Get Mystery Box with random crypto!

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာ၌ ပြည်သူ | ZYH News

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာ၌ ပြည်သူများ၏လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် CNF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၃၀၀ ဦးခန့်က လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏ အနောက်ဘက်သို့ ကစဥ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်သမားများထံမှ အလောင်း ၉ လောင်း၊ အာပီဂျီ ၁ လက်(ပျက်စီး)၊ လက်လုပ်မိုင်း ၁ လုံး၊ လျှပ်စစ်ဒီတိုနေတာ ၂၅၀ ခု၊ မီးရှို့စနက်တံ ၄၀၀ ခု၊ ယမ်းကြိုး (မီတာ ၅၀ ပါ) ၄ ခွေတို့အား သိမ်းဆည်းရမိခဲ့သည်။