Get Mystery Box with random crypto!

Myanmar Vs United State ဆွေးနွေးမှု ========================== | ZYH News

Myanmar Vs United State ဆွေးနွေးမှု
=============================
M -
Nld ပါတီရဲ့ ခွင့်လွှတ်မရသော မဲခိုးမှုများ၊ NUG/PDF
တို့ရဲ့ ရဟန်းသံဃာ၊ ကျောင်းဆရာ/မ၊ ကျောင်းသား/
သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ
များအား ဒလန်လို့စွပ်စွဲပြီး ရက်စက်စွာအကြမ်းဖက်
လုပ်ကြံဖြစ်စဉ်များ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပ
မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့။

US -
အစည်းအဝေးကျင်းပပေးတဲ့ မြန်မာနဲ့ ရုရှားကို ကျေးဇူး
တင် အသိအမှတ်ပြုပာကြောင်း၊ မိမိတို့လည်း အပြစ်မဲ့
ပြည်သူများအပေါ် စစ်တပ်ဆန့်ကျင်အဖွဲ့တွေက အကြမ်း
ဖက်မှုများကို သိရတဲ့အတွက် အလွန်စိတ်ထိခိုက် ဝမ်း
နည်းပါကြောင်း၊ ရှုံချပါကြောင်း၊ စစ်အစိုးရအနေဖြင့်
ပိုမိုတည်ငြိမ်အောင်ကြိုးစားရမည်ဖြစ်ကြောင်း၊ အချို့
အကြမ်းဖက်မှုအချက်အလက်များသည် ယခုမှ အမှန်
ကို သိရှိရပါကြောင်း၊ များစွာစိတ်မကောင်းဖြစ်ရပါ
ကြောင်း၊ မြေပြင်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုများသည်
မိမိတို့သိရသည့် Data များနှင့် ကွာဟနေကြောင်း၊ မိမိ
တို့သည် fact အလွဲအမှားများသာ ရရှိခဲ့ပါကြောင်း၊
ဆန့်ကျင်ဘက်အဖွဲ့များရဲ့ လုပ်ရပ်သည် အကြမ်းဖက်မှု
စံနဲ့ ထပ်တူကျနေကြောင်း၊ မည်သို့ဖြစ်စေ နိုင်ငံတည်
ငြိမ်ဖို့အတွက် လက်ရှိအစိုးရမှာ တာဝန်ရှိတဲ့အတွက်
နစကသာ တာဝန်ယူပြီး အနည်းဆုံးအင်အား၊ ဥပဒေနဲ့
အညီ ဆောင်ရွက်သင့်ကြောင်း၊ ADMM-EWG ရဲ့ လုပ် ဆောင်ချက်များကို တန်ဖိုးထားပါကြောင်း၊ ဒါပေမယ့်
အာဏာသိမ်းခြင်းကို ကန့်ကွက်ပါကြောင်းနှင့် စစ်မှန်
တဲ့ ရွေးကောက်ပွဲကို အမြန်ကျင်းပေးရမည်ဖြစ်ကြောင်း
ဆွေးနွေးခဲ့။

သြစီ ပြောကြားချက်
===============
နစကအစိုးရအနေနဲ့ ကိုဗစ်(တ)လှိုင်းကို အောင်မြင်စွာ
ဖြတ်ကျော်နိုင်တဲ့အတွက် ချီးကျူးမိပါကြောင်း၊ မိမိတို့
အနေနဲ့ EWG အကြမ်းဖက်တိုက်ဖျက်မှုကို အလေးထား
ပါကြောင်း၊ နစကတင်ပြတဲ့ ဆန့်ကျင်ဘက်အဖွဲ့ရဲ့ လုပ်
ရက်တွေကို မထောက်ခံပါကြောင်း၊ သာသနာ့ရဟန်းတွေ
ကျောင်းဆရာတွေကို အကြမ်းဖက်တာဟာ လုံးဝလက်ခံ လို့ မရပါကြောင်း၊ သို့ပေမယ့် အာဏာထိန်းမှုကို မလို
လားလို့ ရွေးကောက်ပွဲအမြန်ကျင်းပပေးစေချင်ကြောင်း၊
အာဆီယံ သဘောတူချက် ၅ ရပ်ကို အတိအကျလိုက်
နာပေးစေချင်ကြောင်း၊ လူသားချင်းစာနာမှုအထောက်
အပံ့များ တိုးမြှင့်လှူဒါန်းပါမည်ဖြစ်ကြောင်းနှင့် နိုင်ငံ
ရေးသမားများ အမြန်လွှတ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်ဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့။

Japan ဆွေးနွေးမှု
==============
ဂျပန်နိုင်ငံအနေဖြင့် EWG အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်
မှုကို ချီးကျူးကြောင်း၊ အပြစ်မဲ့ပြည်သူများ/ နိုင်ငံ့ဝန်
ထမ်းများကို အကြမ်းဖက်မှုလုပ်ရပ်များကို ကန့်ကွက်ပါ
ကြောင်း၊ အခုတင်ပြတဲ့ပုံတွေကို မြင်ရတော့ ကျမအသံ
တွေတုံနေရပါကြောင်း၊ လူမဆန်တဲ့လုပ်ရပ်များဖြစ် ကြောင်း၊ ဗုဒ္ဓဘါသာနိုင်ငံလို့တောင် ပြောဖို့ခက်ခဲပါ
ကြောင်း၊ လူသားချင်းစာနာမှုအထောက်အပံ့များကို
အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့များက ထပ်တိုးလှူဒါန်း
သွားပါမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီစနစ်ကို ပြန်လည်
ဖော်ဆောင်ပေးပါကြောင်း ပြောကြားခဲ့။

#KT