည်ရတဲ့အဖွဲ့တွေဆီကို ပေးပို့ကြဖို့ပါ။ Public ဆိုတာ ဒီမိုကရေစီလိုလားကြသူတွေချည်း မဟုတ်ဘဲ ပျူစောထီး၊ စစ်တပ်၊ ဟန်ငြိမ်းဦးတို့ပါ ပါနေတယ်ဆိုတာ သတိချပ်သင့်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခုခုဖြစ်ရင်၊ မြင်ရကြားတာတွေရှိရင် ယုံကြည်ရတဲ့အဖွဲ့ဆီကို ဖြစ်ပျက်သမျှ သတင်းပေးကြဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ့်မိတ်ဆွေထဲ အသိထဲမှာ စစ်သားတွေရှိနေတာ၊ စစ်တပ်နဲ့သက်ဆိုင်သူတွေရဲ့ နာမည်တွေကို သိနေတာတွေရှိနေရင်လည်း ဘာကိစ္စမဆို ပေးပို့ကြဖို့ပါ။

ကိုယ့် Facebook မှာ Public မှာတင်လိုက်ရင် တင်ပြီးတာနဲ့ ပြီးသွားတာပါပဲ။ ဒါပေမယ့် နည်းပညာကျွမ်းကျင်သူ၊ စစ်ရေးကျွမ်းကျင်သူ၊ မြေပုံကျွမ်းကျင်သူတွေ လက်ထဲကို အဲ့ဒီအချက်အလက်တွေ ရောက်သွားရင်တော့ ပိုကောင်းတဲ့ သတင်းအချက်အလက်၊ ပြည့်စုံတဲ့ မြေပုံ၊ ပိုပြီးခိုင်ခံ့တဲ့ သတင်းတွေအဖြစ် အသွင်ပြောင်း ထွက်ပေါ်လာပါတယ်။

ယုံကြည်စွာသတင်းပေးပို့နိုင်တဲ့ Telegram Link - t.me/mmfifthcolumn/
115.0K viewsedited  15:24
Open / Comment
2022-02-17 15:12:24
ဂျပန်အခြေစိုက် နာမည်ကြီး ရတနာ ကုမ္ပဏီဖြစ်သည့် တာဆာကီ (Tasaki) သည် ယနေ့ ဖေဖော်ဝါရီ ၁၇ က ရန်ကုန်-မြိတ်-နေပြည်တော် လေယာဉ်ဖြင့် ပုလဲများ သယ်ယူခဲ့သည်ဟု စုံစမ်း သိရှိရသည်။ ⎯ https://bit.ly/3GRriRv
86.9K views12:12
Open / Comment
2022-02-17 13:49:57
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၃၀ က ဖမ်းဆီးခံခဲ့ရသည့် MDY-PDF အဖွဲ့ဝင် ၁၄ ဦးကို ယမန်နေ့က မန္တလေး အိုးဘိုအကျဉ်းထောင်ရှိ ထောင်တွင်းတရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။ ⎯ https://bit.ly/3sOEH88
82.7K viewsedited  10:49
Open / Comment
2022-02-16 12:40:25
၎င်းတို့ တည်းခိုနေရာဟိုတယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် အပေါင်းအပါများ ပုံမှန် ဝင်ထွက်လေ့ရှိသည့် ဟိုတည်တစ်ခုလည်း ဖြစ်သည်။ ⎯ https://bit.ly/3LzzQ38
72.9K views09:40
Open / Comment
2022-02-15 17:54:40
ရန်ကုန်တွင် တရုတ်သင်္ဘော ဆိုက်ကပ်နေပြီး စစ်သားအစောင့်အရှောက်ဖြင့် ပစ္စည်းများ သယ်ယူနေ

သတင်းအပြည့်အစုံ - https://bit.ly/3rMfyvn
82.0K views14:54
Open / Comment
2022-02-12 03:54:39
သတင်းအပြည့်အစုံ - https://bit.ly/3gE2ZvN
94.0K viewsedited  00:54
Open / Comment