Get Mystery Box with random crypto!

ပေါ်လစီ ရေစီးထဲက အမှိုက်များ =================== အ | Thurein


ပေါ်လစီ ရေစီးထဲက အမှိုက်များ
===================

အခုရက်ပိုင်းမှာပဲ ဝန်ထမ်းတွေ သတ်ဖြတ်ခံရ ၊ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံရတဲ့ အရေအတွက်တွေ နဲ့ ဗုံးကွဲမှုတွေ ပြန်မြင့်လာပါတယ် ။

ယခင်ကာလများမှာ သတ်ဖြတ်ခံရမှုတွေက အများအားဖြင့် ပစ်မှတ်ထား သတ်မှတ်ကြပေမယ့် ယခုလတ်တလောကျတော့ အဲလို မဟုတ်တော့ပါဘူး ။

တွေ့ရာလူ သတ်လို့ရတဲ့သူ သတ်ဖြတ်နေတဲ့ အဆင့်ထိ တွေ့မြင်လာရပါပြီ ။ အဲဒါတွေရဲ့ ဇစ်မြစ်ကို ပြန်လေ့လာမယ်ဆိုရင်..

- ဌာနတွင်း ဖရဲသီး အလုံးကြီးအချို့ အရေးယူခံရခြင်း

(သူ့ကိုမှီပြီး စားပေါက်ချောင် အနေချောင်ခဲ့တဲ့ ဝန်ထမ်းအချို့ရဲ့ လက်ဆင့်ကမ်းသစ္စာဖောက်မှုများ)
{ ယင်းဌာနမှ ဝန်ထမ်းများအား တဦးချင်း လျှို့ဝှက် စစ်ဆေးခြင်းဖြင့် ဖရဲသီးကြီးရဲ့ အစွယ်အပွားများကို လွယ်လင့်တကူ ဖော်ထုတ်ဖယ်ရှားခြင်းဖြင့် ယင်းဌာနတွင်း အမှိုက်များကို သန့်စင်နိုင်ပါတယ် ၊ ဒီလိုမဟုတ်ပဲ အစည်းအဝေးခန်းမအတွင်း လူအများရှေ့ သတင်းပေးပါဆိုရင် အသက်အန္တရာယ်ကြောင့် ဘယ်ဝန်ထမ်းမှ ထပြောရဲမှာ မဟုတ်ပါဘူး}

- ဂျင်မီ နဲ့ ဇေယျာသော်တို့ကို သေဒဏ်အတည်ပြုပြီး စီရင်ရန် ဆောင်ရွက်မှုသတင်းသာ ထွက်လာပြီး လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်ရန်ပြုလုပ်နေစဥ် သတင်းပေါက်ကြားခြင်း

( မကျေနပ်၍ လက်စားချေရန်အကြမ်းဖက်ခြင်း နဲ့ မစီရင်နိုင်ရန် ခြိမ်းခြောက်ခြင်းဆိုတဲ့ ရည်ရွယ်ချက်များနဲ့ အရှိန်မြှင့်လုပ်ဆောင်နေတာပါ)

{စာအုပ်ကြီးထဲက လုပ်ထုံးလုပ်နည်းကို စာမျက်နှာကျော်သင့်က ကျော်ဖတ်လိုက်ပြီး လုပ်သင့်သည်ကို အမြန်ဆုံး လုပ်ပြခြင်းဖြင့် မလိုလားအပ်သော ပြည်ပမှ အချုပ်အခြာအား ကျူးကျော်စော်ကား စွတ်ဖက်မှုများနဲ့ ပြည်တွင်းက အကြမ်းဖက်များအတွက် နမူနာအဖြစ်လည်းကောင်း ၊ ဥပဒေဆိုတာ ဒါပဲလို ပြည်သူတွေ စိတ်ကျေနပ်စေရန်လည်းကောင်း စီရင်ပြသင့်ပါတယ် ။ အရေးပေါ်ကာလမှာ စာအုပ်ကြီးသမားဆိုတာ သုံးစားမရပါဘူး}

- ပညာရေး CDM ပြန်ဝင်တွေရဲ့ ပူးသတ်ပြဿနာတွေကလည်း ဘဝတူ Non CDM ရဲ့ လုံခြုံရေးကို တိုက်ရိုက်ထိပါးစေပါတယ် ။
နောင်ချိုမြို့ဗုံးကွဲခြင်း နဲ့ ဆရာမတွေ လမ်းခရီးမှာ အသတ်ခံနေရခြင်းသည် အတွင်းစည်းက သတင်းပေးကူညီနေကြလို့ပါပဲ ။

(ရိုးသားစွာ ပြန်ဝင်လာသူများရှိသကဲ့သို့ အကြံဆိုးနဲ့ ပြန်ဝင်လာတဲ့ ဆရာတွေလည်း သေချာပေါက် ပါလာမှာပါ )
{စာသင်ခန်းမှာ ပြောဆိုပြုမူပုံ ၊ သင်ကြားပုံတွေကို အကဲခတ်ခြင်းဖြင့် အလွယ်တကူခွဲခြားနိုင်ပါတယ် ၊ ဖာသယ်ကို အသွင်ယူဖမ်းပြနေသော ထောက်လှမ်းရေးဆိုင်ရာ အဖွဲ့အစည်းများ ကျောင်းသားအသွင် ဆရာ (နေရာပြောင်းအသစ်) အသွင်များနဲ့ စုံစမ်းရင် လွယ်လွယ်လေးနဲ့သိနိုင်ပါတယ်}

- နောက်ပြီး လက်နက်ချတဲ့ PDF တွေကို မိဘများထံ ပြန်အပ်နှံနေခြင်း

(အစောက CDM ပြန်ဝင်ထက် ပိုဆိုးနိုင်ပါတယ် ၊ နိုင်ငံရေးပိုးဝင်သွားပြီး ကိုယ်ပိုင်အသိဥာဏ်မရှိတဲ့ သူပုန်တွေကို ပြစ်မှုကျူးလွန်ခြင်းမရှိဘူးဆိုပြီး မိဘများထံ ပြန်အပ်တယ်ဆိုကာ နိုင်ငံရေးကစားပြနေတာ အင်မတန်အန္တရာယ်များပါတယ် ၊ စစ်တပ်ကို မကျေနပ်လို့ တောခို သူပုန်လုပ်ခဲ့တဲ့ တပ်မုန်းတီးရေးစိတ်ဓာတ်ဟာ ထမင်းငတ်ရုံနဲ့ မပြေပျောက်နိုင်ပါဘူး ၊ ထမင်းဝတာနဲ့ ပြန်ပေါ်လာမှာပါပဲ ၊ နိုင်ငံရေးမုန်းတီးမှုရန်ငြိုးဟာ ဘိန်းထက် ပိုဆိုးတာကို သတိပြုသင့်ပါတယ်)
{နောက်ထပ် PDF တွေ လက်နက်ချချင်လာအောင် မြူဆွယ်တဲ့ ဗျူဟာ ၊ အစိုးရသဘောထားကြီးကြောင်း ပြချင်တဲ့ ဗျူဟာမှန်းလည်း သိပါတယ် ။ သို့သော် အခြေအနေအချိန်အခါ အရ ယခုအပြုအမူသည် ထိတ်လန့်နေတဲ့ ပြည်သူများကြား မြွေပွေး မြွေဟောက် သေတ္တာမှောက်ချလိုက်သလို ဖြစ်နေတာကို သတိပြုသင့်ပါတယ် ။ အကောင်းဆုံးကတော့ လွတ်လပ်ကျယ်ဝန်းတဲ့ ခြံထဲမှာ ပုံစံ ၆၆ စာရင်းဝင် ဆွေမျိုးများနဲ့ လွတ်လပ်စွာ တွေ့ခွင့်ပြုပြီး စုပေါင်းအကျယ်ချုပ်သဘော သီးသန့်ခွဲထားသင့်ပါသေးတယ် ၊ တည်ငြိမ်ပြီဆိုမှသာ လွှတ်ပေးတာက သင့်တော်မယ်ထင်ပါတယ် }

- နောက်ဆုံးအချက်ကတော့ ခိုးဆိုးလုနှိုက်တွေကို လုံးဝ ဥပေက္ခာပြုထားမှု

(တိုင်းပြည်မတည်ငြိမ်ခြင်းရဲ့ လတ်တလော လက်သည်တွေဟာ ဒီကောင်တွေပါပဲ ။ အစိုးရရဲ့ အကြိမ်ကြိမ်လွှတ်ပေးနေတဲ့ လွတ်ငြိမ်းတွေကြောင့် အပြင်မှာ မရှိသင့်တဲ့ ခိုးဆိုးလုနှ်ိုက်တွေ အပြင်လောကမှာ သောင်းကျန်းနေတာ ဘယ်ခေတ်ကမှ မတွေ့နိုင်ခဲ့တဲ့ စကေးတွေပါပဲ ။ နစက အတွက် ရှက်တတ်ရင် သတ်သေသင့်တဲ့ အထိဆိုးဝါးလွန်းနေပါပြီ)

{ဖြေရှင်းဖို့ကတော့ ယခင်ပြစ်မှုဟောင်းရှိပြီး အလုပ်အကိုင်မရှိ သုံးဖြုံးနေတဲ့ သူခိုး ဂျပိုးအားလုံး ပြန်ဖမ်းပြီး ပင်လယ်ထဲက ကျွန်းတကျွန်းမှာ လုပ်အားခသတ်မှတ်ပြီး စိုက်ပျိုး​မြေဖော်ထုတ်ခိုင်းပါ ၊ ဖမ်းဆီးနိုင်ဖို့လည်း ပုံစံ ၆၆ နဲ့ တိုက်ဆိုင်ပြီး အဝင်အထွက်ပိတ်ဆို့ကာ ဧည့်စာရင်းစစ်ပါ ၊ အသက် ၁၄ နှစ်မှ ၄၀ နစ် အတွင်း ဆေးစစ်ပါ ။ မူးယစ်ဆေးသုံးရင် အထက်ပါ သူခိုးဂျပိုးတွေလို ဖမ်းပြီး ကျွန်းတွေမှာ အလုပ်လုပ်ခိုင်းပါ ဒါဆိုရင် တိုင်းပြည်အမြန်တည်ငြိမ်လာပါလိမ့်မယ်}

ယခု နိုင်ငံတော်ရဲ့ ပေါ်လစီများသည် တိုင်းပြည်အတွက် ရှေးရှုပြီး ချမှတ်ဆောင်ရွက်နေကြတာ မှန်ပါတယ် ။ ဒီပေါ်လစီတွေသည် တိုင်းပြည်တည်ငြိမ်နေချမ်းနေလျှင်ကား အင်မတန်သင့်တော် ကောင်းမွန်တဲ့ ပေါ်လစီများ ဖြစ်ပါတယ် ။