🔥 Burn Fat Fast. Discover How! 💪

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 135.13K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 4

2024-02-01 15:13:04
စစ်ကောင်စီက ဖျက်ဆီးသွားတဲ့ နေစရာ စခန်းတွေ ပြန်ဆောက်ဖို့၊ ရိက္ခာနဲ့ တင်နေတဲ့အကြွေးတွေ ပြန်ဆပ်ဖို့ သူတို့ ကမ်ပိန်းလေးတစ်ခု လုပ်နေကြတာ တွေ့ပါတယ်။ မနှစ်ကတည်းက လုပ်နေကြပေမဲ့ ခုထိ မပြည့်သေးပါ။

မြေပြင်မှာ လူထုအတွက် ပညာရေး ကျန်းမာရေး စတာတွေကိုလည်း ကူညီပေးနေတဲ့ အဖွဲ့ဖြစ်လို့ ယုံယုံကြည်ကြည် ထောက်ပို့ လှူဒါန်းနိုင်ကြပါတယ် မိတ်ဆွေများ ခင်ဗျာ။ ကူညီချင်သူများအတွက် https://www.facebook.com/profile.php?id=100072034427171
16.4K views12:13
Open / Comment
2023-11-25 18:06:19 ယူနန် နယ်စပ်က စစ်ဘေးရှောင်တွေကို တရုတ်နယ်ခြားစောင့်ရဲတွေက မျက်ရည်ယိုဗုံးသုံးကာ တားဆီး (ရုပ်သံ)

ကိုးကန့်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရင်း တရုတ်မြန်မာနယ်စပ်ကို ရောက်နေကြတဲ့ ကိုးကန့် တိုင်းရင်းသားတွေကို တရုတ် နယ်ခြားစောင့် ရဲတွေက မျက်ရည်ယိုဗုံး အသုံးပြုပြီး တားဆီးခဲ့တယ်လို့ သိရပါတယ်။

ရုပ်သံအပြည့်အစုံ -

13.7K views15:06
Open / Comment
2023-09-24 18:52:24
ဆောင်းပါးအပြည့်အစုံ - https://bit.ly/3PRDDNA
14.4K views15:52
Open / Comment
2023-07-14 14:42:57 NUCC ကွဲနေကြပြီဆိုတာ ဟုတ်သလား...

ပြည်သူ့ညီလာခံ ဘာလို့ မကျင်းပဖြစ်တာလဲ၊ အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာကြောင့် မထွက်လာသေးတာလဲ... စတဲ့အကြောင်းအရာတွေနဲ့အတူ "NUCC ကိုလှစ်ဟခြင်း - လက်ရှိအခြေအနေနှင့် မသိရခြင်းများ" မေးမြန်းတင်ဆက်မှု တိုက်ရိုက်ကြည့်နိုင်တဲ့ Link https://fb.watch/lMXlXYXbPD/
48.0K views11:42
Open / Comment
2023-06-02 02:47:00
ကိုယ် ကြိုက်နှက်သစ်ရာ နားဆင်နေကျ ပေါ့ကတ်စ် အက်ပလီကေးရှင်းမှာ Mratt's Podcast လို့ ရိုက်ရှာပြီး မေးမြန်းမှု အပြည့်အစုံကို နားဆင်နိုင်ပါတယ်။ ပြည်တွင်းမှာ နေထိုင်သူတွေအနေနဲ့ Google Podcasts မှာ အလွယ်တကူ နားဆင်နိုင်ပြီး Apple Podcast တို့မှာလည်း နားဆင်နိုင်ပါတယ်။
19.4K views23:47
Open / Comment
2023-05-24 05:30:52
ဆောင်းပါး အပြည့်အစုံ - https://bit.ly/3OSxHDZ
35.0K views02:30
Open / Comment
2023-05-19 05:02:00
အင်တာဗျူး အပြည့်အစုံကို ကြိုက်နှစ်သက်ရာ Podcast Application များက နားဆင်နိုင်သလို ဒီမှာ [https://bit.ly/3WhBjRk] လည်း နားဆင်နိုင်ပါတယ်။ မုန်တိုင်းသင့်ချင်းပြည်နယ်ကို လှူဒါန်းလိုသူတွေအနေနဲ့ ဒီ Link [https://www.facebook.com/icncc] မှာ မေးမြန်းနိုင်ပါတယ်။
41.9K views02:02
Open / Comment
2023-05-17 11:28:04 ပြီးခဲ့တဲ့လက မြိုင်၊ မန်ကျည်းကန်က ဆေးရုံကို စစ်ကောင်စီက ဝင်စီးပြီး ဆေးဝန်ထမ်းတွေနဲ့ လူနာတွေကို ဖမ်းခေါ်သွားခဲ့တယ်။ လူနာနဲ့ လူနာစောင့် စုစုပေါင်း ၂၀၀ နီးပါး ဖမ်းခံရတယ်လို့ မြိုင် ပီဒီအက်ဖ်အဖွဲ့က ကဆိုပါတယ်။

အများစု ပြန်လွတ်ခဲ့ကြပေမဲ့ ဆေးကုသပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေ ပါသွားခဲ့တယ်။ အဲ့ဒီတုန်းက စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်တွေမှာ တင်ခဲ့တဲ့ မြိုင်က ဆေးကျောင်းနောက်ဆုံးနှစ် ကျောင်းသူတစ်ဦးဆိုတာ ဒီ မန်ကျည်းကန်ကနေ ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။ (ကွန်မင့်ထဲမှာ သူ့ပုံ ရှိပါတယ်) တချို့ အထင်မှားနေသလို တခြားလူနဲ့ ဝါဒဖြန့်တာ မဟုတ်ဘဲ တကယ် ဖမ်းဆီးခံခဲ့ရတာပါ။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၁၈ က ဖြစ်ခဲ့တာပါ။ အများစု သတိမထားလိုက်ကြပေမယ့် မြိုင်၊ မန်ကျည်းကန်က ဒီဆေးရုံကို Mi-35 တစ်စီးနဲ့ ပစ်ခတ်၊ အဲ့ဒီနောက် အင်အားထပ်ချပြီး ဝင်စီးချိန်မှာ ဒီနယ်မြေမှာရှိတဲ့ မြိုင် ပီဒီအက်ဖ်အဖွဲ့ရဲ့စခန်းလည်း စီးနင်းခံခဲ့ရပါတယ်။

“လူနဲ့ လက်နက်တွေက အကုန်လွတ်တယ်ဗျ၊ ကျည် ၂ ထောင်ကျော်၊ ကား ၂ စီး၊ လက်ပစ်သီး ၃၀၊ အိုက်ကွန် အထိုင်စက်၊ ဂြိုလ်တု အင်တာနက် စက်၊ တခြား ခဲယမ်း နဲ့ ယူနီဖောင်းတွေ၊ အဲ့ဒါတွေတော့ ပါသွားတယ်ဗျ” လို့ မြိုင်ပီဒီအက်ဖ်ရဲ့ ခေါင်းဆောင်က ကျနော့်ကို လှမ်းပြောပါတယ်။

အဲ့ဒီမှာ ဖမ်းမိသွားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူနေအိမ် ၄ လုံးလောက်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။ ဒီ စီးနင်းခံရမှုဟာ မြိုင် ပီဒီအက်ဖ်ကို အတော် အထိနာသွားစေခဲ့ပါတယ်။ ဒီမတိုင်ခင်က ရရှိခဲ့တဲ့ ထောက်ပံ့ငွေတွေ လက်လွှတ်ဆုံးရှုံးလိုက်ရသလို ဖြစ်ခဲ့တယ်။ ပြန်ရုန်းထဖို့ အတော် အားယူကြရပါဦးမယ်။

မြိုင်၊ ဆားလင်းကြီး၊ ရေစကြိုနယ်ဟာ ဟိုးအစောပိုင်းတွေမှာ လူစိတ်ဝင်စားမှု မြင်ခဲ့ပြီး စစ်ကောင်စီကလည်း ဒီနယ်တဝန်းကိုပဲ ပိုပြီး ဖိနှိပ်ခဲ့တာပါ။ ဒီအဖွဲ့တွေကို တိုက်ရိုက်လူချင်တယ်ဆိုရင် ဒီ Link မှာ သွားရောက်ထောက်ပံ့နိုင်ပါတယ်။ https://www.facebook.com/profile.php?id=100092501444736
12.9K views08:28
Open / Comment
2023-05-17 02:30:02
အင်တာဗျူး အပြည့်အစုံကို Google Podcasts, Apple Podcasts, Spotify နဲ့ Overcast တို့အပြင် ကိုယ်ကြိုက်နှစ်သက်ရာ ဘယ် ပေါ့ကတ် အက်ပလီကေးရှင်းမှာမဆို Mratt’s Podcast လို့ ရိုက်ရှာပြီး နားဆင်နိုင်ပါတယ်။ ဒီ Link မှာလည်း အလွယ်တကူ နားဆင်နိုင်ပါတယ်။ - https://bit.ly/44YRsiy
14.6K views23:30
Open / Comment
2023-05-14 13:53:34 စစ်တွေ၊ မိုခါ မုန်တိုင်း
(ညနေ ၅ နာရီ ၁၅ မိနစ်)

MPT လိုင်းတွေ ပြတ်သွားပြီး အော်ရီဒူးတော့ ရသေးတယ်လို့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။ လေပြင်းပြင်းထန်ထန် တိုက်နေဆဲ ဖြစ်သလို မြို့ထဲကို ဒီရေ အလုံးလိုက် ဝင်လာနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန် မြို့ထဲက အိမ်တွေမှာ ၅ ပေကျော်လောက်ထိ ရေတက်နေပြီလို့ ဆိုပါတယ်။ ဒါဟာ မြို့ထဲဧရိယာဖြစ်ပြီး ကမ်းနားက အခြေအနေကတော့ ဒီထက် အများကြီး ပိုဆိုးနိုင်ပါတယ်။

“လေကတော့ အရေးမကြီးတော့ဘူး အဲလောက်ထိ။ ခုက ရေကိုကြောက်နေတာ” လို့ စစ်တွေမြို့ထဲမှာ ရှိနေဆဲ ဒေသခံက ပြောပြပါတယ်။
28.0K viewsedited  10:53
Open / Comment