Get Mystery Box with random crypto!

ပခုက္ကူတွင်လက်လုပ်ဗုံးကွဲရာတစ်ဦးသေ ဒီဇင်ဘာ၂၃၊ ၂၀၂၁ (TRN) ပခု | ZYH News

ပခုက္ကူတွင်လက်လုပ်ဗုံးကွဲရာတစ်ဦးသေ

ဒီဇင်ဘာ၂၃၊ ၂၀၂၁ (TRN)

ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ မြစ်ကိုင်းရပ်ရှိအိမ်တစ်အိမ်ဘေးတွင် ဒီဇင်ဘာလ၂၃ ရက်နေ့လည်၂း၀၀ နာရီအချိန်က လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲသဖြင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်းသိရသည်။

လက်လုပ်ဗုံးသည် ဦးအေးမြင့်၏ အိမ်နောက်ဖေးတွင်ပေါက်ကွဲသဖြင့် ဦးအေးမြင့်မှာအခင်းဖြစ်နေရာတွင်ပင် ဗုံးစထိမှန်သေဆုံးပြီးသားဖြစ်သူမျိုးမြင့်သိန်းနှင့်အမဖြစ်သူဒေါ်နှစ်တို့တွင်ဗုံးစထိမှန်ဒဏ်ရာများရခဲ့ကြောင်းသိရသည်။