Get Mystery Box with random crypto!

အိန္ဒိယအစိုးရက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၁သန်းလှူ မြန်မာနိုင် | ZYH News

အိန္ဒိယအစိုးရက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၁သန်းလှူ

မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် ဒီဇင်ဘာ၂၂ရက်ကစပြီး ၂ရက်ကြာလာရောက် လည်ပါတ်နေသည့် အိန္ဒိယနိုင်ငံ အစိုးရ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla က မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၁သန်းလှူခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးကပြောဆိုသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကိုယ်စားလှယ်များထံသို့ကိုဗစ်ဆေးလှူဒါန်းခဲ့ခြင်းဖြစ်ကာအိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးအလုံးရေ (၁)သန်းကို အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ပြည်သူများအပါအဝင်မြန်မာပြည်သူများအတွက် COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရာတွင်ကူညီထောက်ပံ့နိုင်ရန်လွှဲပြောင်းပေးအပ်ခဲ့သည်ဟုအိန္ဒိယသံရုံးကပြောဆိုသည်။

အိန္ဒိယနိုင်ငံအစိုးရ၊ ပြည်ပရေးရာ ဝန်ကြီးဌာန၊နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringlaသည်ခရီးစဉ်အတွင် နစက တာဝန်ရှိသူများအပါအဝင် နိုင်ငံရေးပါတီအချို့၊လှူမှု့အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံခဲ့သည်။

နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla၏မြန်မာပြည်ခရီးစဉ်သည် ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်းအိန္ဒိယနိုင်ငံအစိုးရအဖွဲ့၏အဆင့်မြင့်အရာရှိတစ်ဦး ပထမဦးဆုံးလာရောက်သည့်ခရီးစဉ်တစ်ခုဖြစ်သည်။