Get Mystery Box with random crypto!

နစက ရဲ့ စေတနာ နှင့် ============= ပက်စပို့စ် ရုံးရဲ့ ရိုက်စား | Thurein


နစက ရဲ့ စေတနာ နှင့်
=============
ပက်စပို့စ် ရုံးရဲ့ ရိုက်စားဂွင်
================

ဟိုယခင် နဝတခေတ် ကာလများတုန်းက ပက်စပို့စ် ပြုလုပ်ခဲ့ဖူးပါတယ် ။ အားလုံးတန်းစီစနစ်နဲ့ ပြုလုပ်ကြရလေ့ရှိပြီး အချိန် လေးလမျှ အကြာမှာ ရရှိပါတယ် ။ ငွေကြေးကတော့ သောင်းဂဏန်းကုန်ကျတာပါပဲ ။

အဲဒီနောက် ပက်စပို့စ်တွေကို မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ ပြုလုပ်ခွင့်ပေးပြီး အချိန်တိုအတွင်း အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးတဲ့ မင်္ဂလာသတင်းကြားရပါတယ် ။

ယခုအချိန်မှာ ကိုဗစ် ပြဿနာနဲ့ နိုင်ငံရေးမတည်ငြိမ်မှုများ​ကြောင့် ပြည်ပထွက်လုပ်သားများ အလုံးအရင်းနဲ့ များပြားလာနေရပါပြီ ။

အစိုးရကနေ အွန်လိုင်းစနစ်ဖြင့် ပက်စပို့စ် ပြုလုပ်နိုင်ရန် စီစဥ်ပေးလိုက်တော့ ပိုပြီး အဆင်ပြေကြမှာလို့ တွက်ဆပြီး အစီအစဥ်ကို ဝမ်းသာခဲ့ရပါတယ်။

တောသူတောင်သားတွေလည်း ပြည်ပထွက် အလုပ် လုပ်ပြီး မိသားစုကို ထောက်ပံ့နိုင်ရန် ကြိုးစားကြပါတယ် ။ အိမ်ပေါင် ခြံပေါင် နွားရောင်း ရှိတဲ့ရွှေတိုရွှေစ ရောင်းချပြီး ပြည်ပအလုပ်အတွက် အားထုတ်ကြရပါပြီ ။

အဲဒီမှာ စတွေ့ကြရတာက ပက်စပို့စ် ရုံးပဲ ဖြစ်ပါတယ် ။ ပထမဆုံး အွန်လိုင်းကနေ လျှောက်လွှာတင်ပါတယ် ။ အကြောင်းပြန်တယ်ဗျ ၅ လပိုင်းက တင်လိုက်တာကို ၈ လ ပိုင်းကြမှ စီနီယာရမယ်တဲ့ ။ လေးလလောက်စောင့်ခိုင်းတယ်ဗျာ ။

နစကအနေနဲ့ ပက်စပို့စ်ကိစ္စကို လျှင်မြန်စွာဆောင်ရွက်နိုင်ရန် အွန်လိုင်းစနစ်နဲ့ လျှောက်တင်စေပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က လေးလခန့်စောင့်ရတဲ့ စနစ်အဖြစ် နှောင့်နှေးကြန့်ကြာအောင် စီမံခန့်ခွဲနေတဲ့ ပက်စပို့စ်ရုံးရဲ့ E - Goverment စနစ်ကတော့ အံ့ချီးကုန်နိုင်ဖွယ် အစီအစဥ်ပါပဲ ။

ဒီတော့ အွန်လိုင်းစနစ်နဲ့ မစောင့်နိုင်တဲ့ သူတွေ ရုံးသွားပြီးတန်းစီတိုးလုပ်ကြရပါပြီ ။ တရားဝင် ၂၈၀၀၀ိ/ သတ်မှတ်ထားပြီး တနေ့ လူဦးရေ ၂၅၀၀ ပြုလုပ်ပေးရန် စီမံထားကြောင်း သတင်းရပါတယ် ။

ဟုတ်ကဲ့တန်းစီတိုးလုပ်နေကြတာ ၂၈၀၀၀ိ/ စကေးနဲ့ တနေ့ လူ ၁၀၀/ ၂၀၀ ခန့်သာရရှိကြပြီး အများစုက မရကြပါဘူး ။ တကယ်တန်း ရိုးရိုးသားသား တန်းစီလုပ်ကြရာမှာ လုပ်မရလို့ဖြစ်နေတဲ့ ပြဿနာမဟုတ်ပါဘူး ။

ဖြစ်ပုံက ပွဲစားတွေ နဲ့ ကြားဖြတ်လုပ်ပေးနေတဲ့ ပြဿနာကြောင့်ဖြစ်ပါတယ် ။ ပွဲစားတောင်မှ ၂ စားရှိပါသေးတယ် ။ ရိုးရိုးပွဲစား ၂၅၀၀၀၀ိ/ သူက ၄ / ၅ ရက်ကြာတာတောင် မသေချာပါဘူး ။

ရှယ်ပွဲစားက ၃၅၀၀၀၀ိ/ ရှိပါတယ် ။ နေ့ခြင်းပြီးတယ် ကံကောင်းရင် ထမင်းစားချိန်အမှီ ၊ သိပ်ကံဆိုးရင် နောက်တရက် ဒါပဲ ။

အဲဒီ ရှယ်ပွဲစားက ဘယ်လောက်ပိုင်သလဲဆိုရင် အချက်အလက်အားလုံးအမှန် အပြည့်အစုံသမားဆိုရင် 350000 OK ၊ အခြား မှတ်ပုံတင် အိမ်ထောင်စု အလွှဲအမှားလား သူ့ဆီသွား ရစေရမယ် ကြေးကတော့ 800000 ပေါက်နေတယ် ငိုပြလို့ လျော့ရင်တော့မသိဘူး ။

ဒီလူ ဘယ်လောက်ပိုင်သလဲဆိုရင် ဘာအထောက်အထားမှ မပါလည်း ၁၀ သိန်းဆိုရင် ဖြစ်အောင်လုပ်ပေးနိူင်တယ်လို့ သတင်းကြီးနေတယ် ။

ရိုးသားတဲ့ တောသူတောင်သားတွေရဲ့ ချွေးနည်းစာလေးတွေကို မတန်မရာ ပေးနေရတာ ပက်စပို့စ်ရုံးက မရိုးသားတဲ့ ဝန်ထမ်းတွေနဲ့ (ရိုးသားသူများအားမဆိုလိုပါဘူး) ပြင်ပပွဲစားများ ပူးပေါင်း ဂုတ်သွေးစုတ်နေလို့ပဲ ဖြစ်ပါတယ် ။

ပက်စပို့စ်ရုံးလုံခြုံရေး အရာရှိ ရဲမှူးနာမည်က အောင်နိုင်ဦးတဲ့ ၊ ရုံးပေါက်ဝကနေ ဘယ်သူဝင် ဘယ်ဝါ ဝင်နဲ့ ဆူပူအော်ငေါက်ပြီး ပွဲစားနဲ့ ပေါင်းစားနေတာလို့ သိရပါတယ် ။

ရင်နာစရာကောင်းတာက အဲဒီ နာမည်ကြီးလူလည် ပက်စပို့စ် ပွဲစားက သန်း​​မြင့် ဆိုတဲ့ ကုလားဖြစ်နေတာပါပဲ ။ လူမျိုးခြားက ဝန်ထမ်းယုတ်တွေနဲ့ပေါင်းပြီး ရိုးသားတဲ့ တိုင်းရင်းသားတွေကို နေ့စဥ်ဂုတ်သွေးစုတ်နေတာ တနေ့ကို သိန်း ၅၀ လောက် ဝင်နေတယ်လို့ ကြားသိရပါတယ် ။

တာဝန်ကျရဲမှူး အောင်နိုင်ဦးက တရက် သိန်း ၁၀ဝ လောက်တောင် ဝင်ကြတယ်လို့ ကြားသိရပါတယ် ။ ဒါတွေဟာ မနေ့တနေ့ကမှ ကိုယ်တိုင်လုပ်လာတဲ့ အင်မတန်ယုံကြည်ရသော သိက္ခာရှိ လူပုဂ္ဂိုလ်ထံမှ သိခဲ့ရသော သတင်းမှန်များသာ ဖြစ်ပါတယ် ။

ဟုတ်မဟုတ်ဆိုတာကတော့ နစက လူကြီးမင်းများအနေနဲ့ ပက်စပို့စ်ရုံးလို သူသူငါငါ ဝင်ထွက်နေတဲ့ နေရာမှာ စုံစမ်းကြည့်ရင် အလွယ်တကူ သိနိုင်မှာဖြစ်ပါတယ် ။

ပြည်သူများအပေါ်၌ထားသော နစက ရဲ့ စေတနာကို ဥပေက္ခာပြုပြီး မိမိကိုယ်ကျိုး အတ္တသာကြည့်ပြီး ဂွင်ရှာ၍ ပြည်သူအပေါ် ပွဲစားများနဲ့ ပူးပေါင်းပြီး အကွက်ကျကျ ယုတ်မာစွာ ပြုကျင့်နေတဲ့ ပက်စပို့စ်ရုံးမှ အွန်လိုင်းပြန်ကြားရေးတာဝန်ခံနဲ့ လာဘ်စားနေသော ဝန်ထမ်းများအား နေ့ညမဆိုင်း အမြန်ဆုံးစီစစ် စစ်ဆေးနိုင်ပါရန် တင်ပြလိုက်ရပါတယ် ။

ကိုရွှေမျိုးဝင်း

(အပေါ်ဆုံးက အားထည့်ကျိုးစားနေသူကို အရှက်ကွဲအောင် လုပ်နိုင်တာ အနီးဆုံးက ကိုယ့်လူတွေဖြစ်နေတတ်တာ သတိရဖို့......)


နစက ရဲ့ စေတနာ နှင့်
=============
================