Get Mystery Box with random crypto!

ဒီ ကမ္ဘာကျော်ဓာတ်ပုံကို ရိုက်ခဲ့တဲ့ အာကာသယာဉ်မှူး နာမည်က 'ဘီ အ | Mratt's Channel

ဒီ ကမ္ဘာကျော်ဓာတ်ပုံကို ရိုက်ခဲ့တဲ့ အာကာသယာဉ်မှူး နာမည်က 'ဘီ အန်းဒါးစ်' တဲ့။ 'Apollo 8' ရဲ့ အာကာသယာဉ်မှူး။ ကမ္ဘာကျော်ပုဂ္ဂိုလ်။

ဒီပုံကို ၁၉၆၈ ခုနှစ် Apollo 8 ရဲ့ အာကာသခရီးစဉ်မှာ ဘီ အန်းဒါးစ်က ရိုက်ခဲ့တာဖြစ်ပြီး ကမ္ဘာကို အာကာသကနေ လှမ်းမြင်ရတဲ့ ဓာတ်ပုံတွေထဲမှာ အမှတ်ရဖွယ်အကောင်းဆုံး၊ စိတ်အားတက်ကြွဖွယ် အကောင်းဆုံး ဓာတ်ပုံအဖြစ် အသိအမှတ်ပြုပြောဆိုကြပါတယ်။ ဓာတ်ပုံနာမည်က Earthrise လို့ခေါ်ကြပါတယ်။

ပြီးခဲ့တဲ့ရက်ကမှ လေယာဉ်ပျက်ကျလို့ ဘီ အန်းဒါးစ် ဆုံးသွားရှာတယ်။ ဆုံးပါးချိန်မှာ အသက် ၉၀ ရှိနေပြီ။ ပျက်ကျတဲ့ လေယာဉ်ကလည်း တစ်လုံးထိုးအင်ဂျင်နဲ့ မောင်းရေးတဲ့ လေယာဉ် သေးသေးကလေး။

လူ့အဖြစ်များ ဆန်းကျယ်ပုံပြောပါတယ်၊ လကမ္ဘာထိတောင် ခရီးသွားခဲ့တဲ့ အာကာသယာဉ်မှူးဟာ တစ်လုံးထိုးအင်ဂျင်လေယာဉ်နဲ့ကျမှ အသက်ဆုံးပါးသွားရတယ်။