Get Mystery Box with random crypto!

အမေနှင့်သမီးများ -မောင်သိန်းဆိုင် 'အမေနှင့်သမီးများ''လို့ခ | Review For You

အမေနှင့်သမီးများ -မောင်သိန်းဆိုင်

"အမေနှင့်သမီးများ''လို့ခေါင်းစဥ်တပ်ထားတော့ မိခင်တစ်ယောက်နဲ့ သမီးတွေကြား မပြေလည်တဲ့ဆက်ဆံရေးတွေနဲ့ စီးပွားရေးအကြပ်အတည်းတွေအကြောင်း ရေးထားမလားလို့ထင်ခဲ့မိတယ်။
တကယ်တော့ အချစ်ရဲ့ ထာဝရှင်သန်ခြင်းလို့ပြောရမဲ့ သမီးလေးယောက်အမေ မုဆိုးမတစ်ယောက်နဲ့ သူရဲ့ငယ်ချစ်ဦးတို့ အချစ်အတွက် ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းလေးဆိုပါတော့။

တက္ကသိုလ်နယ်မြေ မှာ ကိုဝေလင်းနဲ့မယဥ်သန့် တို့အချစ်ဇာတ်လမ်းလေး သင်းပျံ့နေခဲ့ဖူးတယ်။
မယဥ်သန့်အစ်မ မယဥ်ခန့်ဆုံးလိ​ု့မယဥ်သန့်တစ်ယောက် သူ့အိမ်အပြန်မှာတော့ သူ့ခဲအိုကို လက်မထပ်ချင်ပါဘဲ အကြောင်းအမျိုးမျိုးကြောင့်လက်ထပ်ခဲ့ရတယ် ။အက်အကြောင်းကြောင့် မယဥ်သန့်နဲ့ကိုဝေလင်းတို့လွဲချော်ခဲ့ရတာပေါ့။'ကျမရဲ့ခန္ဓာသာရမယ် ကျမရဲ့အချစ်ကိုတော့ ဘယ်တော့မှရမှာမဟုတ် 'ဆိုတဲ့ ရာဇသံအတိုင်းဘဲ မယဥ်သန့်ခဲအိုဟာ သေသည်အထိ မယဥ်သန့်ဆီကချစ်​​မြတ်နိုးမှုများရမသွား​ပေ။)
နောက်၁၀နှစ်လောက်အကြာမှာ မုဆိုးမဖြစ်နေတဲ့ မယဥ်သန့်နဲ့ လူပျိုကြီးကိုဝေလင်းတို့ ပြန်တွေ့ရမဲ့ကံပါလာပြီး ရင်ခုန်သံတွေလဲ ပြန်လည်နုပျိုလာကြတယ်။ ချစ်နေကြပါလျက်သေးနဲ့ ဒုတိယအကြိမ်ရတဲ့အခွင့်အရေးကို လက်လွှတ်ရမှာမတန်ဘူးလေ။ အက်တော့လက်ထပ်ချင်ကြတယ်။
သမီးတွေအပေါ် မိခင်ပီသတဲ့ မယဥ်သန့် အဖို့တော့ သမီးတွေ မကြည်ဖြူတဲ့ ကိစ္စကို ဘယ်တော့မှလုပ်မှာမဟုတ်။ သမီးတွေကလဲ သူတို့ဖအေကို သူ့အမေမချစ်ခဲ့ရတာရဲ့ တရားခံဖြစ်တဲ့ ကိုဝေလင်းနဲ့လုံးဝသဘောမတူကြ လက်မခံ ကြ။ အထူးသဖြင့် သမီး၄ယောက်ထဲမှာ (မယဥ်သန့်အစ်မ မယဥ်ခန့်ကမွေးခဲ့တဲ့သမီးဖြစ်တဲ့) သက်မာ က မယဥ်သန့်ကိုရော ကိုဝေလင်းကိုရော စကားလုံးတွေနဲ့ထိုးနှက်တတ်ပြီး အ ခိုင်အမာဆန့်ကျင်သူ။ကိုဝေလင်းကလဲ ခလေးတွေကို စည်းရုံးဖို့ အကြိမ်ကြိမ်ကြိုးစားလဲ အရာမထင်။
' သမီးတွေရဲ့ဆန္ဒ'နဲ့ 'အချစ်ရဲ့အလို'ကြားမှာ လွန်ဆွဲနေရတဲ့မယဥ်သန့်။အချစ်ကို ဒုတိယအကြမ်စွန့်လွှတ်ရဦးမှာလား။ ပျော်ရွှင်ရဦးမှာလား။

(သူ တို့ခေတ်သူတို့အခါတုန်းက ရုပ်ရှင်ရိုက်ကူးခဲ့ရပြီး ရုပ်ရှင်အနေနဲ့ပါ အောင်မြင်ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။)

#Zaw#