Get Mystery Box with random crypto!

လှိုင်သာယာတွင်ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ ဇန်နဝါရီ ၁၈၊ | ZYH News

လှိုင်သာယာတွင်ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ဇန်နဝါရီ ၁၈၊ ၂၀၂၂ (TRN)

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ကစင်ကျေးရွာ၊ ပိတောက်လမ်းတွင် ဇန်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆း၄၀ နာရီအချိန်က ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရကြောင်းသိရသည်။

ရာအိမ်မှူးဦးရဲဝင်းအောင်သည် ပိတောက်လမ်းတွင် ဖွင့်ထားသောလမ်းဘေးထမင်းဆိုင်တွင် ဟင်းဝယ်နေစဉ်ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးရောက်လာပြီးအနီးကပ်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ရာအိမ်မှူးမှာမျက်နှာကျည်ထိမှန်ပြီးအခင်းဖြစ်နေရာတွင်ပင်သေဆုံးသွားကြောင်းသတင်းရရှိသည်။

The River News TRN