Get Mystery Box with random crypto!

ဒုတိယံပိ 100 % Sure ဟူသည် =================== အာဏာမ | Thurein


ဒုတိယံပိ 100 % Sure ဟူသည်
===================

အာဏာမထိမ်းသိမ်းခင်ကာလ တုန်းက 100 % Sure ဆိုပြီး တင်ခဲ့ဖူးသလို သွေးသောက်အဖွဲ့တွေ အက်ရှင်စယူပြီး မကြာခင်မှာပဲ ဒုတိယအကြိမ် 100 % Sure ဆိုတာ တင်ခဲ့ဖူးပါတယ် ။

အကြောင်းသိအချို့ကတော့ ကြိုတင်တွေးမိပြီး စိတ်ချမ်းသာစရာ သတင်းတခုပဲလို့ ရိပ်စားမိကြပါလိမ့်မယ် ။

အာဏာမထိမ်းခင်က သတင်းဦး သတင်းထူးအချို့ကို ကြိုတင်ဝမ်းသာနိုင်ကြဖို့ တင်ပြဖူးပါတယ် ။ အဲဒီနောက်တော့ မိမိတို့မျှောလင့်သလို နစကအာဏာရယူခဲ့ပြီး ဖြစ်တဲ့အတွက် သတင်းဦး သတင်းထူးလည်း မမေးမမြန်းတော့ပါဘူး ။

တင်လိုက်တဲ့ Sure သတင်းက ဇောင်းထနေတဲ့ စစ်ကိုင်း မကွေး နဲ့ ချင်းပြည်နယ်က PDF တွေ အတွက် သေမင်းတမန် သတင်းမို့ မစတင်မှီ သတင်းလုံခြုံရေးအတွက် တင်လို့မဖြစ်တဲ့အတွက် မတင်ခဲ့ပါဘူး ။

ဖုန်းလိုင်းတွေဖျက်ထား ၊ အင်တာနက်တွေ ပိတ်ထားပေမယ့် ဖုံးဖိမရတဲ့ စပိအောက်သံတို့ ကျယ်လောင်စွာ ကြားလာရပါပြီ ။ လုံလောက်တဲ့ တပ်မတော်စစ်ကြောင်းအင်အား ၊ ဒေသခံပြည်သူ့စစ်အင်အား (ကန့်ဘလူ ၊ ကျွန်းလှ ၊ တန့်ဆည် သုံးမြို့နယ်ကိုပဲ အင်အား ၄၀၀၀ ကျော် ၊ လွန်ခဲ့တဲ့ တလကအင်အားပါ) ။

အဲဒီအင်အားနဲ့ ချေမှုံးရေးစနေပါပြီ ။ ရေကြောင်းကလည်း အထူးကွန်မန်ဒိုအကြမ်းဖက်တိုက်ဖျက်ရေးတပ်သားများအား တင်ဆောင်လျှက် သဘော် ၃ စီးနဲ့ တအိအိ ချီတက်လာရင်း ချင်းတွင်းမြစ် ဝဲယာရှိ ပဒက်သုတ်သင်ရေးစီမံချက် စတင်နေပါတယ် ။

မြစ်လယ်က သဘော်ချည်း မဟုတ်ပါဘူး ၊ ကုန်းပေါ်မှာလည်း ဟန်ချက်ညီ တပ်မတော်ကြည်းချေမှုံးရေးစစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာတွေ့ရပါတယ် ။

နောက် နစက အနေနဲ့ အရေးကြီးတဲ့ ဌာနဆိုင်ရာ ဖရဲသီးစစ်ဆင်ရေးတွေလည်း အမှန်တကယ် ဆောင်ရွက်နေပါပြီ ။

နောက်ဆုံးသတင်းအရ ပညာရေးကဏ္ဍရှိ NLD ဒေါက်တိုင် ပုဂ္ဂိလိကကျောင်းအပါအဝင်ဖရဲသီးအရာရှိတွေကို ရှင်းလင်းပါလိမ့်မယ် ။ (အကြံပြုချင်တာကတော့ ပညာရေးဖရဲသီးအတွက် အပြောင်းအရွှေ့ လုပ်ဆောင်ချက်များနဲ့ ရာထူးတိုးလုပ်ဆောင်ချက်များအား ပြန်လည်အကဲခတ်လေ့လာခြင်း ၊ Non CDM များနဲ့ လျီု့ဝှက်တွေ့ဆုံ မေးမြန်းခြင်းများဖြင့် အလွယ်တကူ ခွဲခြားလို့ရနိုင်ကြောင်း အကြံပြုချင်ပါတယ် ။ လူအများရှေ့မှာ မေးမြန်းပါက Non CDM အနေနဲ့ ပွင့်လင်းစွာ ပြောရဲဖို့ ခက်ခဲပါတယ် တဦးခြင်းခေါ်ယူ မေးမြန်းခြင်းဖြင့်သာ သတင်းမှန်ရနိုင်ပါတယ်)

ဒါက နစက အနေနဲ့ တိုင်းပြည်တည်ငြိမ်ရေးအတွက် အမှန်တကယ်ဆောင်ရွက်နေမှုများဖြစ်ပါတယ် ။

နောက်ထပ်သတင်းကောင်းကတော့ PDF အကြမ်းဖက်များနဲ့ အားပေးများအား ပညာပေးလျှက်ရှိတဲ့ သွေးသောက်အဖွဲ့ကြောင့် ကျနော်တို့ တွက်ဆထားကြသလို အကြမ်းဖက်အနွယ်တွေ သွေးပျက်နေကြပါပြီ ။ ဧရာဝတီလို သတင်းဌာနကတောင် သတင်းရေးရအောင် သွေးပျက်နေကြတာ ဝမ်းသာစရာပါပဲ ။

သွေးပျက်တာလည်း မပြောနဲ့လေ သွေးသောက်အဖွဲ့ဆိုတာ ကျနော်တို့ အင်မတန်လေးစားအားကျနေခဲ့ရတဲ့ မျိုးချစ်လူစွမ်းကောင်း ဓားမင်းသားကြီးတို့ ဝင်ကနေကြတာကိုးဗျ ။

ကဲ ကျနော့်ရဲ့ ဒုတိယံပိ 100 % Sure ပဟေဠိရဲ့ အဖြေကို ဒီပို့စ်လေးနဲ့ ပြောပြလိုက်ပါပြီ ။ ချမ်းမြေ့ပါစေ မြန်မာပြည် ။

ကိုရွှေမျိုးဝင်း

(တိုင်းပြည်အေးချမ်းသွားရင်တော့ သူတို့နှစ်ယောက်ကို မတည့်အောင် လုပ်ကြရအုံးမယ်ဗျ ၊ တမျိုးမထင်နဲ့ ကျနော်နဲ့မတည့်တဲ့ လူရွှင်တော်တွေမို့ ပြောတာပါ )


===================






