Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 32

2022-01-17 13:58:17
PDFအကြမ်းဖက်အဖွဲ့မှပြည်သူတစ်ဦးအားသေနတ်ဖြင့်ပစ်သတ်
====================
၂၀၂၂ခုနှစ်၊ဇန်နဝါရီလ ၁၆ ရက်နေ့ အရာတော်မြို့နယ်၊ ရှားကုန်းကျေးရွာအုပ်စု၊ ငြိမ်းဇံကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ အပြစ်မဲ့ပြည်သူဖြစ်တဲ့ ဦးထွန်းအောင်သည် အရာတော်မြို့သို့ မိသားစုများစားသုံးရန်အတွက် စျေးသွားဝယ်ရာ မကျီးကန်နှင့်ရှောက်ခါးကျေးရွာအကြားရှိ လှည်းလမ်း ရှောက်ခါးရေကန်အနီးတွင် PDFအကြမ်း ဖက်သမား ၂ ဦးက ဒလန်ဟုစွပ်စွဲကာသေနတ်ဖြင့် မ​သေမချင်းပစ်သတ်သွားကြောင်းသိရှိရသည်။
187 viewsZaw Yu Htoon, 10:58
Open / Comment
2022-01-17 13:56:51
PDFအကြမ်းဖက်သမားမင်းခန့်ကျော်၏လက်ဖက်ရည်ဆိုင်ချိတ်ပိတ်သိမ်းဆည်း
==================
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက်ရှိ PDFအကြမ်းဖက်အဖွဲ့ဝင်ပိုင်ဆိုင်သည့် ကုဋေသစ် လက်ဖက်ရည်ဆိုင်အား ချိတ်ပိတ်သိမ်း ဆည်းခဲ့ကြောင်းသိရှိရသည်။
238 viewsZaw Yu Htoon, 10:56
Open / Comment
2022-01-17 13:56:25
PDFအကြမ်းဖက်သမား ၁ ဦးဖမ်းဆီးရမိ
========≈==================
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ ကလေးမြို့၊ သဇင်ရပ်ကွက်၊ နယ်မြေ(၄/၁၂၆) နေ PDFအကြမ်းဖက်အဖွဲ့ဝင် တွန်မွန်းဆွောင်(ခ)ဂျိုးဇက် သည် အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ပြီး ကလေးမြို့တွင် အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခြင်း၊ လူသတ်ခြင်းလုပ်ငန်းများလုပ် ဆောင်ရန်ပြန်လာရာ ကျီကုန်းကျေးရွာ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
229 viewsZaw Yu Htoon, 10:56
Open / Comment
2022-01-17 12:30:06
ဧရာဝတီတံတား(ပခုက္ကူ)ပေါ်၌ ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ခရီးသည်ယာဉ် ဖမ်းဆီးခံရ

၊ဇန္နဝါရီ-၁၅
15/1/2022*
ယနေ့ နံနက် ၁၀:၃၀အချိန်က ဧရာဝတီတံတား(ပခုက္ကူ)တံတား အဆင်း မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့အပိုင်၌ ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ခရီးသည်ယာဉ်တစ်စီး ဖမ်းဆီးခံရကြောင်း ဒေသခံ အချို့က ပြောသည်။**

ဖြစ်စဉ်မှ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးရေး ဆောင်ရွက်နေစဉ် ယာဉ်မောင်းကိုသူဝင်း စလင်းမြို့နေထိုင်သူ မောင်နှင်လာသည့် "သန်းဆုအောင်"ခရီးသည် ယာဉ်ကို ရပ်တန့်စစ်ဆေးရာ မုန့်ဖာအတွင်း၌ ထည့်သွင်းယူဆောင်လာသော လျှပ်စစ် စနက်တံ(ဒယ်တိုနီတာ) ၁၃၃၀ ခု၊ မီးရှို့ စနက်တံ ၄၀၀ ခု၊ (၅၀)မီတာအရှည်ရှိ အနှေးယမ်းကြိုး(အဝါရောင်) ၂ခွေ၊ AMMONUM NTRATE(အမိုနီယမ် နိုက်ထရစ်) ၆ အိတ်တို့ ယာဉ်ပေါ်၌ တွေ့ရှိခဲ့သည်။**

အဆိုပါ ဖောက်ခွဲရေး ပစ္စည်းများကို စလင်းမြို့ရှိ ဆောက်လုပ်ရေး ပစ္စည်းဆိုင်မှာ တင်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း ယာဉ်မောင်းဖြစ်သူက ထွက်ဆိုကြောင်း ဒေသခံအချို့က ပြောသည်။
256 viewsZaw Yu Htoon, 09:30
Open / Comment
2022-01-17 12:12:14
အကြမ်းဖက်သူများနှင်ပက်သက်ဆက်နွယ်သောနေအိမ်များအားချိတ်ပိတ်သိမ်းဆည်း
=======================
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မုံရွာမြို့တွင် မအောင်ကြည်ပိုင်ဆိုင်သော အမှတ်(၁၀၈)၊ကမ်းနားလမ်း၊ရုံးကြီးရပ်ကွက်နေအိမ်၊ မအမာကြည်ပိုင်ဆိုင်သော စာရေးတန်းလမ်း၊ ရုံကြီးရပ်ကွက်ရှိ နေအိမ်၊ ကောင်းဆုသာ၏ သဇင်လမ်း၊ကွေ့ကြီးရပ်ကွက်ရှိနေအိမ်၊ မောင်မောင်သောင်းပိုင်ဆိုင်သော အိမ်အမှတ် ၁၂၂ ၊မုံရွာတောင်ရပ်ကွက်ရှိ နေအိမ်တို့အား ချိတ်ပိတ််သိမ်းဆည်းထားကြောင်းသိရှိရသည်။
269 viewsZaw Yu Htoon, 09:12
Open / Comment
2022-01-17 12:07:35 မန္တလေး မတ္တရာမြို့နယ် ဘိုကုန်းဖက် PDF များခိုအောင်းနေထိုင်ကြောင်းသတင်းအရဝင်ရောက်ရှင်းလင်း

ကားတစ်စီးမိုင်းဆွဲခံရ အရာရှိတစ်ဦးထိခိုက်ဒဏ်ရာ မစိုးရိမ်ရ

17.1.22
261 viewsZaw Yu Htoon, 09:07
Open / Comment
2022-01-16 21:47:21
ပြောစရာ စကားမရှိတော့
နလပိန်းတုံးတွေနဲ့တော့ ခက်ဘီ
75 viewsZaw Yu Htoon, 18:47
Open / Comment
2022-01-16 21:43:53
မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်တွင် ဦးခင်‌မောင်ချိုမောင်းနှင်သော မန္တလာမင်း ယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင်
PDF အကြမ်းဖက်အဖွဲ့အား
ထောက်ပံ့ပေးရန်အတွက် ပစ္စည်းများ၊ပြောက်ကျားယူနီဖောင်းများ နှင့်ပစ္စတိုကျည်များသိမ်းဆည်းရမိသဖြင့်တရားခံ
ဦးခင်မောင်ချိုပါ(၄)ဦးအားဖမ်းဆီးစစ်ဆေး။
74 viewsZaw Yu Htoon, 18:43
Open / Comment
2022-01-14 12:57:43
53 viewsZaw Yu Htoon, 09:57
Open / Comment
2022-01-14 12:57:32 စစ်ဗိုလ်အတု နေမျိုးထွန်း ဆိုတဲ့ကောင် လုပ်စားနေတာတွေကို Honest Man ဆိုတဲ့ စစ်သတင်းပေ့ခ်ျကတင်လာတာတွေ့လို့ ဘုတို ဘိုတုနဲ့ friend ဖြစ်နေတဲ့ ကိုယ်နဲ့လဲ friend ဖြစ်နေတဲ့ သူတွေဆီကို ပေ့ခ်ျကလင့်ခ်ကို ပြန်သွားပို့ပေးတာကို ကိုယ့်ကိုယ်ပါ ဘုတ်ပြင်းကဆရာဝန်မနဲ့ စွတ်စွဲနေသေးတယ် ၊ လူလိမ်ခံရမှာစိုးလို့ စေတနာနဲ့ ပြောပေးတာကို ပထွေးဘိုတုကိုပဲယုံ လင်ငယ်ဘိုတုကိုပဲယုံနေတဲ့ဟာတွေက လင့်ခ်ပို့ပေးတာကို ပြန်သွားပြတယ်၊ အခုတော့ မင်းတို့ပထွေး နင်တို့လင်ငယ်က အကောင့်တွေ အကုန်ဖျက်ပြေးပြီ ၊ ငါ့ကိုလဲ ငါ့အသိတွေကတဆင့် လာတောင်းပန်နေတယ် ၊ ကိုယ်တိုင်လဲ Cb ကနေ စကားလာပြောပြီး မှားတင်မိတာပါဆိုပဲ ၊ ကိုယ့်ပုံကို ဘိုတုက အရင်စတင်လို့ လုံးဝမဖျက်ဘူး ၊ အစောက သျှိုသျှားသစ္စာ အကောင့်ကတင်ထားတဲ့ ပို့စ်ကတော့ ရပို့အထုခံရလို့ ပျက်သွားလို့ ပြန်ထပ်တင်တာ.......

#ရွှေတွေပုံကလဲသူများပုံတွေ
#ဆန်တင်ခွင့်ရတယ်ဆိုတာကလဲမဟုတ်ဘူး၊ လိမ်တာ
#ရုရှားပရီမီယမ်ဒီဇယ် တန် ၃ သိန်းတင်သွင်းခွင့်ရတယ်ဆိုတာကလဲ လိမ်တာ
#အိမ်ပုံတင်ထားတာကလဲနေပြည်တော်ပုဗ္ဗသီရိထဲကသူများအိမ်ပုံ
#လှေကားပုံကလဲတခြားကဆေ့လာတဲ့ပုံအလိမ်ပဲ

လူလိမ်ကိုယုံနေတဲ့သူတွေ သေချာကြည့်ကြ

**************************************************************************************************

စစ်ဗိုလ်အတု နေမျိုးထွန်း

စစ်ဗိုလ်ယောင်ဆောင်ပြီး စစ်တပ်အသိုင်းအဝိုင်းကိုဝင်ရောပြီး အမျိုးသမီးအများစုဆီကနေချူစားနေသောကောင်ပါ။

တပ်မတော်က အရာရှိအစစ်တွေနဲ့ ဇွတ်ဝင်ရောပြီး သူနဲ့ခင်တဲ့ အရာရှိတွေ ယုံကြည်အောင်လုပ်ပြီး အဲ့အရာရှိတွေရဲ့အောက်ဖဲကို ကိုင်ထားပြီး ပြန်အကြပ်ကိုင်လေ့ရှိတယ်၊ သူ့ကို ဘိုတုဆိုတာ အားလုံးသိအောင်ချပြရင် ဒီကောင်က အောက်ဖဲလှန်မှာစိုးလို့ ချမပြရဲကြဘူး။

သူ့ကိုယ်သူ တပ်ရင်းမှူးပါ ဗိုလ်မှူးပါဆိုပြီး လားရှိုးက အမျိုးသမီးတစ်ယောက်ဆီက ငွေအကြီးအကျယ်လိမ်သွားသလို ၊ တောင်ကြီးက အမျိုးသမီးတစ်ဦးဆီကနေလဲ အကြီးအကျယ်လိမ်တယ်၊ ပုဂံက အမျိုးသမီးတစ်ဦးဆီကနေလဲ အကြီးအကျယ်လိမ်သွားတဲ့ ဘိုတု လူလိမ်အကြီးစားပါ၊ အခြား လူမသိ သူမသိ အလိမ်ခံလိုက်ရတဲ့အမျိုးသမီးတွေလဲ အများကြီးပါ။

အလိမ်ခံလိုက်ရတဲ့ အမျိုးသမီးတွေကလဲ မတိုင်ရဲကြဘူး၊ ငွေလဲ အလိမ်ခံလိုက်ရသေးတယ်၊ သူတို့သိက္ခာလဲ ကျမှာစိုးရိမ်လို့ မတိုင်ကြတာနဲ့ ဒီကောင် ကံကောင်းနေတာ ၊ တချို့အမျိုးသမီးတွေဆို ဒီကောင်က ကာမပါလိမ်လည်ယူသွားပြီး မတိုင်ရဲအောင် အတူနေစဉ် ဓာတ်ပုံတွေယူထားပြီးလဲ ပြန်အကြပ်ကိုင်သေးတယ်။

တစ်ခါကလဲ ရှေ့တန်းရောက်တပ်မတော်သားများအတွက်ဆိုပြီး လိမ်လည်အလှူခံပြီး အလှူငွေတွေ ဘုန်းသွားဖူးသေးတယ်။

သူ့ကိုယ်သူ လူပျိုပါ ၊ ဗိုလ်မှူးပါ ၊ တပ်ရင်းမှူးပါဆိုပြီး အမျိုးမျိုးလိမ်နေတဲ့ အဲ့ကောင် နေမျိုးထွန်းမှာ မိန်းမရှိတယ် ၊ သမီးတစ်ယောက်ရှိတယ် ၊ ဦးဝိစာရအဝိုင်းနားက အိမ်ရာမှာ အရင်ကနေတယ်လို့တော့သိရတယ်၊ လက်ရှိ သင်္ဃန်းကျွန်းမှာလို့လဲကြားတယ်။

အပြင်မှာ သိတဲ့သူ တွေ့တဲ့သူတွေလဲ အကြောင်းကြားပေးကြပါ ၊ နီးစပ်ရာ တပ်နဲ့ ရဲစခန်းတွေကိုလဲ အကြောင်းကြားပေးကြပါ။

အဲ့လိုလူလိမ်ကောင်တွေကြောင့် တပ်မတော်သားတွေ သိက္ခာကျတယ်၊ လူလိမ်ကောင်ကို အမြန်ဆုံးဖမ်းမိအောင် ကူညီကြပါ။

ဒါက လက်ရှိလူလိမ်ကောင်သုံးနေတဲ့ အကောင့်နှစ်ခုပါ။
https://www.facebook.com/profile.php?id=100054615712097

https://www.facebook.com/profile.php?id=100067994988489

အခုလဲ အလှူခံနေတာ တွေ့နေရပြန်တယ်။

ဒီပို့စ်ကို ကော်ပီယူပြီး အားလုံးသိအောင် အလိမ်မခံကြရအောင် ပြန်တင်ပေးကြပါ။

Edit သူ့သမီးနဲ့ပုံကို မန့်မှာကြည့်ပါ။
56 viewsZaw Yu Htoon, 09:57
Open / Comment