Get Mystery Box with random crypto!

ZYH News

Logo of telegram channel zawyuhtoon — ZYH News Z
Logo of telegram channel zawyuhtoon — ZYH News
Channel address: @zawyuhtoon
Categories: Telegram
Language: English
Subscribers: 2.82K

Ratings & Reviews

3.33

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

1

1 stars

0


The latest Messages 28

2022-01-20 12:25:31
မင်းကင်းမြိုနယ်၊ မအူကုန်းမြောက်ကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများမှ ၅ လောင်းပြိုင် အသတ်ခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ န.စ.က သတင်းထုတ်ပြန်ရေးအဖွဲ၏ ထုတ်ပြန်ချက်။
(ဇန်နဝါရီ ၂၀ ရက်)
413 viewsZaw Yu Htoon, 09:25
Open / Comment
2022-01-20 10:54:17
ချောင်းဦးမြိုနယ်၊ ငါးယှန်ကျေးရွာနှင့် နတ်ရေကန်ကျေးရွာကြားတွင်

အကြမ်းဖက် pdf များမှ လက်လုပ်ရီမုမိုင်းများ ထောင်ထားကြောင်း

ပြည်သူများမှ သတင်းပေးပူးပေါင်းဆောင်ရွက်မှုကြောင့်

အများပြည်သူ ထိခိုက်မှုမရှိခင် လခရများမှ ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
396 viewsZaw Yu Htoon, 07:54
Open / Comment
2022-01-19 16:00:31 CDM လှုပ်ရှားမှု ခေါင်းဆောင် ရန်ကုန်တက္ကသိုလ်၊အရှေ့တိုင်းပညာပါမောက္ခ ဒေါက်တာအာကာမိုးသူ အား ယနေ့ထောင်တွင်းတရားရုံးမှ ၅၀၅ က ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်းသိရပါတယ်။
275 viewsZaw Yu Htoon, 13:00
Open / Comment
2022-01-19 11:46:44 သာကေတ ၆ အရှေ့ ဝေဇယန္တာ ၁၀ လမ်းအနောက်‌ေနသူ ပြောင်ကြီး (ခ) သက်ထွေးဆိုသူ အောင်သုခ (၁၉) လမ်း စက်ဘီး ပြင်ဆိုင်တွင် ယနေ့ 19.Jan.2022;Wedမနက်(၁၁:၂၅)ခန့်က ဝမ်းဗိုက်ကို (၅)ချက် ပစ်ခတ်ခံရကြောင်းသိရ။

#aerial 220119
385 viewsZaw Yu Htoon, 08:46
Open / Comment
2022-01-19 11:15:37 ဝမ်းတွင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၁၉၊ ၂၀၂၂ (TRN)

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျောက်ဦးကျေးရွာတွင် ဇန်နဝါရီ ၁၇ ရက်နေ့ ည ၇ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ၎င်း၏ နေအိမ်၌ ပစ်သတ်ခံရကြောင်း သိရသည်။

ကျောက်ဦးကျေးရွာနေ ဦးဇော်ဇော်သည် နေအိမ်၌ ဆိုင်ကယ်ပြင်နေစဥ် ဆိုင်ကယ် နှစ်စီးဖြင့် စီစစ်ဆဲ ၃ ဦးရောက်ရှိလာပြီး ၎င်းတို့ဆိုင်ကယ်တစ်စီးရှေ့ဘီး လေစိမ့်နေကြောင်းပြောဆို အကူအညီတောင်းသဖြင့် ဦးဇော်ဇော်မှ ဆိုင်ကယ်အားပြုပြင်ပေးနေစဥ် စီစစ်ဆဲသုံးဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သည်။

ဦးဇော်ဇော်မှာ ဦးခေါင်းဝဲဘက်ချိုစောင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ လည်ပင်းဝဲဘက်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာတွင်သေဆုံးခဲ့ကြောင်းသိရသည်။
403 viewsZaw Yu Htoon, 08:15
Open / Comment
2022-01-19 11:14:35
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးအား အဂတိမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၉နှစ် စီချမှတ်ခဲ့။ #ဖိုးစီ
353 viewsZaw Yu Htoon, 08:14
Open / Comment
2022-01-19 11:13:54 ကျိုက်မရောမြို့တွင် အမှိုက်ပုံးအတွင်းထည့်ထားသည့် ဗုံးပေါက်ကွဲ၍ ကလေးငယ်တစ်ဦးသေဆုံး

မွန်ပြည်နယ်၊ကျိုက်မရောမြို့၊ရန်မျိုးအောင်ရပ် ကွက်၊ပင်လုံလမ်းဆုံရှိ အမှိုက်ပုံအတွင်းထည့်ထားသည့် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

"မနက် ၆ နာရီလောက်ကဖြစ်တာ ဘယ်အချိန်ထဲကလာထည့်ထားတာလဲတော့မသိဘူးပေါ့ က လေးမလေးအမှိုက်လာပစ်တဲ့အချိန်နဲ့ကွက်တိလောက်ပေါက်သွားတာ"ဟုဒေသခံတစ်ဦးကပြော သည်။

အဆိုပါ ဖြစ်စဥ်သည် ဇန်နဝါရီ ၁၉ ရက်(ယနေ့) တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်သည့်အချိန်တွင် အမှိုက်လာပြစ်သည့် အသက် ၈ နှစ်အရွယ်ခန့်ရှိ ကလေးငယ်(မိန်းကလေး)တစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

မိုင်းစထိမှန်ဒဏ်ရာများ(စိုးရိမ်ရ)အဖြစ်ရရှိခဲ့သဖြင့် ကလေးငယ်အား ကျိုက်မရောပြည်သူ့ဆေးရုံမှတဆင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင်၍ ဆေးကုသစဥ်သေဆုံးခဲ့သည်။

"ကလေးမရဲ့ မျက်နှာနဲ့လက်တွေမှာ ဒဏ်ရာတော်တော်ပြင်းပြင်းရသွားတယ် ငိုနေတာစိတ်တောင်မကောင်းဘူးဗျာ နာတော့ငိုရှာတာပေါ့"ဟုဒေသခံတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အမှိုက်ပုံးပျက်စီးသွားကာ လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်နေရာအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
346 viewsZaw Yu Htoon, 08:13
Open / Comment
2022-01-19 10:55:35
284 viewsZaw Yu Htoon, 07:55
Open / Comment
2022-01-19 10:55:29 မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့များ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား ၊ PDF
တစ်ဦးနှင့် လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ
_____________________________________
ဇန်နဝါရီလ ၁၉ ရက် ၊ ၂၀၂၂ ။

၁၈ ရက်နေ့ ညနေ ၆ နာရီခန့် အချိန်၌ ချောင်းဆုံမြို့နယ် ဘိုးနက်ကျေးရွာ အနောက်ဘက် ကျိုက်သုတ်စေတီအနီးရှိ ရသေ့တောင် ဝန်းကျင်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် pdf တို့နှင့် ထိတွေ့မှုဖြစ်ခဲ့ပါသည်။

ထိတွေ့ဖြစ်စဉ် တွင် နှစ်ဦး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး PDF အကြမ်းဖက် အဖွဲ့ဝင် တစ်ဦး နှင့်အတူ လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိ ခဲ့ပါသည်။ ကျန် အကြမ်းဖက် PDF များမှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရပါသည်။

ဖမ်းဆီးရမိ ခဲ့သည့် PDF တစ်ဦးမှာ မင်းခန့်အောင် ဆိုသူ ဖြစ်ပြီး ဘုရားကုန်းကျေးရွာအုပ်စု ၊ သာပေါင်းမြို့နယ် ၊ ဧရာဝတီတိုင်း ဒေသကြီး နေထိုင်သူဖြစ်ကြောင်း သိရှိရပါသည်။

မင်းခန့်အောင် နှင့်အတူ AK-47 ၂ လက် ၊ ၎င်း ကျည် ၇၅ တောင့် ကျည်အိမ် ၁၂ ခု ၊ M-16 A-1 ၁ လက် ၊ ၎င်း ကျည် ၅၁၂ တောင့် ၊ SIG ပစ္စတို ၁ လက် ၊ ၎င်း ကျည်အိမ် ၂ ခု ကျည် ၁၁၁ တောင့် ၊ M-79 ဗုံးပစ် လောင်ချာ ၁ လက် ၊ ၎င်း ဗုံးသီး ၁၂ လုံး ၊ စကားပြောစက် ၂ လုံး ၊ ၎င်းစက် အားသွင်းခုံ ၂ခု၊ လက်ကိုင်ဖုန်း နှင့် နိုင်ကဒ် ၃ ခု တို့အား ဖမ်းဆီးရမိ ကြောင်း သတင်း ရရှိပါသည်။
299 viewsZaw Yu Htoon, 07:55
Open / Comment
2022-01-19 09:28:01 လှိုင်မြို့နယ်

pdf ပြန်ကြားရေးတာဝန်ခံအား

ဖမ်းဆီးရမိ
336 viewsZaw Yu Htoon, 06:28
Open / Comment