Get Mystery Box with random crypto!

လူ အပြည့် ======= ဆရာမကြီးဒေါ်ပတ္တမြားခင်က ဆောင်းပါ | Thurein


လူ အပြည့်
=======

ဆရာမကြီးဒေါ်ပတ္တမြားခင်က ဆောင်းပါးတပုဒ် ရေးလိုက်တယ် ။ အင်္ဂလန်မှာနေကြတဲ့အခါက ၁၀ နှစ်အရွယ် သူ့မြေးလေးဟာ သူရှိရာ တဖက်ရပ်ကွက်ကို တပတ်တရက် ပုံမှန် လာလည်တယ် ။

တနေ့ လမ်းခင်းနေလို့ လာမရဖြစ်တယ် ၊ ကလေးဆိုတော့ အခြားလမ်းက မလာတတ်ဖူး ။ နောက်တပတ်ထိ လမ်းပြင်မပြီးသေးလို့ ပြန်လာပြီး သူ့အမေဆီကို မြို့တော်ဝန် ဖုန်းနဲ့ပါတ် ​​မေးတယ် ။ မအေကလည်း ပေးလိုက်တယ် ။

ကလေးက မြို့တော်ဝန်ဆီ တွေ့ခွင့် ဖုန်းဆက်ပြီး တောင်းဆိုတယ် ။ တွေ့ခွင့်ပေးတော့ သူ့အမေကို လိုက်ပို့ခိုင်းတယ် ။ မအေကလည်း ဘာကိစ္စဆိုတာ မမေးဘူး လိုက်ပို့တယ် ။ ရောက်တော့ လမ်းပြင်နေတာ ကြံ့ကြာလို့ သူ့အမေကြီး ဒေါ်ပတ္တမြားခင်ဆီ သွားမရဖြစ်နေတယ် မြန်မြန်ပြင်ပေးပါလို့ ပြောတယ် ။

မြို့တော်ဝန်က ကြာရတဲ့ အခက်အခဲလေးတွေ ရှင်းပြပြီး တောင်းပန်သတဲ့ ။ အဲဒါကို ဆရာမကြီးက ဆောင်းပါးရေးပြီး ဒေါက်တာတင်မောင်သန်း ရဲ့ သင့်ဘဝ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တယ် ။

ဒီဆောင်းပါးကို ဖတ်ပြီးတဲ့ သင့်ဘဝ အယ်ဒီတာအဖွဲ့ ဆွေးနွေးပွဲလုပ်ပြီး အဖြေရှာကြတယ် ။ မေးခွန်းတွေက.....

၁ ။ ၁၀ နှစ်သားက မြို့တော်ဝန် ရဲ့ ဖုန်းနံပါတ်တောင်းတာ အမေဖြစ်သူက အကျိုးအကြောင်းမမေးပဲ ဘာလို့ပေးလိုက်သလဲ ။

၂ ။ မြို့တော်ဝန်ကရော ၁၀ နှစ်သားက တွေ့ခွင့်တောင်းတာ ဘာလို့ ခွင့်ပြုသလဲ ။

မြန်မာပြည်ဆိုရင် ကလေးက ကလေးအလုပ် မလုပ်ဖူးဆိုပြီး ခေါင်းခေါက်ခံရမှာပေါ့ ။ မြို့တော်ဝန် အဆင့်မပြောနဲ့ ​ပြာတာတောင် ၁၀ နှစ်သား တွေ့မှာ မဟုတ်ဖူး ပေါ့ ။

​နောက်ဆုံးမှာအဖြေက ဒီလို သွားတွေ့ကြတယ် ။

၁ ။ ကလေးသည် သူ့ကိုယ်သူ လူ လို့ အပြည့်အဝ သတ်မှတ်ထားခြင်း ။

၂ ။ မိခင်ကလည်း ကလေးကို လူတယောက်ဟု သတ်မှတ်ထားခြင်း ။

၃ ။ မြို့တော်ဝန်ကလည်း ကလေးကို လူဟု သတ်မှတ်ထားခြင်း ။

ဆိုတဲ့ အဖြေ သွားတွေ့ရသတဲ့ ။ မြန်မာပြည်မှာ ကလေး မပြောနဲ့ လူကြီးတွေတောင် ကိုယ့်ကိုကိုယ် လူ လို့ အပြည့်အဝ မသတ်မှတ်ရဲကြဘူးတဲ့ ။ ဒါကြောင့်သာ ဌာနဆိုင်ရာသွား ကြောက်ရ ၊ ရပ်ကွက်ရုံးသွားကြောက်ရ ၊ ရဲစခန်းသွား ကြောက်ရ ဖြစ်နေတာတဲ့ ။

ဥပမာအဖြစ် စက်ဝိုင်းတခု ဆွဲထားပြီး လူအပြည့် လို့ ရေးထားတဲ့ စက်ဝိုင်းနဲ့ အစက်ပျောက်လေး ချပြထားတဲ့ လူ ဆိုတဲ့ သင်္ကေတလေး နဲ့ နှိုင်းယှဥ်ပြထားလေရဲ့ ။

အဲဒီ သင့်ဘဝ ဆောင်းပါးဖတ်ပြီးနောက် ကျနော်ကတော့ နဂိုက ကြောက်စိတ်နည်းတဲ့အတွက် ပိုပြီး သတ္တိရှိလာရပါတယ် ။ ကျနော်အမှတ်မမှားရင် အဲဒီ ဆောင်းပါးက ၁၉၉၈ က ထွက်ခဲ့တဲ့ သင့်ဘဝမဂ္ဂဇင်းမှာ ဖတ်ဖူးခဲ့တာပါပဲ ။

ကျနော်တို့ ဒေါ်ပတ္တမြားခင်ရဲ့မြေးလေး ၁၀ နှစ်သားအရွယ်က ရှိခဲ့တဲ့ ငါလည်း လူ အပြည့်ပဲ ဆိုတဲ့ စိတ် မွေးကြရပါမယ် ။

ဌာနဆိုင်ရာတွေကို ကြောက်စရာ မလိုပါဘူး ။ ကြိုးနီစနစ်နဲ့ လုပ်စားလာတာ အံတိုနေပြီ ဖြစ်တဲ့ ဌာနဆိုင်ရာ ကြောင်ပါးကြီးတွေကတော့ ပြည်သူတွေ ကြောက်လေ ဖြဲခြောက်လေ ၊ ရစ်ထား ထစ်ထားပြီး လုပ်စားလေ ဆောင်ရွက်နေကြမှာပါပဲ ။

ပန်းခင်း စီမံချက်နဲ့ မှတ်ပုံတင် အလွယ်တကူ ပြုလုပ်ပေးသတဲ့ ။ ငွေက တဆယ်ကျပ် လောက်ပဲ ပေးရသတဲ့ ။ ဧပြီလဆန်းမှာ ထောက်ခံစာနဲ့ သွားမရတော့ဘူးတဲ့ ။

ကဲ သန်းပေါင်းများစွာသော ပြည်သူများ မှတ်ပုံတင် မရသေးပါဘူး ။ သန်းခေါင်စာရင်းရှိရာ အရပ်ပြန်ဖို့ နဲ့ မူရင်း ပြန်ယူကြဖို့ ခရီးစရိတ် ဝေးရင် ဝေးသလို သိန်းချီ ကုန်နိုင်ပါတယ် ။

တိုင်းရင်းသား စစ်စစ်တွေအတွက် လွယ်ကူအဆင်ပြေအောင် တကယ်လုပ်ပေးနေပြီလား မေးကြရပါမယ် ။ ထုံးစံအတိုင်း ရစ်နေ ထစ်နေကြရင် ပြည်သူတွေ ခေါင်းငုံ့မခံကြဖို့ လိုနေပါပြီ ။

မြန်မာပြည်မှာ ဥပဒေတခု ပြဌာန်းတင်းကြပ်လိုက်တာနဲ့ အောက်ကဝန်ထမ်းတွေ ရိုးသားသူ အချို့ကလွဲရင် လုပ်စားကြတာ ရိုးရာဖြစ်နေပါပြီ ။ ပြည်သူတွေ မကြောက်မှသာ ဥပဒေဗန်းပြ လုပ်စားခံနေခြင်းမှ ကင်းလွတ်ကြရမှာပါ ။

မှတ်ပုံတင် ပျောက် ၊ အသစ်လုပ် တဲ့ အချိန် ငွေပေးရခြင်း ၊ မပေးရင် ရစ်ခြင်းများ ပြုလုပ်ပါက ပြည်သူတွေ မခံကြပါနဲ့ ။ လဝက ဝန်ထမ်းဆိုတာ ပြည်သူ့ဘဏ္ဍာ စားနေကြတာပါ ။ မြို့နယ်အဆင့်တွေမှာ လဝက ဦးစီးမှူးတွေ အများအားဖြင့် အစည်းအဝေး သွားနေတယ်လို့ လိမ်ညာပြီး ရုံးမတက်ကြတာ များပါတယ် ။

အစည်းအဝေးသွားတယ် အကြောင်းပြရင် ဘယ်အစည်းအဝေးလဲ မေးပြီး ဟုတ်မဟုတ် မေးလို့ ရပါတယ် ။ မဟုတ်ရင် အားမနာနဲ့ တခါထဲ တိုင်ကြပါ ။ ပြည်သူ့အခွင့်အရေးဆိုတာ ပြည်သူကိုယ်တိုင် တိုက်ရဲမှ ရကြမှာပါ ။

ကျနော်တို့ ပြည်သူတွေကို ဝန်ထမ်းဆိုးတွေနဲ့ ဌာနဆိုင်ရာတွေ အနိုင်ကျင့်တာ များလှပါပြီ ။ ကျနော်တို့သည် လူအပြည့်များသာ ဖြစ်ကြပါတယ် ။ တိုင်းပြည်ဟာ ဝန်ထမ်းဆိုးတွေ နှိပ်စက်လို့ မွဲပြာကျနေတာပါ ။ ကျနော်တို့ ညီညွှတ် ပြီး သတ္တိ ရှိရှိ တွန်းလှန်ကြမှသာ တိုင်းပြည်တခုလုံး ဝန်ထမ်းကျွန်ဘဝ ကနေ လွတ်ကြရမှာပါ ။

အစိုးရကို အားကိုးမရပါဘူး ။ ဝန်ကြီး​တွေကလည်း ဘက်ဂျက်များများရဖို့နဲ့ ပို့ဆွမ်းစားရ ပြီးရောဆိုတဲ့ လူတွေများပါတယ် ။ ဝန်ကြီးတွေက အတွင်းဝန် ၊ ညွှန်ချုပ် ညွှန်မှူးစကားကိုပဲ ဘုရားဟောလို သတ်မှတ် ယုံကြည် မှေးစားနေကြတာပါ ။