🔥 Burn Fat Fast. Discover How! 💪

“တို့ဘိုးဘွားတွေကို ကျေးဇူးတင်မိတယ်” နိုင်ငံတစ်ခု ဖြစ်ပေါ်လာဘ | Thurein


“တို့ဘိုးဘွားတွေကို ကျေးဇူးတင်မိတယ်”

နိုင်ငံတစ်ခု ဖြစ်ပေါ်လာဘို့ရန်အတွက် ပေးဆပ်လိုက်ရတဲ့ အသက်သွေးချွေးတွေဆိုတာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ အဲဒီလို အသက်သွေးချွေးပေါင်း မြောက်များစွာ ပေးဆပ်ပြီးမှ ရရှိလာတဲ့ နိုင်ငံတစ်ခု ရေရှည်တည်တံ့နေဘို့ဆိုတာက ကိုယ့်မြေ ကိုယ့်ရေကိုချစ်တဲ့စိတ်၊ ကိုယ့်လူမျိုးနဲ့ ကိုယ့်ဘာသာ သာသနာကို ချစ်တဲ့စိတ်တွေ အများကြီးရှိနေဘို့ လိုပါတယ်။ ထိုစိတ်မျိုးမရှိဘဲ ဦးတည်ရာမဲ့နေတဲ့ ထိုထိုလူမျိုးတွေ နိုင်ငံထဲမှာ များပြားလာပြီဆိုရင်တော့ ထိုနိုင်ငံရဲ့ တည်ရှိမှုနဲ့ အချုပ်အချာအာဏာ ပိုင်စိုးမှုဆိုတာကလည်း အင်မတန်မှ ဆိုးရိမ်စရာ ကောင်းလာပြီလို့ ဆိုရတော့မှာဖြစ်ပါတယ်။

သူတို့အကျင့် သူတို့စရိုက်

ခရစ်နှစ်၁၈၅၅ခုနှစ်မှာ ဆာရာဘောင်ရင်းဆိုတဲ့ အင်္ဂလိပ်သံအမတ်က ငါတို့နှစ်နိုင်ငံချစ်ကြည်ရေး တည်ဆောက်ကြရအောင်ဆိုတဲ့ စကားလုံးကြီးကို ရင်ဝယ်ပိုက်ပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာပါတယ်။ အချိန်က မြန်မာတွေ အင်္ဂလိပ်ကို ပထမအကြိမ် စစ်ရှုံးပြီးတဲ့အချိန်နဲ့ မရှေးမနှောင်းလို့ ဆိုရမှာပါ။ အဲဒီအချိန် ယိုးဒယားကို အုပ်ချုပ်နေတာက မဟာမောင်းကွပ်ဘုရင်ဖြစ်ပါတယ်။ အင်္ဂလိပ်နဲ့ ယိုးဒယားတို့ရဲ့ နှစ်နိုင်ငံကြားက ချစ်ကြည်ရေးဆိုတဲ့ စာချုပ်ကြီးခေါင်းစဉ်အောက်မှာ သဘောတူညီချက်က (၁၀)ချက်ပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီအထဲမှာ ယိုးဒယားအနေနဲ့ အင်္ဂလိပ် တို့ကို အထူးအခွင့်အရေးပေးပြီး ဆက်ဆံရမယ်ဆိုတာ။ နောက်ပြီး ယိုဒယားနဲ့ အင်္ဂလိပ်လူမျိုးတွေ တစ်စုံတစ်ရာ ပြဿနာဖြစ်ရင် အင်္ဂလိပ်အရာရှိရဲ့ စီရင်ချက်ကို စောင့်ရမယ်ဆိုတာ။
ဘိန်းကို လုံးဝအခွင်ကင်းလွှတ်ခွင့်ပေးရမယ်ဆိုတာ။
မည်သည့်ကုန်ပစ္စည်းကိုမဆို ယိုးဒယားက သုံးရာခိုင်နှုန်းထက် ပိုကောက်ခံခွင့်မရှိစေရဆိုတာ။ နောက် ယိုးဒယားလှေနဲ့သွားရင် တစ်ရက်အတွင်း သွားရင်ရောက်နိုင်တဲ့ ဘယ်နေရာကိုမဆို အင်္ဂလိပ်လူမျိုးတွေကို အခြေချနေထိုင်ဘို့ ခွင့်ပြုရမယ်ဆိုတာ။
စာချုပ်ပါအချက်အလက်တွေကို ယိုးဒယားဘက်က တစ်ဖက်သတ် လုံးဝပြင်ဆင်ခွင့်မရှိစေရဆိုတာတွေ ပါဝင်ပါတယ်။ အဆိုးဆုံးကတော့ စာချုပ်ကို ဘယ်၍ဘယ်မျှဆိုပြီး အချိန်မသတ်မှတ်မထားခံရတာဘဲဖြစ်ပါတယ်။ စာချုပ်ပါအချက်အလက်တွေကြည့်လိုက်မယ်ဆိုရင် ဘယ်အချက်ကများ ယိုဒယားအတွက် အကျိုးရှိတာ ကျန်သေးလို့ အဲဒီစာချုပ်ကို မောင်းကွပ်ဘုရင်က လက်မှတ်ထိုးလိုက်တာလဲဆိုတာ စဉ်းစားမိပါတယ်။ ပထမအကြိမ်စစ်ရှုံးထားတဲ့ မြန်မာတွေရဲ့ ရန္တပိုရ်စာချုပ်မှာတောင် ဒီလောက်မိုက်ရိုင်းတဲ့ တောင်းဆိုချက်တွေ ပါဝင်တာမတွေ့ရပါဘူး။ အချုပ်အချာအာဏာလည်းမဆုံးရှုံးဘူး၊ ကိုလိုနီလက်အောက်လည်း မကျပါဘူးဆိုတဲ့ ယိုးဒယားတွေက ဒီသဘောတူစာချုပ်ကြီးကို လက်မှတ်ထိုးလိုက်တယ်ဆိုတာကတော့ လွတ်လပ်တဲ့နှစ်နိုင်ငံကြားက အစိုးရနှစ်ရပ်ကြား ညှိနှိုင်းပြီး ရေးဆွဲတဲ့စာချုပ်ဆိုတာ ဘယ်လိုနည်းနဲ့မှကို မဖြစ်နိုင်ဘူး။ လက်ညှိုးထောင် ခေါင်းငြိမ့် ငါမပြုတ်ရင် ပြီးရောဆိုတဲ့ မောင်းကွပ်ဘုရင်ရဲ့ ခြေရာလည်းမပျောက် ရေလည်းမနောက်တဲ့ နည်းလမ်းကို သုံးလိုက်တာဘဲဖြစ်မှာပါ။ နေရာလည်း မဖယ်ပေးလိုက်ရဘူး။ ကိုယ့်ဘုရင်ကြီးကလည်း ရာဇပလ္လင်ပေါ်က ဆင်းမပေးရဘူးဆိုတော့ ရုတ်တရက်ကြည့်လိုက်ရင် မှန်သလိုလိုကြီးပေါ့။ ဒါပေမယ့်လို့ ပေးဆပ်လိုက်ရတဲ့ အခြေအနေတွေက နှောင်းခေတ်လူတွေကို ပြန်ပြောတဲ့အခါ ဘယ်လောက်တောင်မှ အသဲနာစရာ ကောင်းလိုက်မလဲဆိုတာ ပြေးကြည့်စရာမလို တွေးကြည့်တာနဲ့တင် သိနိုင်နေပြီဖြစ်ပါတယ်။ အင်္ဂလိပ်တွေ အခုလို လုပ်ခဲ့သလို ပြင်သစ်ဆိုတဲ့ ရေပေါ်ဆီလူးတွေ ကမ္ဘာ့ပုလိပ်ခေါင်းဆောင်နိုင်ငံကြီးတွေကလည်း အင်္ဂလိပ်နေရာမှာ သူတို့နိုင်ငံတွေရဲ့ နာမည်ကိုထည့်ပြီး ယိုးဒယားတွေအပေါ် အခွင့်အရေးတွေ ယူခဲ့ကြပါသေးတယ်။ ဒါဟာ သူတို့နိုင်ရင် ဘယ်လိုလုပ်သလဲဆိုတာ ဖော်ပြနေတဲ့ အသားဖြူဖြူ နှာခေါင်းချွန်ချွန်လူမျိုးတွေရဲ့ ပင်ကိုယ်အကျင့်စရိုက်တွေဘဲဖြစ်ပါတယ်။

မြန်မာတို့၏အကျင့် မြန်မာတို့၏စရိုက်

သက္ကရာဇ်(၉၂၅)ခု၊ အေဒီ-၁၅၆၃ခုနှစ်မှာ ဟံသာဝတီဘုရင့်နောင်မင်းတရားကြီးဟာ ယိုးဒယားကို ချီတက်တိုက်ခိုက်ပါတယ်။ အနိုင်လည်းရရှိခဲ့ပါတယ်။ အဲဒီလို အနိုင်ရတဲ့အတွက် မြန်မာတွေဟာ စစ်ရှုံးသွားတဲ့ ယိုးဒယားတွေကို ဒီကောင်တွေတော့ ငါ့ကျွန်ဖြစ်ပြီ ငါလုပ်သလို ခံရတော့မှာဘဲဆိုတဲ့စိတ်နဲ့ အခွင့်အရေးယူခဲ့တာ မရှိပါ။ စစ်ပွဲဖြစ်ပွားနေစဉ် သူနိုင်ကိုယ်နိုင် တိုက်နေတဲ့အခါမှာ မြန်မာတပ်တွေက ကြမ်းကြမ်းတမ်းတမ်း ပြင်းပြင်းထန်ထန် တိုက်ခိုက်လေ့ရှိပေမယ့် အလံဖြူပြလို့ ရှုံးနိမ့်သွားတဲ့ သူတွေကိုတော့ အနိုင်အထက် လုပ်လေ့မရှိပါဘူး။ ဘုရင့်နောင်မင်းတရားစစ်နိုင်တော့ ယိုးဒယားဘုရင် မဟာချက္ကရဖက်ရဲ့သား ဗြမဟိန်ကို တစ်ဦးကို နန်းတင်ပေးပြီး မဟာချက္ကရဖက်နဲ့ အခြွေအရံအချို့ကိုတော့ မြို့တော်ခေါ်ဆောင်လာခဲ့တယ်။ ဒါပေမယ့် နေပြည်တော်ရောက်လာတဲ့ အဲဒီယိုးဒယားလူမျိုးတွေကို မြန်မာတွေက စစ်ရှုံးသုံးပန်းတွေဆိုပြီး အထင်သေး အမြင်သေး အနိုင်အထက်မလုပ်ခဲ့ပါ။ မဟာချက္ကရဘက်ဆိုရင် ဘုရင့်နောင်ကို ရှိခိုးမခိုင်းသလို သူ့သားဗြနရာဇ်ဆိုရင်လည်း သားတော်တွေနဲ့ အဆင့်အတန်းတူနေရာမှာဘဲ ထားခဲ့တာဖြစ်ပါတယ်။ အခြားသူတွေကိုလည်း အဆင့်အတန်းနဲ့ သင့်လျော်ရာနေရာတွေမှာ နေနိုင်အောင်