🔥 Burn Fat Fast. Discover How! 💪

ဘယ်သူမှ မမှားဘူး ============ ကိုကျော်စွာရဲ့ ပြဿနာကိ | Thurein


ဘယ်သူမှ မမှားဘူး
============

ကိုကျော်စွာရဲ့ ပြဿနာကို မနေ့ကတွေ့တယ် ။ နှစ်ဖက်လုံးက သူမှန်တယ် ကိုယ်မှန်တယ် နဲ့ ငြင်းနေကြတယ် ။ တကယ့်ပကတိတရားခံကို ဘယ်သူလက်ညှိုးထိုးပြမလဲလို့ စောင့်ဖတ်နေမိတယ် ၊ ကိုယ့်ဝေါလ်မှာတော့ ပေါ်မလာသေးပါဘူး ။

ကိုကျော်စွာဆိုတာ တပ်မတော်နဲ့ ပြည်သူကိုထိရင် လုံးဝသည်းမခံတတ်တဲ့ မျိုးချစ်စိတ် 100 % ကျော်နေတဲ့ တပ်မတော်အရာရှိ ဖြစ်ခဲ့ဖူးသူ ။ NLD လက်ထက်မတိုက်မှီကတည်းက NLD တို့ရဲ့ ရန်သူ ။ သူနဲ့ ကိုရဲမိုးတို့က ပူးတွဲချန်ပီယံ ။

အခု သူ့ဆီကို သူယုံကြည်ရတဲ့ တစုံတယောက်က သတင်းပေးပို့လာတယ် ။ ယခင်ကလည်း ယုံကြည်ရသူအဖြစ် အချက်အလက်အမှန်အကန်တွေ ပေးခဲ့ဖူးသူမို့ ကိုကျော်စွာက အဲဒီ သတင်းကို လူပုဂ္ဂိုလ်ယုံကြည်မှုနဲ့ တင်ပေးလိုက်တယ် ။

သတင်းက လက်ရှိတပ်မတော် အရာရှိတဦးကို နစ်နာစေမယ့် သတင်းဖြစ်နေတယ် ။ ကိုကျော်စွာသတင်းဆို ဦးစားပေးဖြေရှင်းလေ့ရှိတဲ့ နစက အနေနဲ့ အက်ရှင်ချက်ခြင်းယူဟန်ရှိပါတယ် ။

အရေးခံရတဲ့ အရာရှိကြီးအဆင့်ကလည်း တိုင်းမှူးအလားအလာ မျှော်မှန်းရမယ့် အဆင့်မို့ သတင်းမှားနဲ့ ဖြေရှင်းရမှုအပေါ် သူ့ဘဝတက်လမ်းအတွက် အလွန်အရေးကြီးလှပါတယ် ။ တပ်မတော်သားတွေအတွက် စီနီယာတူခြင်း ပြန်ပြီး အမိန့်ပေးခံရ အလေးပြုရတာကို အလွန်မခံချိမခံသာ ဖြစ်လေ့ရှိကြတာကိုတော့ သာမန် အရပ်သားတွေ ကိုယ်ချင်းစာနိုင်ဖို့ ခက်ခဲပါလိမ့်မယ် ။

ဒီတော့ တပ်မတော်အရာရှိကြီးလည်း သူဖြူစင်ကြောင်းပြဖို့ သတင်းမှားတင်မိတဲ့ ကိုကျော်စွာကို ၆၆ ဃ နဲ့ တရားစွဲပြမှ ရတော့မယ့်အနေအထားမို့ မစွဲချင်ပဲ စွဲလိုက်တာပါ ။

ဒီတော့မှ အုတ်အော်သောင်းနင်းဖြစ်ပြီး အဖြစ်မှန်ကို တပြည်လုံးသိကြသလို နစကလည်း သိသွားပြီး အားလုံး ညှိနှိုင်း ပြီးစီးသွားရပါတယ် ။

ဒီဖြစ်စဥ်အတွက် အပြစ်တွေ ဘက်အသီးသီးကပြောကြရင်း သွေးကွဲမနေကြပါနဲ့ ။

၁ ။ တပ်မတော်ကို ချစ်သော ၊ ပြည်သူကိုချစ်သော စိတ်နဲ့ ပို့စ်တင်တဲ့ ကိုကျော်စွာလည်းမမှားဘူး ။

၂ ။ မဟုတ်မမှန် သတင်းနဲ့ မိမိဘဝတက်လမ်း အပိတ်ခံရမှာ စိုးရိမ်လို့ မလွှဲရှောင်သာပဲ တရားစွဲရတဲ့ အရာရှိကြီးလည်း မမှားဘူး ။

၃ ။ မှားတာက ယုံကြည်မှုကို အခွင့်ကောင်းယူပြီး မသေချာတဲ့ သတင်းကို ပေးပို့ခဲ့တဲ့ ကိုကျော်စွာရဲ့ လူယုံသတင်း​​ပေးပဲ မှားတာပါ ။

ကျနော်တို့ တိုက်ပွဲမပြီးသေးပါဘူး တွဲလက်တွေ ခိုင်မြဲနေမှ အောင်မြင်မှုကို လျှင်မြန်စွာ ဆုပ်ကိုင်နိုင်မှာပါ ။

ကိုရွှေမျိုးဝင်း

(ဒီလို အနေအထား တိုင်းပြည်မှာ ထောက်ပြရသူတွေအတွက် ဟိုဖက် ဒီဖက် ချိန်ဆရတာ အလွန်ပင်ပန်းတယ် ၊ ကိုကျော်စွာရေ စိတ်ဓာတ်မကျပါနဲ့..အမှားမကင်းတဲ့ လူသား ကမ္ဘာမှာ မရှိသေးပါဘူး)


ဘယ္သူမွ မမွားဘူး
============

ကိုေက်ာ္စြာရဲ႕ ျပႆနာကို မေန႔ကေတြ႕တယ္ ။ ႏွစ္ဖက္လုံးက သူမွန္တယ္ ကိုယ္မွန္တယ္ နဲ႔ ျငင္းေနၾကတယ္ ။ တကယ့္ပကတိတရားခံကို ဘယ္သူလက္ညႇိဳးထိုးျပမလဲလို႔ ေစာင့္ဖတ္ေနမိတယ္ ၊ ကိုယ့္ေဝါလ္မွာေတာ့ ေပၚမလာေသးပါဘူး ။

ကိုေက်ာ္စြာဆိုတာ တပ္မေတာ္နဲ႔ ျပည္သူကိုထိရင္ လုံးဝသည္းမခံတတ္တဲ့ မ်ိဳးခ်စ္စိတ္ 100 % ေက်ာ္ေနတဲ့ တပ္မေတာ္အရာရွိ ျဖစ္ခဲ့ဖူးသူ ။ NLD လက္ထက္မတိုက္မွီကတည္းက NLD တို႔ရဲ႕ ရန္သူ ။ သူနဲ႔ ကိုရဲမိုးတို႔က ပူးတြဲခ်န္ပီယံ ။

အခု သူ့ဆီကို သူယုံၾကည္ရတဲ့ တစုံတေယာက္က သတင္းေပးပို႔လာတယ္ ။ ယခင္ကလည္း ယုံၾကည္ရသူအျဖစ္ အခ်က္အလက္အမွန္အကန္ေတြ ေပးခဲ့ဖူးသူမို႔ ကိုေက်ာ္စြာက အဲဒီ သတင္းကို လူပုဂၢိဳလ္ယုံၾကည္မႈနဲ႔ တင္ေပးလိုက္တယ္ ။

သတင္းက လက္ရွိတပ္မေတာ္ အရာရွိတဦးကို နစ္နာေစမယ့္ သတင္းျဖစ္ေနတယ္ ။ ကိုေက်ာ္စြာသတင္းဆို ဦးစားေပးေျဖရွင္းေလ့ရွိတဲ့ နစက အေနနဲ႔ အက္ရွင္ခ်က္ျခင္းယူဟန္ရွိပါတယ္ ။

အေရးခံရတဲ့ အရာရွိႀကီးအဆင့္ကလည္း တိုင္းမွဴးအလားအလာ ေမွ်ာ္မွန္းရမယ့္ အဆင့္မို႔ သတင္းမွားနဲ႔ ေျဖရွင္းရမႈအေပၚ သူ့ဘဝတက္လမ္းအတြက္ အလြန္အေရးႀကီးလွပါတယ္ ။ တပ္မေတာ္သားေတြအတြက္ စီနီယာတူျခင္း ျပန္ၿပီး အမိန္႔ေပးခံရ အေလးျပဳရတာကို အလြန္မခံခ်ိမခံသာ ျဖစ္ေလ့ရွိၾကတာကိုေတာ့ သာမန္ အရပ္သားေတြ ကိုယ္ခ်င္းစာႏိုင္ဖို႔ ခက္ခဲပါလိမ့္မယ္ ။

ဒီေတာ့ တပ္မေတာ္အရာရွိႀကီးလည္း သူျဖဴစင္ေၾကာင္းျပဖို႔ သတင္းမွားတင္မိတဲ့ ကိုေက်ာ္စြာကို ၆၆ ဃ နဲ႔ တရားစြဲျပမွ ရေတာ့မယ့္အေနအထားမို႔ မစြဲခ်င္ပဲ စြဲလိုက္တာပါ ။

ဒီေတာ့မွ အုတ္ေအာ္ေသာင္းနင္းျဖစ္ၿပီး အျဖစ္မွန္ကို တျပည္လုံးသိၾကသလို နစကလည္း သိသြားၿပီး အားလုံး ညႇိႏႈိင္း ၿပီးစီးသြားရပါတယ္ ။

ဒီျဖစ္စဥ္အတြက္ အျပစ္ေတြ ဘက္အသီးသီးကေျပာၾကရင္း ေသြးကြဲမေနၾကပါနဲ႔ ။

၁ ။ တပ္မေတာ္ကို ခ်စ္ေသာ ၊ ျပည္သူကိုခ်စ္ေသာ စိတ္နဲ႔ ပို႔စ္တင္တဲ့ ကိုေက်ာ္စြာလည္းမမွားဘူး ။

၂ ။ မဟုတ္မမွန္ သတင္းနဲ႔ မိမိဘဝတက္လမ္း အပိတ္ခံရမွာ စိုးရိမ္လို႔ မလႊဲေရွာင္သာပဲ တရားစြဲရတဲ့ အရာရွိႀကီးလည္း မမွားဘူး ။

၃ ။ မွားတာက ယုံၾကည္မႈကို အခြင့္ေကာင္းယူၿပီး မေသခ်ာတဲ့ သတင္းကို ေပးပို႔ခဲ့တဲ့ ကိုေက်ာ္စြာရဲ႕ လူယုံသတင္း​​ေပးပဲ မွားတာပါ ။