Get Mystery Box with random crypto!

- ဆရာ/မကိုထောက်ပံ့ကြေးပေးနိုင်အောင် စီစဉ်နေပါကြောင်း၊ ထိုသို ဆ | Thurein

- ဆရာ/မကိုထောက်ပံ့ကြေးပေးနိုင်အောင် စီစဉ်နေပါကြောင်း၊ ထိုသို ဆရာ/မများကို ချီမြှောက် အသိအမှတ်ပြုပေးပါက လုပ်ငန်းခွင်တွင်ပျော်လာမည်ဖြစ်ကြောင်း
- ကျန်းမာရေးဝန်ထမ်း ထက်ဝက်ခန့် CDM လုပ်သွားကြသဖြင့် ပြည်သူများနစ်နာရကြောင်း၊ထိုသူများ ကို ဆ/မသိမ်းဖြစ်ကြောင်း၊ ပြည်ပသိုထွက်ခွင့်မပေးနိုင်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် တပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများဖြင့် တွဲဖက်တာဝန်ပေးထားရပါကြောင်း
- နိုင်ငံသားအားလုံးအတွက် နိုင်ငံလွှမ်းခြုံကျန်းမာရေးစောင့်ရှောက်မှုပေးမည့်စီမံချက်ကို ဧပြီ (၁)ရက် နေ့တွင် စတင်နိုင်ရန်ရည်ရွယ်ထားပါကြောင်း၊ ထိုစီမံချက်အောင်မြင်ပါက တစ်နိုင်ငံလုံး ကျန်းမာကြံ့ခိုင် လာမည်ဖြစ်ပါကြောင်း
- ကျန်းမာရေးနှင့်ပတ်သက်၍ ဂရုစိုက်ကြဖိုလိုကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန် လိုကြောင်း
- စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်များလိုအပ်ကြောင်း၊ ကြက်၊နွား၊ကျွဲများမှရသည့် အညစ် အကြေးများဖြင့် သဘာဝမြေဩဇာပြုလုပ်အသုံးချရန်လိုကြောင်း၊
- ပိုးသတ်ဆေးလိုအပ်ချက်ကို တမာပိုးသတ်ဆေးထုတ်၍ အသုံးပြုနိုင်ပါကြောင်း
- ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးနိုင်သဖြင့် ကျေးလက်ဒေသတွင် Solar ဖြင့် မီးလင်းရေးကို အကောင်အထည်ဖော်လိုပါက ၅ နှစ် (သို) ၂နှစ်ချေးငွေထုတ်ပေးမည်ဖြစ်ပါကြောင်း
- ပြည်တွင်းထွက်ဝါများဖြင့် ချည်ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံခြားမှဝါမျိုးကောင်းများရအောင် တင်သွင်းရန် မှာကြားထားကြောင်း၊ ဝါစိုက်ပျိုးရေးကိုလည်း မိမိမှ အားပေးပါကြောင်းနှင့် လိုအပ်သည်များကူညီမည်ဖြစ်ကြောင်း
- ယခင်က ဘိလပ်မြေထုတ်လုပ်မှုကိုအားမပေးသဖြင့် ပြည်ပတင်သွင်းနေရပါကြောင်း၊
- ထိုကြောင့် ပြည်တွင်း ဘိလပ်မြေစက်ရုံများမှ စွမ်းအားပြည့်ထုတ်လုပ်ရန်လိုအပ်ပါကြောင်း

- ယခင်အစိုးရ ၂ဆက် ကုန်သွယ်မှုလိုငွေ ၂၅ ဘီလီယံ ကြွေးမြီများရှိနေသဖြင့် ချေးငွေဖြင့် လုပ်ဆောင်နေရသော တည်ဆောက်ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ရပ်တန့်နေပါက ချေးငွေများမှ အတိုးတက်နေပါကြောင်း၊ ထိုကြောင့် ယခင်က ရပ်တန့်ခဲ့သော စက်ရုံများကိုပြန်လည် လည်ပတ်နိုင်အောင် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ အဆိုပါ စက်ရုံများမှ ပြည်တွင်းလိုအပ်ချက် ပစ္စည်းများကို ထုတ်ပေးသော စက်ရုံများဖြစ်ပါကြောင်း
- - ပြည်နယ်တိုင်း ဝန်ကြီးချုပ်များအနေဖြင့် မိမိတိုနယ်မြေအတွင်းရှိ စက်မှုလုပ်ငန်းများကို အားပေးရန်လိုကြောင်း၊ ပြည်တွင်းမှ ထုတ်နိုင်သမျှကို ပြည်ပမှ မတင်သွင်းစေလိုကြောင်း
တိုင်းဒေသကြီး ပြည်နယ်အလိုက် ဘိလပ်မြေစက်ရုံ၊ သံမဏိစက်ရုံများ တည်ထောင်လိုပါက
မိမိထံတင်ပြပါက ခွင့်ပြုပေးမည်ဖြစ်ပါကြောင်း

- ကျေးလက်နေပြည်သူများ ပညာတတ်ဖြစ်အောင်၊ စီးပွားရေးကောင်းမွန်းလာအောင်
- လူနေမှုဘဝမြင့်မားလာအောင်လုပ်ဆောင်ပေးရန်မှာ မိမိတိုအစိုးရ၏ တာဝန်ဖြစ်သဖြင့်
- ပြည်တွင်းရှိ သယံဇာတများဖြင့် စီးပွားရေးလုပ်ငန်းများကိုအားပေးရန်မှာကြားလိုကြောင်း
- မိမိတိုအစိုးရအနေဖြင့် ကြာရှည်စွာ တာဝန်ယူရန် ရည်ရွယ်ချက်မရှိပါကြောင်း
- မိမိမသိသည်များကို တတ်သိသူများကို မေးမြန်းရပါကြောင်းနှင့် ဝန်ကြီးချုပ်များအနေဖြင့် မသိသည် များရှိပါက ပြန်လည်မေးမြန်နိုင်ပါကြောင်း၊ မိမိစကားထဲတွင် ခံရခက်သည့် စကားလုံးများ ပါနေပါက
- နားလည်ပေးစေလိုကြောင်းပြောကြားရင် နိဂုံးချုပ်သည်။
အပေါ်က အချက်တွေကို ဖတ်လိုက်ရတာနဲ့တင် နိုင်ငံနဲ့ပြည်သူအပေါ်ကိုထားရှိတဲ့ တပ်ချုပ်ကြီးရဲ့ စေတနာတွေကို အထင်အရှား တွေ့မြင်ရတယ်။ တပ်ချုပ်ကြီး ဒီလို အမုန်းခံလုပ်ဆောင်နေတာတွေကို ဆဲဆိုနေကြတဲ့သူတွေရှိတာကို သူသိတယ်။ ဒါပေမဲ့ အမုန်းခံ အဆဲခံပြီး သူတာဝန်ယူရတဲ့ ဒီ ၂နှစ်တာ ကာလအတွင်း နိုင်ငံတိုးတက်ဖို စွမ်းသလောက် လုပ်ဆောင်နေတယ်ဆိုတာ အားလုံးအသိပါပဲ။ ထပ်ပြီးအနှစ်ချုပ်လိုက်မယ်ဆိုရင် နိုင်ငံသားအားလုံး ပညာတတ်ဖြစ်စေဖို၊ ကျန်းမာသန်စွမ်းစေဖို၊ လူ့စွမ်းအားအရင်းအမြစ်ကို မှန်ကန်စွာအသုံးချပြီး နိုင်ငံရဲ့ မြေပေါ်မြေအောက် သယံဇာတများဖြင့် နိုင်ငံတော်ရဲ့ စီးပွားရေးကို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို၊ တိုင်းနဲ့ ပြည်နယ်များအားလုံး တစ်ပြေးညီဖွံဖြိုး တိုးတက်စေဖို တိုက်တွန်းနေတယ်၊ လုပ်ဆောင်နေတယ် ဆိုတာ အထင်အရှား တွေ့မြင်နေရတယ်။ တပ်ချုပ်ကြီးက ဒီလိုတွေ လုပ်ဆောင်ပေး၊ တိုက်တွန်း ပေးနေတာတွေကို လူယုတ်မာ၊ လူ့အန္ဓတွေက မဟုတ်တမ်းတရား လိုရာဆွဲ ပြောဆိုရေးသား နေကြတာတွေကို မြင်ရတော့ ဘယ်လိုအကုသိုလ်မျိုးနဲ့ လူလာဖြစ်နေကြတာလဲလိုပဲ တွေးနေမိပါတော့တယ်။