Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 29

2022-01-19 07:26:20
မန္တလေးမှကနီသို ဆေးရုံဆင်း က လေးလူနာပြန်ပိုသည့် ပရဟိတမင်းခေါင် လူမှုကူညီရေးကားအား (18.1.2022)ရက်နေ့လည်(1130)နာရီခန့်တွင် ဘုတလင်မြိုအနီး ကြီးဗဒုန်ရွာတံတားအနီး pdfအကြမ်းဖက်သမားများရဲ့မိုင်းဖောက်ခွဲမှုကြောင့် ဆေးရုံဆင်းလာသည့်က လေးငယ်သေဆုံးသွားကြောင်းသတင်းရရှိ
390 viewsZaw Yu Htoon, 04:26
Open / Comment
2022-01-19 07:23:20
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်များတွင် ထိုင်းနိုင်ငံ နှင့် မလေးရှားနိုင်ငံသို့ လူကုန်ကူးခံရမည့် မြန်မာနိုင်ငံသား ၂၀၀ ကျော်အား ဇန်နဝါရီ ၁၆ ရက်နေ့ နှင့် ၁၈ ရက်နေ့များတွင်ကယ်တင်လိုက်နိုင်ကြောင်း မြန်မာပြည်ပအလုပ်အကိုင် ဝန်​ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ သိရသည်။

ဇန်နဝါရီလ ၁၆ ရက်​နေ့ နှင့် ၁၈ ရက်​နေ့တွင်
မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်​ရေး နှိမ်နင်း​ရေး ရဲတပ်ဖွဲ့သည် ​ရွှေတိဂုံ​စေတီ​တော်အ​ရှေ့ဘက်မုဒ် ဘုန်းတော်ကြီး​ကျောင်းတခုတွင် ပွဲစား ၃ ဦးမှစု​ထား​သော ​ယောကျ်ား၊ မိန်းမ ၁၆၀​ ကျော် နှင့် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်​မြောက်ပိုင်းမြို့နယ်၊ ၄၃ ရပ်ကွက်၊ မင်းရဲ​ကျော်စွာလမ်းရှိအ​ဆောင်တခုတွင် ယောကျာ်း၊ မိန်းမ ၅၁ ဦးတို့ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် လူကုန်ကူးရန် အလုပ်သမားများအား စုဆောင်းခဲ့သည့် ပွဲစားများကို လက်ရှိတွင် ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
362 viewsZaw Yu Htoon, 04:23
Open / Comment
2022-01-19 06:49:36
၂၀၂၂ ဇန်နဝါရီလ ၁၈ ရက် နံနက် ၇ နာရီတွင် ဂန့်ဂေါမြို့နယ်၊ စမ်းမြို့ကျေးရွာအတွင် နယ်မြေရှင်းလင်းနေသော လခရများကို အကြမ်းဖက် PDF ချောင်းမြောင်းပစ်ခတ်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF များ၏ လက်လုပ်ခါးချိုးသေနက် ၁ လက်၊ ၁၂ ဘို့ကျည် ၁ တောင့်၊ သံကိုယ်ထည်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံး၊ PVC ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁၀ လုံး၊ Oxygen Concentrator ၁ လုံးနှင့် အကြမ်းဖက် PDF ခံစစ်စခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
32 viewsZaw Yu Htoon, 03:49
Open / Comment
2022-01-19 06:48:41
မြင်းမူမြို့နယ်၊ ပျော့ရွာကျေးရွာနှင့် နဘဲကူးကျေးရွာအကြား စစ်ကိုင်း- မုံရွာသွားကားလမ်းပေါ်မှာ
လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဥ် ဆိုင်ကယ် ၂ စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်မပေးဘဲ မောင်းနှင်ထွက်ပြေးသ​ဖြင့် လုံခြုံရေးအဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ တရားခံ ၄ ဦးကို ကျည် ၉ တောင့်ပါ 9mm ပစ္စတိုတစ်လက်၊ ၎င်းကျည် ၅၀ တောင့်ပါ ကျည်ဗူးတစ်ဗူး၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး (၂) လုံးနှင့်အတူ အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
33 viewsZaw Yu Htoon, 03:48
Open / Comment
2022-01-19 02:33:23 သံဖြူဇရပ်မြို့နယ် ဗုဒ္ဓကလျာဏ ယုဝအသင်း (YMBA)အတွင်းရေးမှူး လုပ်ကြံခံရ၍ သေဆုံး

ဇႏၷဝါရီ ၁၈၊ ၂၀၂၂ (TRN)

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ် ကျေးရွာတွင် ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်း ဗုဒ္ဓကလျာဏ ယုဝအသင်း (YMBA) မှ အတွင်းရေးမှူးကို အကြမ်းဖက် အမျိုးသားနှစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ကျုံကဒတ်ကျေးရွာရှိ ဈေးဆိုင်တစ်ခုတွင် ဦးသန်းထွန်းဦး၊ (၄၉)နှစ်၊ ဦးစံချိန် (ခ) ကုလား၊ ဦးဌေးအောင် (၅၀)နှစ်တို့ရှိနေစဉ် ဆိုင်ကယ် ဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာ၍ ဗုဒ္ဓကလျာဏ ယုဝအသင်း (YMBA) အတွင်းရေးမှူး ဦးဌေးအောင်ကို သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးဌေးအောင်မှာ ယာလက်မောင်းတွင် ကျည်ထိမှန်ဒဏ်ရာ များ ၊ ယာရင်အုံ တွင် ကျည်ထိမှန်ဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာ တွင် သေဆုံးခဲ့ကြောင်း သိရသည်။

The River News TRN
281 viewsZaw Yu Htoon, 23:33
Open / Comment
2022-01-18 20:27:06 ရွှေဘိုမြို့နယ် မအူပင်ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် များ အပြန်အလှန် ပစ်ခတ်မှုဖြစ်

ဇန်နဝါရီ ၁၈၊ ၂၀၂၂ (TRN)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မအူပင်ကျေးရွာအနီးတွင် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဥ် မအူပင်ကျေးရွာ နှင့် ကူးတို့ဆိပ်ကျေးရွာကြားအရောက်တွင် အကြမ်းဖက်များက လက်လုပ်သေနတ်များ၊ လက်လုပ်ဗုံးများဖြင့် ချောင်းမြောင်းပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ရာ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် အကြမ်းဖက်များပြန်လည် ဆုတ်ခွာထွက်ပြေးခဲ့သည်။

အဆိုပါ ဖြစ်စဥ်တွင် အကြမ်းဖက်အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အကြမ်းဖက်အဖွဲ့မှ လက်လုပ်စိန်ပြောင်းနှစ်လက် နှင့် လက်လုပ်စိန်​ပြောင်း ဗုံးသီးသုံးလုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
274 viewsZaw Yu Htoon, 17:27
Open / Comment
2022-01-18 20:21:57 မကွေးတိုင်းတွင် စျေးသည်လင်မယား တူမီးသေနတ်များဖြင့် ပစ်သတ်ခံရ

ဇန်နဝါရီ ၁၈၊ ၂၀၂၂ (TRN)

မကွေးတိုင်းဒေသကြီးတွင် ဇန်နဝါရီ ၁၇ ရက်နေ့က စျေးသည်လင်မယားကို အကြမ်းဖက်များက တူမီးသေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၊ မြို့မ ရက်ကွက်နေ ဦးကျန်ရှီး နှင့် ဒေါ်သေးစိန်တို့ ဇနီးမောင်နှံသည် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၆ နာရီ ခွဲအချိန်ခန့်က ဇာဟောကျေးရွာသို့ စျေးရောင်းချရန် ဆိုင်ကယ်ဖြင့် သွားရောက်စဥ် ဇာဟော ကျေးရွာ တောင်ဘက် ၃ ဖာလုံခန့်အကွာ သင်တန်းကုန်းကျေးရွာ အရောက်၌ အကြမ်းဖက်များက ဒလန်ဟုစွပ်စွဲပြီး တူမီးသေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးကျန်ရှီးမှာ ဝဲပါးပေါက်ပြဲဒဏ်ရာ၊ ဝဲနားထင် ပေါက်ထွက်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ထွက်ဒဏ်ရာများ၊ ဇနီးဖြစ်သူ ဒေါ်သေးစိန်မှာ ယာလက်မောင်း ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ထွက်ဒဏ်ရာ၊ ကျောကုန်းတွင်ညိုမဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

The River News TRN
253 viewsZaw Yu Htoon, 17:21
Open / Comment
2022-01-18 20:21:41 လှိုင်သာယာတွင်ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ဇန်နဝါရီ ၁၈၊ ၂၀၂၂ (TRN)

လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ကစင်ကျေးရွာ၊ ပိတောက်လမ်းတွင် ဇန်ဝါရီလ ၁၈ ရက်နေ့ ညနေ ၆း၄၀ နာရီအချိန်က ရာအိမ်မှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရကြောင်းသိရသည်။

ရာအိမ်မှူးဦးရဲဝင်းအောင်သည် ပိတောက်လမ်းတွင် ဖွင့်ထားသောလမ်းဘေးထမင်းဆိုင်တွင် ဟင်းဝယ်နေစဉ်ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးရောက်လာပြီးအနီးကပ်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ရာအိမ်မှူးမှာမျက်နှာကျည်ထိမှန်ပြီးအခင်းဖြစ်နေရာတွင်ပင်သေဆုံးသွားကြောင်းသတင်းရရှိသည်။

The River News TRN
229 viewsZaw Yu Htoon, 17:21
Open / Comment
2022-01-18 20:21:23 ဆိုင်ကယ်ဖြင့် စျေးလိုက်လံရောင်းချသည့် အမျိုးသားတစ်ဦး အကြမ်းဖက်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရ

ဇန်နဝါရီ ၁၈၊ ၂၀၂၂ (TRN)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့် စျေးလိုက်လံရောင်းချသည့် အမျိုးသားတစ်ဦးကို အကြမ်းဖက်များက ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာနေ ဦးဇော်ရှမ်းသည် ဇနီးဖြစ်သူ ဒေါ်ယုယုမော်နှင့်အတူ ဆိုင်ကယ်ဖြင့် စျေးလိုက်လံရောင်းချနေစဥ် ဆိတ်ခွန်ကျေးရွာ သချိုင်းကုန်းအနီးအရောက်၌ အကြမ်းဖက်များက သင်္ချိုင်းအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်ကာ ဦးဇော်ရှမ်းအား ဓား၊ တူမီးသေနတ်များဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အခင်းဖြစ်ရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

The River News TRN
214 viewsZaw Yu Htoon, 17:21
Open / Comment
2022-01-18 20:15:12 မင်္ဂလာဒုံတွင်ရာအိမ်မှူးတစ်ဦးပစ်ခတ်ခံရ

ဇန္နဝါရီ ၁၈၊ ၂၀၂၂ (TRN)

မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက် ညနေ ၅း၄၅ နာရီအချိန်က ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ် ခံရကြောင်းသိရသည်။

ရာအိမ်မှူး ဦးဇော်ဝင်းသန်းသည် ကုန်းတလဘောင်ကျေးရွာ၊ ရွှေနှင်းဆီလမ်းရှိ နေအိမ်ရှေ့ကွမ်းယာဆိုင်တွင် ကွမ်းယာရောင်းနေစဉ် လူငယ်တစ်ဦးမှကွမ်းယာလာဝယ်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ညာချိုင်းအောက်ကျည်ထိမှန်ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားကြောင်း သိရသည်။

The River News TRN
218 viewsZaw Yu Htoon, 17:15
Open / Comment