Get Mystery Box with random crypto!

ဆိုင်ကယ်ဖြင့် စျေးလိုက်လံရောင်းချသည့် အမျိုးသားတစ်ဦး အကြမ်းဖက် | ZYH News

ဆိုင်ကယ်ဖြင့် စျေးလိုက်လံရောင်းချသည့် အမျိုးသားတစ်ဦး အကြမ်းဖက်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ

ဇန်နဝါရီ ၁၈၊ ၂၀၂၂ (TRN)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့် စျေးလိုက်လံရောင်းချသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာနေ ဦးဇော်ရှမ်းသည် ဇနီးဖြစ်သူ ဒေါ်ယုယုမော်နှင့်အတူ ဆိုင်ကယ်ဖြင့် စျေးလိုက်လံရောင်းချနေစဥ် ဆိတ်ခွန်ကျေးရွာ သချိုင်းကုန်းအနီးအရောက်၌ အကြမ်းဖက်များက သင်္ချိုင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ ဦးဇော်ရှမ်းအား ဓား၊ တူမီးသေနတ်များဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

The River News TRN