Get Mystery Box with random crypto!

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 134.56K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 10

2023-02-06 17:12:39 ကရင်နီမှာ ဒရုန်းနဲ့ ဝေဟင်ကနေ ကြဲချတဲ့ ရုပ်သံဖိုင်တချို့ မီဒီယာတွေမှာ ဖော်ပြတာ ကြည့်ဖူးကြမှာပါ။ ဒါတွေကို လုပ်တာက လွိုင်ကော် ပီဒီအက်ဖ်နဲ့ Falcon Wings တို့ ပေါင်းလုပ်ကြတာ။ ဝေဟင်က ကြဲချတာတွေမှာ မြင်ကွင်းနဲ့ ဖြစ်စဉ်ကိုလည်း သေချာ ရှင်းရှင်းလင်းလင်း ရိုက်ပြနိုင်တာ တွေ့ရတယ်။

ပြဿနာက ဒီလို ရိုက်ပြတဲ့ ဗီဒီယိုတွေ Facebook ပေါ်တင်ရင် သူတို့ စည်းမျဉ်းတွေနဲ့ ငြိပြီး အားလုံး ဖြုတ်ချခံရတယ်။ တင်ပြီး သိပ်မကြာဘူး၊ တစ်ရက်အတွင်း ဖြုတ်ခံရတာပဲ။ မတင်လို့ကလည်း မရ၊ ဒါတွေကို ပြနိုင်မှ သူတို့ အလုပ်လုပ်နေတယ်ဆိုတာကို ကူညီထောက်ပံ့သူတွေကို တနည်းအားဖြင့် သက်သေပြလို့ရမှာကိုး။

လွိုင်ကော် ပီဒီအက်ဖ်နဲ့ Falcon Wings တို့ရဲ့ ဝေဟင်ကလုပ်တဲ့ မစ်ရှင်တွေကိုကြည့်ချင််ရင် သူတို့ Telegram Channel ရှိပါတယ်။ [https://t.me/lkwpdf] ဒီမှာ Subscribe လုပ်ထားပြီး ကြည့်နိုင်ပါတယ်။

ကျနော်အကြံပြုလိုတာက တခြား PDF အဖွဲ့တွေလည်း ဒီနည်းကို သုံးပြီး Telegram ကနေ ကိုယ့် မစ်ရှင်တွေ၊ တိုက်ပွဲတွေ ဓာတ်ပုံ၊ ရုပ်သံထုတ်ပြန်တာတွေကို လုပ်သင့်တယ်ဆိုတာပါ။
14.5K viewsedited  14:12
Open / Comment
2023-02-04 19:35:32 အစောပိုင်းကာလမှာ Facebook က ခွင့်ပြုခဲ့ပေမယ့် ခုချိန် မရတော့ပါဘူး။ ‘ကမ္ဘာအနှံ့က လူအချင်းချင်း ချိတ်ဆက်ဖို့အတွက်’ လို့ဆိုထားတဲ့ Facebook က အပျော်အပါး၊ အတင်းအဖျင်းနဲ့ အညှီအဟောက်တွေကိုသာ ပုံမှန်အားဖြင့် လက်ခံပါတယ်။ လက်ရှိ ကျနော်တို့ နေ့စဉ် ရင်ဆိုင်နေရတဲ့ အနိဌာရုံတွေဟာ သူ့ ပလက်ဖောင်းအတွက် အဆင်ပြေမနေပါဘူး။
.
ပြီးခဲ့တဲ့ ၃ လလောက်က စပြီး တော်လှန်ရေးစာမျက်နှာတွေနဲ့ PDF စာမျက်နှာတွေက တင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေ ဆက်တိုက် ဖြုတ်ချခံနေရပါတယ်။ တချို့စာမျက်နှာတွေကတော့ အနီရောင်ထိပြီး စာမျက်နှာကို ပိတ်ပစ်မယ်ဆိုတဲ့အထိ သတိပေးခံရပါတယ်။
.
မြန်မာလူထုနဲ့ စာဖတ်ပရိသတ်ဟာ သတင်းနဲ့ ဆက်သွယ်ရေး အတွက် Facebook ကိုပဲ အဓိက အားထားလေတော့ Facebook ရဲ့ ကန့်သတ်မှုတွေကြောင့် တော်လှန်ရေးစာမျက်နှာတွေက သူတို့ပြောချင်တာကို မပြောရတာ၊ မပြရတာက အတော်ကို ‘ထိ’ ပါတယ်။
.
နေ့စဉ် သတ်ဖြတ်မီးရှို့ခံနေရတာကို မပြောရင် တခြား ပြောစရာအကြောင်းလည်း မရှိပါဘူး။ ဒါပေမယ့် Facebook ဟာ ရီစရာ ဟာသ၊ အပျော်အပါးနဲ့ အညှီအဟောက်ကိုပဲ ခွင့်ပြုလေတော့ ဘယ်လိုမှ မတတ်နိုင်ကြ။
.
တချို့ စာမျက်နှာတွေဟာ Follower ၅ သောင်းကျော်၊ တချို့ ၁ သိန်းရှိကြတော့ ပိတ်ပစ်ခံရရင် ဒါမျိုး ထပ်ရအောင်လုပ်ဖို့ မလွယ်ပါ။ ပြဿနာက လက်ရှိအတိုင်းလည်း 'ပျံ့နှံ့မှု' တွေ လျှော့ချခံနေရတော့ ထောက်ပံ့ငွေ ကောက်ခံရေး၊ ကိုယ့်အဖွဲ့ရဲ့ သတင်းစကား ပျံ့နှံ့ရေး ထိခိုက်လာပါတယ်။
.
တော်လှန်ရေး စာမျက်နှာတွေအတွက် ကျနော် စဉ်းစားမိတာ တစ်ခုရှိပါတယ်။ ကိုယ့်မှာရှိနေပြီးသား Facebook စာမျက်နှာကို ‘စာနဲ့ ရေးထားတဲ့ ထုတ်ပြန်ချက်တွေ တင်ဖို့အတွက်’ ပဲ အဓိက အသုံးပြုကြဖို့ပါ။
.
သွေးသံရဲရဲ ဓာတ်ပုံတွေ၊ သတ်ဖြတ်မှုတွေ၊ လက်နက်တွေ၊ အမြောက်တွေ၊ ကျည်ဆန်တွေ Facebook မှာ တောက်လျှောက်တင်နေရင် အကြီးအကျယ် ပြဿနာတက်ပါလိမ့်မယ်။ နောက်ဆုံး စာမျက်နှာ ပိတ်ပစ်ခံရပါလိမ့်မယ်။ အချိန်ယူပြီး လုပ်ထားတာတွေ အားလုံး သဲထဲရေသွန် ဖြစ်ပါလိမ့်မယ်။
.
ကိုယ့် မစ်ရှင်၊ တိုက်ပွဲ၊ စစ်ကောင်စီဘက်က သေဆုံးအလောင်း၊ ကိုယ့်ဘက်က ကျဆုံးမှု၊ ဓာတ်ပုံ၊ ဗီဒီယို စသည်ဖြင့် ထုတ်ပြန်ဖို့အတွက် Telegram Channel တစ်ခု ထောင်ပါ။ Facebook မှာ စာရေးပြီး Comment မှာ ကိုယ့် Telegram ကို ညွှန်းပေးပါ။ အဲ့ဒီမှာ ဓာတ်ပုံ၊ ဗီဒီယိုတွေကို တင်ပါ။ စာရေးသားရာမှာလည်း ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကို ပြီးပြီးရော မရေးကြဘဲ စကားလုံး အသုံးအနှုန်းတွေကို အထူးသတိထားဖို့ လိုပါကြောင်းခင်ဗျာ။
.
အဆင်ပြေပါစေ ရဲဘော်တို့...။
5.2K viewsedited  16:35
Open / Comment
2023-01-23 04:37:48 ❝သူ့ မိဘတွေကတော့ သူ အသက်ရှိနေမယ် ထင်တုန်းပေါ့❞

(ဆောင်းပါးရှည်)

မန္တလေး နန်းတွင်း စစ်ကြောရေးတွင်ရှိနေခဲ့ချိန် စစ်ကောင်စီတပ်ဖွဲ့များက မအေးနန္ဒာစိုးကို အဓမ္မကျင့်ခဲ့ပြီး သတ်ပစ်လိုက်ပြီဟူ၍လည်း သမဂ္ဂအဖွဲ့ဝင်များက သတင်းကြားခဲ့ရပြန်သည်။ မိဘများမှာတော့ စစ်ဘေးရှောင်နေရင်းပင် သမီးဖြစ်သူ၏ သတင်းကို နေ့စဉ် နားစွင့်နေကြရသည်။

အပြည့်အစုံ ဖတ်ရန် - http://bit.ly/3iSMiBI
42.3K views01:37
Open / Comment
2023-01-20 13:38:21 ယနေ့ မြောက်ဒဂုံတွင် သတ်ခံရသူ လက်/ညွှန်ဟောင်းမှာ ဒလံမဟုတ်ကြောင်း မိသားစုက ဆို

ဒဂုံမြို့သစ် မြောက်ပိုင်း၊ တပင်ရွှေထီးလမ်း၊ ၄၀ ဈေးတွင် ယနေ့နံနက်က သတ်ဖြတ်ခံရသူ ဦးရွှေဝင်းမှာ ဒလံမဟုတ်ကြောင်းနှင့် စစ်ကောင်စီလက်အောက်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသူလည်း မဟုတ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့ပြင် မီဒီယာအချို့တွင် ဖော်ပြထားသကဲ့သို့ ဦးရွှေဝင်းမှာ ဗိုလ်မှူးဟောင်း မဟုတ်သလို သားဖြစ်သူမှာ စစ်တပ်တွင် တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီးတစ်ဦးဟု ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း မိသားစုဝင်က ဆိုသည်။

“အိမ်ထောင်စုစာရင်း လိုက်ကောက်ရာတွင်လဲ မပါဝင်ပါ၊ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ မည်သည့်ရုံးတွင်မှ လက်ရှိတာဝန်ထမ်းဆောင်နေခြင်း မရှိပါ။ လမ်းထဲရှိ အိမ်နီးနားချင်းများ၊ ၄၀ ဈေးတစ်ခုလုံးတွင်ရှိသော ဈေးသူဈေးသားများ အကုန်သိပါတယ်” ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

ဦးရွှေဝင်းတွင် သမီးမိန်းကလေးနှစ်ဦးနှင့် သားအငယ်တစ်ဦး စုစုပေါင်း သားသမီး ၃ ဦးရှိသည်။ ၂၅ နှစ်အရွယ်သားငယ်မှာ ဒဂုံတက္ကသိုလ်တွင် ရုက္ခဗေဒဘာသာရပ်ဖြင့် တက်ရောက်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် အလုပ်လက်မဲ့ တစ်ဦးဖြစ်သည်ဟု သိရသည်။

အွန်လိုင်းပေါ်နှင့် မီဒီယာအချို့တွင် ဖော်ပြထားသည့် ဗိုလ်ကြီးတစ်ဦးဖြစ်သည် ဆိုသည်မှာ လုံးဝ မဟုတ်မှန်ကြောင်း မိသားစုဝင်က ဆိုသည်။

အသက် ၆၅ နှစ်အရွယ်ဦးရွှေဝင်းသည် ၁၉၇၈ ခုနှစ်က ရန်ကုန် ပဲခူးကလပ်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်းရုံးတွင် အလုပ်ဝင်ခဲ့ပြီး စစ်သားမဟုတ်ဘဲ ရိုးရိုးအရပ်သားဝန်ထမ်း စာရင်းစစ်တစ်ဦးသာ ဖြစ်ကြောင်းနှင့် ၂၀၁၈ ခုနှစ်ကတည်းက သက်ပြည့်ပင်စင်ယူခဲ့သည်ဟု သိရသည်။

“အဖေ အငြိမ်းစာယူတဲ့အချိန်မှာ ရာထူး လက်ထောက်ညွန်ကြားရေးမှူးနဲ့ ယူရပါတယ်။ အမေက ကင်ဆာဆေးကုထားရတဲ့သူမို့ အဖေကပဲ ပင်စင်ယူပြီးနောက်ပိုင်း အခုထိဈေးသွား ဟင်းချက်လုပ်ပါတယ်။ ကျွန်မတို့မိသားစုအတွက် အားကိုးအားထားရာ ဖခင် ခုလိုအဖြစ်ဆိုးမျိုးနဲ့ သေဆုံးရတဲ့အတွက် ရင်ကွဲမတတ် ခံစားရနေရပါတယ်” ဟု ဆိုသည်။

“အဖိတ်အစင်ဖြစ်ရတယ်ဆိုလည်း ကျမ တို့နားလည်ပြီးပဲလက်ခံပေးရတော့မှာပါ။ ဖြစ်ပြီးသွားတဲ့အတွက်ကြောင့်၊ ဒါပေမဲ့ ဒီလို မသေချာ မမှန်တဲ့အကြောင်းတွေပျံ့ပြီး၊ ရှင်းလင်းတယ်ဆိုတဲ့အဖွဲ့ကို နောက်မမှားစေချင်လို့ပါ” ဟု မိသားစုဝင်က ဆိုသည်။
1.7K viewsedited  10:38
Open / Comment
2023-01-17 15:48:43 အတည်ပြုနိုင်ခြင်းမရှိတဲ့ ဟေးလားဝါးလား ရာခိုင်နှုန်းတွေ၊ တွေ့ကရာ ခန့်မှန်းပြောစကားတွေဟာ လူထုကို ဝေဝါးစေပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေကတော့ လိမ်လို့မရနိုင်ပါဘူး။ ဒါကြောင့် ကိန်းဂဏန်းအချက်အလက်တွေကို ကြည့်ပြီးမှ စေ့ငုကြစေဖို့ ဖြစ်ပါတယ်။

၃ လအတွင်း အရပ်သား ၅၄၀ ကို သတ်ဖြတ်ခံရတယ်ဆိုတာ တစ်ရက်မှာ လူ ၆ ယောက်နှုန်း စစ်ကောင်စီက နေ့စဉ် သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ ဒီလူတွေဟာ တိုက်ပွဲအတွင်း ဝင်တိုက်နေတဲ့လူတွေ မဟုတ်ပါဘူး၊ သာမန် အရပ်သူ အရပ်သားတွေ ဖြစ်ပါတယ်။ ဒါကို မြင်အောင်ကြည့်ဖို့ လိုပါတယ်ခင်ဗျာ။
●
*ကိုးကားတဲ့ စစ်တမ်း - Burma Affairs and Conflict Study (BACS) - စာရေးသူ၊ ဆောင်းပါးရေးသူတွေအနေနဲ့ ဒီ ၃ လစာ၊ အစီရင်ခံစာ အပြည့်အစုံကို လိုချင်ရင် ကျနော့် Telegram - @mrattkthu မှာ တောင်းယူနိုင်ပါတယ်။
11.3K views12:48
Open / Comment
2023-01-17 15:47:58
11.5K views12:47
Open / Comment
2023-01-17 15:47:52 ဒီလိုပဲ မွန်နဲ့ ရခိုင်မှာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြင်နေတာကို မြင်ကြရမှာပါ။ ပါတီတွေထဲမှာတော့ ကြံ့ဖွံ့ပါတီက လှုပ်ရှားမှုအများဆုံးလို့ တွေ့ရပါတယ်။ ကြံ့ဖွံ့ဟာ ရန်ကုန်မှာ ခြေလှမ်းစိတ်သလို ပဲခူးနဲ့ မန္တလေးမှာလည်း လှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေခဲ့တာကို တွေ့ရပါတယ်။

ထူးခြားချက်အနေနဲ့ ကြံ့ဖွံ့ပါတီဟာ ရခိုင်ပြည်နယ်မှာ ၈ ကြိမ်လှုပ်ရှားမှု ရှိခဲ့ပြီး ၄ ကြိမ်က ပါတီတွင်းစည်းရုံးရေး လုပ်ခဲ့တာကို တွေ့ရပါတယ်။ တစ်ဖက်မှာတော့ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လှုပ်ရှားမှုနည်းပြီး ဒေါ်သက်သက်ခိုင်ရဲ့ 'ပီသုံးလုံး' က ဒုတိယမြောက် လှုပ်ရှားမှု အများဆုံးပါ။

︎စစ်ရာဇဝတ်မှု
ဒီလိုရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ ၃ လအတွင်း စစ်ကောင်စီဟာ နေအိမ်ပေါင်း တစ်သောင်းတစ်ထောင်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကိုင်းတစ်တိုင်းထဲမှာ နေအိမ် ၈၆၀၀ ကျော်ရှိပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေချိန်မဟုတ်ဘဲ အရပ်သား ၅၄၀ ကျော်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ပါတယ်။ (ဇယားချပ် - ဂ)
10.4K views12:47
Open / Comment
2023-01-17 15:47:19
9.6K views12:47
Open / Comment
2023-01-17 15:47:14 အရင်ကတော့ ဆက်သွယ်ရေးအခက်အခဲ၊ ကျယ်ကျယ်ပြန့်ပြန့် သတင်းမဖော်ပြမှုနဲ့ စိတ်ဝင်စားမှု အားနည်းခဲ့တာကြောင့် တိုင်းရင်းသားဒေသက စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေဟာ ထောင့်ချိုးတစ်ခုမှာ ကွယ်နေခဲ့သလိုပါပဲ။

ခုတော့ ဘယ်မှာပဲ ဖြစ်ဖြစ်၊ မြင်နိုင်ကြားနိုင်ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။ ချင်းအမျိုးသားတပ်ဦးရဲ့ ဝိတိုရိယစခန်းကို စစ်တပ်က လေယာဉ်နဲ့ ဒီနေ့ဗုံးကြဲ၊ နောက်တစ်ရက်မှာ ရုပ်သံဖိုင်ကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ နေ့စဉ်မပြတ် လူသတ်နေတာကို ကျနော်တို့ သတိလက်လွတ် မမေ့မလျော့ဖို့ ရေးရခြင်းပါတယ်။

︎ရွေးကောက်ပွဲ
စစ်ကောင်စီဟာ ဒီနှစ် ဇန်နဝါရီကစပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လျော့သွားတယ်ဆိုနိုင်ပါတယ်။ တစ်ဖက်မှာ ရွေးကောက်ပွဲအတွက် အသည်းအသန် ပြင်ဆင်ကြိုးပမ်းနေတာကို မြင်နိုင်ပါမယ်။ ရွေးကောက်ပွဲအတွက် အဓိက လှုပ်ရှားမှု အများဆုံးနေရာက ရှမ်းဖြစ်ပါတယ်။ ဒုတိယအများဆုံးက ဧရာဝတီတိုင်းပါ။ (ဇယားချပ် - ခ)
8.9K views12:47
Open / Comment
2023-01-17 15:46:47
9.1K views12:46
Open / Comment