Get Mystery Box with random crypto!

အာဆာ လူသတ်ကောင် ၂ ဦး လုပ်​ကြံခံရ 26.11.2021 ***************** | daewa nadi

အာဆာ လူသတ်ကောင် ၂ ဦး လုပ်​ကြံခံရ
26.11.2021
**********************

အာဆာလူသတ်ကောင် ၂ ဦး (၂၆.၁၁.၂၀၂၁) ရက်နေ့က လုပ်ကြံခံလိုက်ရကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြလျှက်ရှိသည်။ ယင်း ၂ ဦးကို မည်သည့်အဖွဲ့အစည်း၊ မည်သူတို့က သတ်ဖြတ်ခဲ့သည်ဟု မသိရပေ။

#လုပ်ကြံခံရသူများမှာ

၁။ ကေဖိုက်အူလာ၊ (အနီရောင်အင်္ကျီဝတ်ဆင်ထားသူ)
၂။ ကူရ်ဘင်အာလီ ( အပြာရောင်အင်္ကျီဝတ်ဆင်ထားသူ)

တို့ဖြစ်ကြောင်းသိရသည်။ ယင်းတို့၏ မူလနေရပ်မှာ မောင်တောမြို့နယ်၊ ဦးရှည့်ကျကျေးရွာ ဖြစ်သည်။

မောင်တောနယ်စပ်အတွင်း ၂၀၁၆-၂၀၁၇ ကာလ အာဆာအကြမ်းဖက်သမားများ ခိုအောင်းနေစဥ်က အစိုးရသတင်းပေး၊ ရပ်မိရပ်ဖ၊ ဘာသာရေးဆရာများကို သတ်ဖြတ်ရေးတာဝန်ယူထားသူများဖြစ်ကြောင်း ဆိုကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ IDP Camp သို့ ရောက်ရှိလာစဥ်အတွင်း အလားတူ လုပ်ကြံသတ်ဖြတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း သိရသည်။

၈.၁၁.၂၀၂၁ ရက်နေ့ Camp-4 အနီးရှိ သရက်ခြံအတွင်း လက်နက်အလုပ်ရုံတစ်ခုကို RAB တပ်ဖွဲ့ဝင်များက စီးနင်းခဲ့ရာတွင် ၄င်းတို့ ၂ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ရာက နောက်တွင် ပြန်လည်ဖမ်းမိခဲ့သည်ဟုလည်း ဆိုကြသည်။ ဖမ်းမိခဲ့ပြီးနောက် မည်သို့လွတ်မြောက်လာကြောင်း မသိရဘဲ 26.11.2021 ရက်နေ့တွင် ယင်းတို့အလောင်း IDP Camp တနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ (နေရာကို အသေးစိတ်ဖြေကြားခြင်းမရှိသဖြင့် ဖော်ပြနိုင်ခြင်း မရှိပါ )

လုပ်ကြံခံလိုက်ရသည့် အာဆာလူသတ်ကောင် ၂ ဦးအတွက် ဘင်္ဂလီများက ဝမ်းသာအားရဖြစ်နေကြကြောင်း ဒေသတွင်းသတင်းများတွင် တွေ့မြင်ရလေသည်။

အောက်တွင် ဓာတ်ပုံဖော်ပြထားပါသည်

daewa nadi