Get Mystery Box with random crypto!

#သူလိုရဟန်းသူမို့စွမ်းသည် ဒေါက်တာအရှင်သေ | Thurein


#သူလိုရဟန်းသူမို့စွမ်းသည်


ဒေါက်တာအရှင်သောပါက

ယနေ့ (၂၆-၅-၂၀၂၂) ဟာ #မဟော်သဓာဆရာတော် ရဲ့ သက်တော် (၅၆)နှစ်ပြည့်မွေးနေ့ အခါသမယဖြစ်ပါတယ်။ မဟော်သဓာဆရာတော်လို့ပြောလိုက်ရင် ရဟန်းသံဃာအသိုင်းအဝိုင်းကပါမက လူပုဂ္ဂိုလ်အသိုင်းအဝိုင်းတွေကပါ သိကြမယ်ထင်ပါတယ်။
အထူးသဖြင့် ပညာရေးနယ်ပယ်က ပုဂ္ဂိုလ်တွေက ပိုမိုသိကြမှာပါ။ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်ပြီး ဘာသာရေးကို အခြေခံထားတဲ့ လောကီပညာရေးတွေကို ပုံဖော်ပေးနေတဲ့ #ပဲ့ကိုင်ရှင် ဖြစ်နေလို့ပါပဲ။
ကိုယ်ပိုင်အထက်တန်းကျောင်းလောကထဲကို ဝင်ရောက်ပြီး နှစ်တိုတိုအတွင်းမှာ နာမည်ကျော်သွားအောင် ထိုးဖောက်နိုင်ခဲ့ရုံသာမက ထိပ်ဆုံးရောက်အောင်လည်း အောင်မြင်နိုင်တယ်ဆိုတာဟာ
#သူမို့သာစွမ်းနိုင်တာပါ။
စတင်တည်ထောင်စဉ်ကတည်းက အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီး ဆောင်ရွက်ခဲ့ပါတယ်။ သုံးနှစ်လုံးလုံးအခမဲ့စနစ်နဲ့သွားခဲတာကို ပြန်ကြည့်ရင် တစ်နှစ်ကို ကျောင်းသား ကျောင်းသူ ဆရာ ဆရာမ ဂိုက် ဝန်ထမ်း အားလုံး (၆၀၀)ဦးခန့်ကို အခမဲ့ ကျွေးမွေး လစာပေးပြီး ဆောင်ရွက်ခဲ့တာဆိုရင် တစ်နှစ်ကို ကျပ်ငွေ သိန်း (၈၀၀၀)ခန့် ကုန်ကျခဲ့ပါတယ်။ ဒါတွေကလည်း သူ့မှာရှိလို့ လုပ်တယ်ဆိုတာထက် သိလို့ လုပ်နေတာဖြစ်ပဲဖြစ်တယ်။ #သူမို့သာစွမ်းနိုင်တာပါ။
တစ်နေ့တစ်နေ့ မနားတမ်းတရားတွေဟောခဲ့တယ်။ တစ်နေ့တစ်ပွဲမက နှစ်ပွဲ သုံးပွဲအထိ မနား တမ်းဟောခဲ့ရတယ်ဆိုတာကလည်း ကလေးတွေ အဆင်ပြေစေဖို့ပါ။ ရသမျှ ဓမ္မပူဇာတွေနဲ့ မဟော်သဓာ ကို အလုပ်အကျွေးပြုခဲ့တယ်။ အခုတော့ တရားပွဲတွေလည်း မရှိတော့တဲ့အတွက် ဝင်ငွေတွေလည်း ရပ်ဆိုင်းခဲ့ရတယ်။ အဲဒီတော့ ကလေးတွေအတွက်ပညာရေးလုပ်ငန်းဟာလည်း အခမဲ့စနစ်နဲ့သွားဖို့ ဘယ်လိုမှအဆင်မပြေနိုင်ဖြစ်လာရတယ်။
သို့သော် ဇွဲလုံ့လကို မလျော့ အနာဂတ် မြန်မာနိုင်ငံနဲ့မြန်မာသားကောင်းရတနာလေးတွေအတွက် မရရတဲ့နည်းနဲ့ဆက်လက်စောင့်ရှောက်မယ်ဆိုတဲ့စိတ်နဲ့ ပညာရေးလုပ်ငန်းတွေကို ရပ်နားခြင်းမပြုဘဲ စရိတ်မျှပေးစနစ်ကို ပုံဖော်ကျင့်သုံးခဲ့ပြန်တယ်။ ကျောင်းသား ကျောင်းသူတွေဘက်က စားစရိတ်လောက်သာ အကုန်အကျခံစေပြီး ကျန်တဲ့အပိုင်းကို ဆရာတော်က တာဝန်ယူစောင့်ရှောက်တဲ့စနစ်ပဲဖြစ်တယ်။ အဲဒီစနစ်ကလည်း အနည်းငယ်သာ ဆရာတော်ဘက်က သက်သာပြီး ကျောင်းသားတွေဘက်ကတော့ အတော်လေး သက်သာတဲ့အနေအထားပါပဲ။
ဝန်ထမ်းလစာ၊ ဆရာဆရာမ လစာ၊ စာသင်ပြဂိုက်လစာ၊ ရေးဖိုး၊ မီတာဖိုး စတာတွေကလည်း လစဉ် သိန်းပေါင်း ရာချီကုန်ကျနေသေးတယ်လေ။
ကိုဗစ်ကာလ အလွန်ကြပ်တည်းတဲ့စီးပွားကာလ အလွန်ရှုပ်ထွေးတဲ့နိုင်ငံရေး ရှုပ်ထွေးမှုတွေကြားထဲမှာပင် မဟော်သဓာကျောင်းကို ရအောင်ဖွင့်နိုင်ခဲ့တယ်။
ဒါတွေလုပ်ရင် ဒါမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကအစ သိသိကြီးနဲ့ပဲ တကယ်အောင်မြင်အောင် လုပ်ပြသွားနိုင်တယ်ဆိုတာကလည်း #သူမို့သာစွမ်းနိုင်တာပါ။
နဂိုကတည်းက ကျန်းမာရေးကိစ္စတွေ ဖြစ်ပေါ်လာနိုင်တာကို ကြိုတွက်ထားပြီး ကျန်းမာရေးအတွက် သန့်သန့်ရှင်းဖြစ်ဖို့ ရေးချိုးခန်း အိမ်သာတွေကို လုံလောက်အောင် စနစ်တကျ သုံးနိုင်ဖို့ပါ တွက်ချက်ပြီး စီမံခဲ့တာပါ။
မယုံမရှိနဲ့ မဟော်သဓာမှာ ကလေးတွေအတွက် အိမ်သာ အလုံး (၃၀၀)ကျော် ရှိတယ်။ နှစ်ကောင် အဲယားကွန်းပေါင်း အလုံး (၁၀၀)ကျော်ရှိတယ်ဆိုတာကိုကြည့်ရင် ဆရာတော်ရဲ့စေတနာကို မြင်နိုင်လိမ့်မယ်။
အဲဒီအတွက် မီတာခက တစ်လ သိန်းတစ်ရာဝန်းကျင်၊ မီးပျက်ကာလဖြစ်လို့ ဒီဇယ်ဝယ်ရတာက တလတလဆီပေပါပေါင်း မနည်း သူလည်းသိန်း ခြောက်ဆယ်အထက်မှာရှိတယ်။ အဲဒီလောက်လုပ်နိုင်တာဟာ #သူမို့သာစွမ်းတာပါ။
သူများတွေလို စီးပွားရေးတွက် တွက်ပြီး ပညာရေးလုပ်ငန်းကို လုပ်မယ်ဆိုရင် မဟော်သဓာဟာ ကျောင်းသားတစ်ယောက်စာအတွက် တစ်နှစ် သိန်းတစ်ရာလောက်တောင်းပြီးလုပ်လို့ရပါတယ်။ နိုင်ငံသားကောင်းရတနာလေးတွေဟာ တစ်နေ့နေ့မှာ နိုင်ငံကို ဦးဆောင်သူတွေ ဖြစ်လာမှာကြမှာမို့ သူတို့လေးတွေကို ဘာသာရေးကို အခြေခံကောင်းလေးတွေလည်း ရအောင် လောကီအတတ်ပညာတွေ ကိုလည်း အဆင့်မြင့်မြင့် အောင်မြင်နိုင်အောင် စီစဉ်ပေးခဲ့တာတွေဟာ မဟော်သဓာဆရာတော်ရဲ့ စေတနာ တွေပါပဲ။
အခုဆို မဟော်သဓာဆရာတော်ဟာသက်တော် (၅၆)နှစ်တောင် ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဒီရဟန်း ဒီလိုစွမ်းနိုင်တာဟာ
အမိမြန်မာနိုင်ငံတော်အတွက်ရော အမျိုးဘာသာ သာသနာအတွက်မှာပါ ဂုဏ်ယူစရာတွေပါပဲ။
ဒါ့ကြောင့် #သူလိုရဟန်းတွေရှိပေမဲ့လည်းသူမို့သာစွမ်းနိုင်တာပါလို့....

ဆရာတော် (၅၆) နှစ်မှသည် နောင်နှစ်ပေါင်းများစွာ သာသနာပြုနိုင်ပါစေဘုရား...

ရိုသေလေးစားလျက်
(ဒေါက်တာအရှင်သောပါက-ဇေတဝန်)
၂၆-၅-၂၀၂၂




ဒေါက်တာအရှင်သောပါက
