🔥 Burn Fat Fast. Discover How! 💪

Mratt's Channel

Logo of telegram channel mrattkyawthu — Mratt's Channel M
Logo of telegram channel mrattkyawthu — Mratt's Channel
Channel address: @mrattkyawthu
Categories: Telegram
Language: English
Subscribers: 135.13K
Description from channel

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Ratings & Reviews

2.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

1

3 stars

1

2 stars

0

1 stars

1


The latest Messages 3

2024-02-28 16:00:32
ရခိုင်ကနေ ဖားကန့်ဘက်သွားပြီး ကျောက်တူးမယ်၊ တချို့ မူဆယ်မှာ အလုပ်လုပ်မယ်၊ မဟုတ်ရင် ရန်ကုန်မှာ ရွှေပန်းထိမ်လုပ်မယ် စသည်ဖြင့်။ ပြည်တွင်းကနေ ထွက်နိုင်ရင်တော့ မလေးရှား၊ ထိုင်းပေါ့။ ဒါက အမျိုးသားတွေ။ အမျိုးသမီးအများစုကိုကြည့်ရင် စက်မှုဇုံတွေမှာ အထည်ချုပ်၊ ရွှေ့ပြောင်း လူဦးရေထဲက ရာခိုင်နှုန်း ခပ်များများက ဒီတိုင်းချည်းပါပဲ။

ဆောင်းပါး - https://bit.ly/3uOWzoi
13.5K views13:00
Open / Comment
2024-02-23 18:13:23
အပြည့်အစုံ -

21.7K views15:13
Open / Comment
2024-02-23 10:03:04
မြန်မာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုရဲ့ ခေါင်းဆောင်ဆီကနေ နျူကလီးယားထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံဓာတ်သတ္တုတွေကို ယူပြီး အီရန်နိုင်ငံကို ပြန်ရောင်းချဖို့ကြံစည်မှုနဲ့ အမေရိကန်က ဖမ်းဆီးထားတဲ့ ဂျပန်ယာကူဇာ အီဘီဆာဝါဆိုတာ ဘယ်သူလဲ...?

အပြည့်အစုံနားဆင်ရန် -

22.5K views07:03
Open / Comment
2024-02-20 14:45:20 'ထိုင်းနိုင်ငံ' သို့ သွားမည့်သူများ...

ရန်ကုန် ထိုင်းသံရုံးရဲ့ စည်းမျဉ်းတွေ ပြောင်းသွားပါတယ်။ ဟိုးတရက်က ထုတ်ပြန်ချက်မှာ 'သံရုံးရှေ့ တန်းစီ၊ တိုကင်ယူ' စနစ်လုပ်ခဲ့တယ်။ ခုတော့ ဒီစနစ်ကို ပြောင်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ကိုယ်တိုင်တန်းစီ စနစ်ကို ဖျက်သိမ်းလိုက်ပြီလို့ ဆိုတယ်။ အွန်လိုင်းကနေတဆင့် တိုကင်ယူရတော့မယ်လို့ ဆိုတယ်။

အပေါ်က စာပိုဒ်က အတိုချုံ့ရေးထားတာပါ။ ထုတ်ပြန်ချက် အပြည့်အစုံကို သေသေချာချာဖတ်ရှုကြပါ မိတ်ဆွေများ။ ရန်ကုန်မှာရှိတဲ့ ထိုင်းနိုင်ငံသံရုံး ဖေ့စ်ဘုတ်စာမျက်နှာ Link - https://www.facebook.com/RoyalThaiEmbassyYangon
28.1K views11:45
Open / Comment
2024-02-19 08:38:35
ရခိုင်ပြည်နယ် ပိတ်ဆို့ခံထားရတာ ရက်ပေါင်း ၁၀၀ ပြည့်တော့မည်။ စစ်ရေးအခြေအနေများနှင့် နောက်ဆုံးအခြေအနေ....

29.6K views05:38
Open / Comment
2024-02-14 19:24:19
ကျနော့်ကို မေးခွန်းတွေ လာမေးကြတာ အများကြီးပါပဲ။

တချို့လည်း သူတို့မေးခွန်းတွေ ပြန်မဖြေလို့ စိတ်ကွက်သွားကြတာ တွေ့ပါတယ်။ တချို့ကိစ္စတွေ ကျနော် ချက်ချင်း မဖြေနိုင်ပါ။ ယုံကြည်ရတဲ့ သတင်းဌာနတွေမှာ ရေးထားတာတွေရယ်၊ ကျနော့် သတင်းရင်းမြစ်တွေကို မေးမြန်းတာတွေရယ်၊ နောက်ပြီး ကျနော့်အတွေ့အကြုံရယ်၊ စာတွေလည်း လိုက်ဖတ်ရပါတယ်၊ ဒါတွေ စုပေါင်းပြီး ဖြေတာပါ။

မေးခွန်းတွေကို ဖြေထားတဲ့ Live ကို အောက်က Link မှာ ကြည့်နိုင်ပါတယ်။



37.5K viewsedited  16:24
Open / Comment
2024-02-14 15:55:43 ကော်သူးလေ မြေကို နင်းပြီး
လွတ်မြောက်ရာ
ရောက်သွားကြသူတိုင်း
ကော်သူးလေအပေါ် ကျေးဇူးရှိပါတယ်။


ဒီမြေကို ဖြတ်ပြီး ပြေးခဲ့ရသူတွေဆိုရင် ကိုယ့်ဒုက္ခ ဘယ်လောက်ရောက်ခဲ့သလဲ သိကြမှာပါ။ တချို့ဆို ဒီနယ်မြေကိုဖြတ်ကြတာမှာ တွေ့ကြုံရတဲ့အကြောင်း တဖွဲ့တနွဲ့ ရေးကြပြောကြတာ တွေ့မိတယ်။ ဒီနယ်ကလူတွေရဲ့ ဒုက္ခတွေကို မြင်ခဲ့ကြမှာပါ။ နေ့ပိုင်း ရက်ပိုင်း ဖြတ်သန်းခဲ့ရတာ ဒီလောက်ခက်ခဲရင် ဒီမြေမှာ ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခရောက်နေကြသူတွေရဲ့ ခက်ခဲမှုကတော့ ပြောစရာလိုတော့မယ် မထင်ပါ။

ခု ဒီ ကော်သူလေးနယ်က စစ်ဘေးရှောင်တွေအတွက် ကမ်ပိန်းလုပ်နေပါတယ်။ အောက်က Link မှာ ဝင်ကူညီ အားဖြည့် ပါဝင်ပေးကြပါဦး မိတ်ဆွေတို့။

https://www.facebook.com/GSCNStrike/posts/pfbid0uvSLcZQbfzibFrW7w9UJQeMqz2KkfnBBr5MqUQVuzL2BPkVG7HD4hDVqQnqFLsi1l
34.9K views12:55
Open / Comment
2024-02-12 03:00:01 အပြည့်အစုံကြည့်ရန် -

34.1K views00:00
Open / Comment
2024-02-08 17:11:40 ◉ လူမှုကွန်ရက် သက်သေအထောက်အထား (၅)
စစ်ကောင်စီထောက်ခံသူ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်ဟုယူဆရသူ တဦးက မြောက်ခင်ရန်းရွာတွင် ပျူစောထီး (ပြည်သူ့စစ်) များ စစ်ရေးလေ့ကျင့်နေသည့် ရုပ်သံဖိုင်တခု တင်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါဖိုင်တွင် တွေ့ရှိရသည့် နေရာသည် YDF ရဲဘော် ၂ ဦး သတ်ဖြတ်ခံရသည့် နေရာနှင့် ထပ်တူကျသည်ကို တွေ့ရသည်။ မြောက်ခင်ရန်း ရွာသည် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်) အားကောင်းသည့်ရွာ ဖြစ်သည်။

◉ လူမှုကွန်ရက် သက်သေအထောက်အထား (၆)
ဖမ်းဆီးခံထားရသည့် YDF ရဲဘော် ၂ ဦး အနီးတွင် ဘောင်းဘီတို နှင့် စစ်ဖိနပ် ဝတ်ထားသူ တဦးသည် RPG တလက်ကို လွယ်ထားသည်ကိုတွေ့ရပြီး အဆိုပါ RPG တွင်ပါသည့် အနီဝိုင်း၌ အဖြူရောင်ဖြင့် နံပါတ်စာသားများ ရေးထားသည်ကို တွေ့ရသည်။ ယင်းအမှတ်အသားသည် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များတွင် တပ်ရင်းဌာန နံပါတ်များကို ရေးသားသည့်ပုံစံဖြစ်ပြီး တပ်ရင်းဌာန အတိအကျကို မသိရသော်လည်း ယင်းဖြစ်ရပ်တွင် စစ်ကောင်စီ တပ်သားများ ပါဝင်ပတ်သတ်နေသည်မှာ ထင်ရှားပေသည်။

တွေ့ရှိရသည့် အထက်ပါ သက်သေ အထောက်အထားများအရ မြောက်ခင်ရန်းကျေးရွာတွင်ဖြစ်ပွားခဲ့သည့် လူမဆန့်သည့် သတ်ဖြတ်မှုကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သည်မှာ ထင်ရှားသည်။ စစ်ကောင်စီ ထောက်ခံသူ ဝါဒဖြန့် လော်ဘီများကိုယ်တိုင် ချန်ထားခဲ့သည့် ငြင်းမရသည့် သက်သေအထောက်အထားများ ဖြစ်သည်။

မြောက်ခင်ရန်း ကျေးရွာရှိ ပျူစောထီး (ပြည်သူ့စစ်) များကို ကြံခိုင်ရေးအမတ်ဟောင်း ဘူးလတ်လှဆွေက ဖွဲ့စည်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစ (ကလေး) က အခြေခံစစ်သင်တန်းများ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီအနဖြင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး မည်မျှပင် ငြင်းဆိုနေစေကာမူ သက်သေအထောက်အထားများအရ အဆင့်ဆင့် တာဝန်ခံရမည်ဖြစ်သည်။
❍
⎯☐ သက်သေဖော်ထုတ်ချက်နှင့် မှတ်တမ်းအပြည့်အစုံကို အောက်ပါ Link နှစ်ခုတွင် Download ရယူနိုင်ပါသည်။

အထူး သတိပေးချက်။ စိတ်မချမ်းမြေ့စရာ ဓာတ်ပုံများနှင့် အကြောင်းအရာများ ပါဝင်သည်။
Download Link (1) https://drive.proton.me/urls/9QGAXHB6SW#JGnbkGqUgqPb

Download Link (2)
https://drive.proton.me/urls/RBK1KVNBMW#XMYMm3ybAI5d
16.1K views14:11
Open / Comment
2024-02-08 17:11:40 စစ်ကောင်စီ ဖုံးကွယ်ရန်ကြိုးစားနေသည့် မြောက်ခင်ရန်းရွာ မီးရှို့သတ်ဖြတ်မှု
သက်သေအထောက်အထားများ
(သတိပေးချက်။ စိတ်မချမ်းမြေ့စရာ စားသားနှင့် အကြောင်းအရာများ ပါဝင်သည်။)

မြန်မာစစ်တပ် လက်နက်ကိုင်များဝတ်လေ့ရှိသည့် စစ်ပြောက်ကျားဝတ်စုံ ဝတ်ထားသူတချို့နှင့် အရပ်ဝတ် တစုသည် သွေးအလိမ်းလိမ်းဖြင့်ရှိနေသည့် လူငယ်နှစ်ဦးကို သံကြိုးဖြင့်တုတ်ကာ လမ်းတွင် တရွတ်တိုက်ဆွဲခေါ်သွားပြီး သစ်ပင်ထက်မှ တွဲလောင်းချကာ မီးတင်ရှို့ခဲ့သည်။ မီးတင်ရှို့ခံရသည့် လူငယ်နှစ်ဦးမှာ နာကျင်မှုကြောင့် ညည်းညူ ရုန်းကန်နေပြီး မကြာမီတွင် တကိုယ်လုံးလောင်ကျွမ်းကာ သေဆုံးသွားကြသည်။

ဤအဖြစ်အပျက်သည် လွန်ခဲ့သည့် သုံးလခန့် က မကွေးတိုင်းမြောက်ပိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်းရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ခေါ် ပြည်သူ့စစ်များ အခြေချရာ မြောက်ခင်ရန်းရွာကို ယောဒေသရှိ တော်လှန်ရေး အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ရာတွင် YDF အဖွဲ့မှ တော်လှန်ရေး ရဲဘော် ၂ ဖမ်းဆီးခံခဲ့ရပြီး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

အခင်းဖြစ်ပွားသည့် ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့ကထဲကပင် ဖမ်းဆီးခံရသည့် ရဲဘော်နှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း စစ်ကောင်စီက ထိုအဖြစ်အပျက်ကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ စစ်ကောင်စီ၏ ဝါဒဖြန့် လော်ဘီချန်နယ်များတွင် PDF ၂ ဦးကို အရှင် ဖမ်းမိကြောင်း အစောပိုင်းသတင်းများတွင် ဖော်ပြခဲ့ပြီး ဖမ်းမိသူများ ဓာတ်ပုံများပါ တင်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါပုံများကို ပြန်လည်ဖြုတ်ချခဲ့သည့်အပြင် သတင်းများတွင်ပါ အရှင်ဖမ်းမိကြောင်း မပါတော့ဘဲ အလောင်းများသာ ရရှိကြောင်း ပြန်ပြောင်းတင်ခဲ့ကြသည်။

ထို့သို့ဖုံးကွယ်ထားသည့်ကြားကပင် ၃ လခန့်အကြာ ၂၀၂၄ ဖေဖော်ဝါရီ ၆ ရက်တွင် မီးရှို့သတ်ဖြတ်ခဲ့သည့် ရုပ်သံမှတ်တမ်းဖိုင် ထွက်ပေါ်လာခဲ့သည်။ ရုပ်သံဖိုင်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်) များ သတ်ဖြတ်မှု ကျူးလွန်သည်မှာ သိသာသော်လည်း စစ်ကောင်စီ ဝါဒဖြန့် သတင်းစာများ၊ စစ်ကောင်စီ ဝါဒဖြန့် လော်ဘီချန်နယ်များတွင် အခင်းဖြစ်ပွားချိန်၌ အရှင်ဖမ်းဆီးရမိခြင်းမရှိကြောင်း၊ PDF အချင်းချင်း သတ်ဖြတ်သည်ကို ပြည်သူ့စစ် (ပျူစောထီး) များက သတ်ဖြတ်ခြင်းဟု လုပ်ကြံဝါဒဖြန့်ခြင်းဖြစ်ကြောင်း ဝါဒဖြန့်ထားသည်။ ထို့အပြင် BBC သတင်းဌာနကလည်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့တို့ အပြန်အလှန်စွတ်စွဲနေကြသည် ဟု ပုံဖော်ရေးသားထားသည်။

စစ်ကောင်စီသည် ၎င်း၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့်ပတ်သက်ပြီး အရေးယူရန်ပင်ဝေးစွ ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း မျက်နှာပြောင်တိုက်စွာ ငြင်းဆိုနေသည်။ စစ်ကောင်စီအနေဖြင့် မည်သို့ပင် ငြင်းဆိုနေစေကာမူ ၎င်းတို့ ပြုလုပ်ခဲ့ကြောင်း အထောက်အထားမှတ်တမ်းများသည် အွန်လိုင်း ပလက်ဖောင်းများတွင် ကျန်ရှိနေသည်ကို BACS က လေ့လာတွေ့ရှိခဲ့သည်။

◉ လူမှုကွန်ရက် သက်သေအထောက်အထား (၁)
အခင်းဖြစ်ပွားသည့် ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့ကတည်း ကပင် စစ်ကောင်စီ ၏ ဝါဒဖြန့် လော်ဘီ ချန်နယ်များတွင် PDF ၂ ဦးကို အရှင် ဖမ်းမိကြောင်း ရေးသားဖော်ပြခဲ့ကြသည်။ စစ်ကောင်စီ ဝါဒဖြန့် People Media တွင် အရှင်ဖမ်းမိသည့် လူငယ် ၂ ဦး ဓာတ်ပုံပါ ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်ဖျက်သွားခဲ့သည်။

◉ လူမှုကွန်ရက် သက်သေအထောက်အထား (၂)
စစ်ကောင်စီ ဝါဒဖြန့် People Media တွင် အရှင်ဖမ်းမိသည့်အကြောင်းအရာနှင့် ပတ်သက်ပြီး ဖျက်ခဲ့သော်လည်း ယင်းအကြောင်းအရာကို ပြန်လည်ကူးယူဖော်ပြသူများကို facebook လူမှုကွန်ရက်တွင် အများအပြားတွေ့ရသည်။ အဆိုပါ သတင်းအကြောင်းအရာ ဓာတ်ပုံများကို တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ သတင်းတွင်ပါရှိသည့် အရှမ်ဖမ်းမိသည့် လူငယ် ၂ ဦးမှာ မီးရှို့သတ်ဖြတ်ခံရသည့် လူငယ် ၂ ဦးဖြစ်သည်ကိုတွေ့ရသည်။

◉ လူမှုကွန်ရက် သက်သေအထောက်အထား (၃)
စစ်ကောင်စီ လော်ဘီချန်နယ်များ ဖြစ်သည့် “Ko Thet” နှင့် “မဟူရာ မြွေဟောက်” တယ်လီဂရမ်တို့တွင်လည်း မြောက်ခင်ရန်းရွာ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် PDF များနှင့် အတူ ဖမ်းဆီးရမိသူ နှစ်ဦး၏ ဓာတ်ပုံကို ဖော်ပြထားခဲ့သည်၊။ အဆိုပါ သတင်းအကြောင်းအရာ ဓာတ်ပုံများကို တိုက်ဆိုင်စစ်ဆေးကြည့်သည့်အခါ သတင်းတွင်ပါရှိသည့် ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးသည် မီးရှို့သတ်ဖြတ်ခံရသည့် လူငယ် ၂ ဦးဖြစ်သည်ကို တွေ့ရသည်။

◉ လူမှုကွန်ရက် သက်သေအထောက်အထား (၄)
ဘူးလက်လှဆွေ၏ facebook လူမှုကွန်ရက်စာမျက် တွင် ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့က မြောက်ခင်ရန်းတိုက်ပွဲအကြောင်း ရေးသားထားရာ ယင်းအကြောင်းအရာ အောက်တွင် ၎င်းအား ထောက်ခံသူက အရှင်ဖမ်းမိသည့် လူငယ်၂ ဦးပါသည့် ဓာတ်ပုံကို ၂၀၂၃ နိုဝင်ဘာ ၈ တွင် မှတ်ချက်ပေးထားခြင်းဖြစ်သည်။ ဘူးလက်လှဆွေသည် မြောက်ခင်ရန်းရွာသားလည်းဖြစ် မြောက်ခင်ရန်းရွာအတွက် ပျူစောထီး(ပြည်သူ့စစ်) ဖွဲ့စည်းခြင်း နှင့် လက်နက်တက်ဆင်ခြင်း ဆောင်ရွက်ပေးနေသူဖြစ်သည်။
15.5K views14:11
Open / Comment